ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့ သည့် တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများမှ သတင်းရရှိပါက သတင်းပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့ သည့် တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူများမှ သတင်းရရှိပါက သတင်းပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊
ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့
သည့် တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး
ပြည်သူများမှ သတင်းရရှိပါက သတင်းပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊
ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆
ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့်
ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ
ရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်းသဖြင့် ပြစ်မှုကျူးလွန်သူအား
အရေးယူရန် ဗဟန်းမြို့မရဲစခန်း (ပ) ၆၄/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆
ဖြင့် အမှုဖွင့်၄၃၆ ဖြင့် အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်
လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ်
၅ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊အမျိုးသားတစ်ဦး၊
ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှုပ်ပန်းရောင်၊ ပလေကပ်လုံချည်
အပြာကွက်ကျဲ ဖြစ်ပါသည်။ ( ဓာတ်ပုံမှတ်တမ်းပူးတွဲပါ)
ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ပြည်သူများမှ
သတင်းရရှိပါက သတင်းပေးနိုင်ပါရန် နှင့် အောက်ပါ ဖုန်းနံပါတ်များသို့
ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ပူးတွဲဖော်ပြအသိပေးအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
၁၉၉ ၊ ‎၀၁-၂၃၂၃၁၉၉

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎၀၁-၈၆၁၀၆၈၂၊ ‎
၀၉-၅၂၄၁၄၄၉

အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၁-၃၈၆၆၉၄ ၊ ‎
၀၉- ၅၂၄၀၁၂၂
တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၅၆၂၁၀၄၂ ၊
၀၉- ၄၂၂၅၂၃၇၂၂
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၁-၆၄၅၈၂၃ ၊
၀၉- ၂၅၃၇၃၁၆၆၇
ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ‎
၀၁- ၅၄၅၅၉၅ ၊ ‎

၀၉ - ၄၀၂၇၅၂၇၃၅
ဗဟန်းမြို့မရဲစခန်း ‎
၀၁- ၅၅၄၆၃၀ ၊
၄၃၁၈၂၈၁၆
Thi Ha ၏ ဓာတ်ပုံ
Thi Ha ၏ ဓာတ်ပုံ
Thi Ha ၏ ဓာတ်ပုံ
Thi Ha ၏ ဓာတ်ပုံ

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork