ရခိုင္ျပည္နယ္ ေထြ/အုပ္႐ုံး လက္ေထာက္ညႊန္ၾကားေရးမွူး ဦးဘိုဘိုမင္းသိုက္ ေသဆုံးမွုမွ မသကၤာသူ ဦးေက်ာ္ျမင့္(ခ) ေက်ာ္ခိုင္အပါအဝင္ မိသားစုဝင္ ၄ ဦးအား ဖမ္းဆီးစစ္ေဆးမွု - MM-IT

MM-IT

မင်္ဂလာပါ

ေနာက္ဆံုးတင္ထားသမွ်

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

ေမတၱာရပ္ခံပါသည္

MM-IT နည္းပညာ မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္ခင္ဗ်ာ Popadဆိုတဲ့လင့္တက္လာပါက Backတစ္ခ်က္ႏိွပ္ေပးပါ 1clickmm ေပၚလာပါက ၅ စကၠန္႔ေစာင့္ၿပီးGet Linkဆိုတာေလးႏိွပ္ေပးျခင္းျဖင့္ျကည့္႐ႈ႕ႏိူင္ပါတယ္ link ကိုမေရာက္ပါကback key တစ္ခ်က္ႏိွပ္ေပးလိုက္ျခင္္းျဖင့္မူရင္းlinkသို႔ေရာက္ရိွသြားပါမည္ ေက်ဇူးအထူးပင္တင္ရိွပါတယ္...............

ရခိုင္ျပည္နယ္ ေထြ/အုပ္႐ုံး လက္ေထာက္ညႊန္ၾကားေရးမွူး ဦးဘိုဘိုမင္းသိုက္ ေသဆုံးမွုမွ မသကၤာသူ ဦးေက်ာ္ျမင့္(ခ) ေက်ာ္ခိုင္အပါအဝင္ မိသားစုဝင္ ၄ ဦးအား ဖမ္းဆီးစစ္ေဆးမွု



ရခိုင္ျပည္နယ္ ေထြ/အုပ္႐ုံး လက္ေထာက္ညႊန္ၾကားေရးမွူး ဦးဘိုဘိုမင္းသိုက္ ေသဆုံးမွုမွ မသကၤာသူ ဦးေက်ာ္ျမင့္(ခ) ေက်ာ္ခိုင္အပါအဝင္ မိသားစုဝင္ ၄ ဦးအား ဖမ္းဆီးစစ္ေဆးမွု

****************************************************************************

Ministry of Home Affairs, Myanmar ၏ ဓာတ္ပုံ


၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ၊ ၃၁ ရက္ေန႔၊ ၁၁၅၅ အခ်ိန္ မရမ္းကုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲမွူး စိုးေအာင္၊ မရမ္းကုန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူး ဒုရဲမွူး ေအာင္သန္းဝင္းတို႔ ဦးစီးအဖြဲ႕သည္ ပုဏၰားကၽြန္းၿမိဳ႕မရဲစခန္းမွူး (ပ)၁၃/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၄၄၀/ ၁၁၄ (ဇန္နဝါရီလ၊ ၃၀ ရက္ေန႔၊ ၁၈၀၀ အခ်ိန္ ပုဏၰားကၽြန္းၿမိဳ႕ ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာ ယိုးငူေက်းရြာႏွင့္ ေအာင္ျဖဴပင္ေက်းရြာၾကား သရက္ခ်ိဳေက်းရြာအနီး ရန္ကုန္-စစ္ေတြ ကားလမ္းမိုင္တိုင္ (၁၆၉/၀-၁)ၾကား၌ ရခိုင္ျပည္နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွူး႐ုံး လက္ေထာက္ညႊန္ၾကားေရးမွူး ဦးဘိုဘိုမင္းသိုက္ (၃၇)ႏွစ္ တြင္ ရင္ညြန္႔ထိုးသြင္း ဒဏ္ရာ ၁ ခ်က္၊ဝဲ/ယာ နို႔အုံေအာက္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္စီ၊ ဝဲ/ယာလက္ျပင္ ထိုးသြင္းဒဏ္ရာ ၁၂ ခ်က္ႏွင့္ ဝဲမ်က္ခုံးျပတ္ရွ ဒဏ္ရာ ၁ ခ်က္တို႔ျဖင့္ ေသဆုံးမွု) အမွုမွ မသကၤာသူ တိမ္ညိဳေက်းရြာ အုပ္ခ်ဳပ္ေရးမွူးေဟာင္း ဦးေက်ာ္ျမင့္(ခ) ခိုင္ေက်ာ္(၄၇)ႏွစ္ ၏ သားႀကီးျဖစ္သူ မင္းသန္းေဌး (ခ)မင္းသန္းထိုက္ (၂၀)ႏွစ္ တို႔အပါအဝင္ ၂ ဦးသည္ သားငယ္ျဖစ္သူ မင္းခ်စ္သူ(၁၅)ႏွစ္ ၉ တန္း ၾကဴစန္းရြာသစ္ မဂၤလာဒုံၿမိဳ႕နယ္ေနသူထံ လာေရာက္မည္ ျဖစ္ေၾကာင္း သတင္းအရ မရမ္းကုန္းၿမိဳ႕နယ္ (၈)မိုင္ မီးပြိဳင့္၌ မင္းသန္းေဌး(ခ) မင္းသန္းထိုက္အား 9C/xxxx Hilux Surf ယာဥ္ႏွင့္အတူ ဖမ္းဆီး ရမိခဲ့ပါသည္။
၀၇၄၅ အခ်ိန္တြင္ သံလ်င္ၿမိဳ႕နယ္ လက္ယက္စမ္းေက်းရြာအုပ္စု၊ ကြက္သစ္(၃)နယ္ေၿမ ေမတၱာဂုဏ္ေရာင္ သီလရွင္ေက်ာင္းတြင္ ဦးေက်ာ္ျမင့္(ခ) ခိုင္ေက်ာ္ ေရာက္ရွိေနေၾကာင္း သတင္းအရ ေတာင္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွူး ဒုရဲမွူးႀကီး ထြန္းေဖ ဦးစီးပူးေပါင္းအဖြဲ႕မွ သြားေရာက္ ဖမ္းဆီးရာ ဦးေက်ာ္ျမင့္(ခ) ခိုင္ေက်ာ္ႏွင့္ဇနီး ေဒၚၾကည္ၾကည္ဝင္း (၄၇)ႏွစ္ ႏွင့္ ေခၽြးမ မခိုင္ဇာလွိုင္(၂၀)ႏွစ္ (မင္းသန္းေဌး(ခ) မင္းသန္းထိုက္၏ ဇနီး) တို႔အား 5M/xxxx Honda Insight ယာဥ္ ၁ စီး၊ ေငြက်ပ္ ၇၅၀ သိန္းႏွင့္အတူ ဖမ္းဆီးရမိခဲ့ ၿပီး ဦးေက်ာ္ျမင့္(ခ) ခိုင္ေက်ာ္၊ မင္းသန္းေဌး(ခ) မင္းသန္းထိုက္၊ ေဒၚၾကည္ၾကည္ဝင္း၊ မခိုင္ဇာလွိုင္တို႔ ၄ ဦးအား စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
(Unicode Version)
ရခိုင်ပြည်နယ် ထွေ/အုပ်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် သေဆုံးမှု မှ မသင်္ကာသူ ဦးကျော်မြင့်(ခ) ကျော်ခိုင်အပါအဝင် မိသားစုဝင် ၄ ဦးအား ဖမ်းဆီး စစ်ဆေးမှု
*******************************************************************************************
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့၊ ၁၁၅၅ အချိန် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး စိုးအောင်၊ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်သန်းဝင်းတို့ ဦးစီးအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး (ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/ ၁၁၄ (ဇန်နဝါရီလ၊ ၃၀ ရက်နေ့၊ ၁၈၀၀ အချိန် ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ ယိုးငူကျေးရွာနှင့် အောင်ဖြူပင်ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင် (၁၆၉/၀-၁)ကြား၌ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် (၃၇)နှစ် တွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ဝဲ/ယာ နို့အုံအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲ/ယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံးပြတ်ရှ ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးမှု) အမှုမှ မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်(ခ) ခိုင်ကျော်(၄၇)နှစ် ၏ သားကြီးဖြစ်သူ မင်းသန်းဌေး (ခ)မင်းသန်းထိုက်(၂၀)နှစ် တို့အပါအဝင် ၂ ဦးသည် သားငယ်ဖြစ်သူ မင်းချစ်သူ(၁၅)နှစ် ၉ တန်း ကြူစန်းရွာသစ် မင်္ဂလာဒုံမြို့နယ်နေသူထံ လာရောက်မည်ဖြစ်ကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ် (၈)မိုင် မီးပွိုင့်၌ မင်းသန်းဌေး(ခ)မင်းသန်းထိုက်အား 9C/xxxx Hilux Surf ယာဉ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။
၀၇၄၅ အချိန်တွင် သံလျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ်(၃)နယ်မြေ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းတွင် ဦးကျော်မြင့်(ခ)ခိုင်ကျော် ရောက်ရှိနေကြောင်း သတင်းအရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းဖေ ဦးစီးပူးပေါင်းအဖွဲ့မှ သွားရောက် ဖမ်းဆီးရာ ဦးကျော်မြင့်(ခ) ခိုင်ကျော်နှင့်ဇနီး ဒေါ်ကြည်ကြည်ဝင်း(၄၇)နှစ် နှင့် ချွေးမ မခိုင်ဇာလှိုင်(၂၀)နှစ် (မင်းသန်းဌေး(ခ) မင်းသန်းထိုက်၏ ဇနီး) တို့အား 5M/xxxx Honda Insight ယာဉ် ၁ စီး၊ ငွေကျပ် ၇၅၀ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ ပြီး ဦးကျော်မြင့်(ခ) ခိုင်ကျော်၊ မင်းသန်းဌေး(ခ) မင်းသန်းထိုက်၊ ဒေါ်ကြည်ကြည်ဝင်း၊ မခိုင်ဇာလှိုင်တို့ ၄ ဦးအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

www.myanmarmoha.org

No comments:

Post a Comment

မန္ဘာ၀င္လို႕အားေပးၾကပါ

Related Posts Plugin for WordPress, Blogger...

ဒီေနရာမွာလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Post Bottom Ad

PopAds.net - The Best Popunder Adnetwork