၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု(၃၁၅)ရွက်ဖမ်းဆီးရမိ၍ အရေးယူထား - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............



၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု(၃၁၅)ရွက်ဖမ်းဆီးရမိ၍ အရေးယူထား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အစဲကျေးရွာနေ သန်းလှိုင်(၄၂)နှစ်သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူ(၃၁၅)ရွက်အား လာရောက်အပ်နှံခဲ့ရာ အတုများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဘဏ်မန်နေဂျာမှ ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက်အပ်နှံ ခဲ့၍ စစ်ဆေးရာ သန်းလှိုင် သည် ယောက္ခမဖြစ်သူ ဦးဘိုစန်း(၇၃)နှစ်မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ပေးဆပ်ရန်ရှိသော အကြွေးငွေအရင်းအတိုး(၃,၁၁၀,၅၅၀)ကျပ်အား အဆိုပါ ငွေစက္ကူအတု များဖြင့် လာရောက်ပေးဆပ်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် သန်းလှိုင် နှင့် ငွေစက္ကူအတုပြုလုပ်သူ(စိစစ်ဆဲ)တို့အား ကျောက်တန်းမြို့မရဲစခန်း(ပ)၃၇/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် ၏ ဓာတ်ပုံ

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork