Social Networkများကိုဆရာကျ​အောင်​အထာကျ​အောင်​သုံးနည်း - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

Social Networkများကိုဆရာကျ​အောင်​အထာကျ​အောင်​သုံးနည်း

နန္ဒာဘုန်းမြင့်
(၂၀၁၆ ဇန်နဝါရီလမှာ ရေးခဲ့တာ ဖြစ်ပြီး ဧရာဝတီ သတင်းဌာနကလည်း ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။)
Facebook ဆိုတာ Social Network ပါ
Social ဆိုတာ လူမှုရေးရာ Network ဆိုတာ ကွန်ရက် အသိုင်းအဝိုင်းဆိုတော့ Social Network ဆိုတာ ခပ်လွယ်လွယ်ပြောရရင်တော့ လူမှုကွန်ရက်ပါ။ ဒီလူမှုကွန်ရက် ပါဝင်ပြီဆိုရင်တော့ သူ့အရပ်သူ့ဇာတ် သူ့အထာလေးတွေရှိတယ်။
အဲ့ဒီ အထာလေးတွေကို အထာကျပြီဆိုမှ လူမှုကွန်ရက်ထဲကို ဝင်လာပါ။ မဟုတ်ရင်တော့ လူရယ်စရာ ဖြစ်ပြီး ဂွမ်းစိန် ဖြစ်ပါလိမ့်မယ်။
၁။ ပထမဆုံးက လူမှုကွန်ရက်လောကနဲ့ လက်တွေ့ဘဝကို ခွဲခြားထားပါ
ဘာလို့လဲဆိုတော့ လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ဖြစ်ပေမဲ့ လူမှုကွန်ရက်မှာ လူလတ်ပိုင်းလုပ်လို့ရတယ်။
အပြန်အလှန်ပဲ လူကြီးပိုင်းအရွယ် ဖြစ်ပေမဲ့ လူငယ် လူလတ်ကြိုက်တဲ့ဘဝကို ရွေးလို့ရတယ်။
လက်တွေ့မှာ အလုပ်အကိုင် မရှိသော်လည်း လူမှုကွန်ရက်မှာ ရာထူးကြီးကြီး ယူထားလို့ရတယ်။
ဆိုလိုချင်တာကတော့ လူမှုကွန်ရက်ကို ရောက်လာတဲ့လူ အားလုံးဟာ တန်းတူအခွင့်အရေးရှိတယ်။
လူငယ် လူလတ် လူကြီး ဆင်းရဲ ချမ်းသာ အလုပ်မရှိ ရာထူးကြီး ဘာညာ သာရကာ ဘာမှမရှိဘူး။ လူမှုကွန်ရက်ရဲ့အထာမသိဘဲ လာဖြဲရင် ဂွမ်းစိန်ဖြစ်မယ် ဒါပဲ။
၂။ ကိုယ့်ရဲ့လူမှုကွန်ရက်မိတ်ဆွေကို အရင်ရွေးပါ
ကိုယ့်မိတ်ဆွေတွေဟာ လူမှုကွန်ရက်က သတင်းစုံကို အချိန်နဲ့အမျှ သတင်းဖြန့်ချိသူ ဖြစ်ဖို့လိုပါတယ်။
ဒါမှ ဒီနေ့ ဘာသတင်းထူးလဲဆိုတာ ကိုယ်က အစောဆုံးသိမှာပါ။ ဥပမာ- အဖုကိစ္စ၊ ပြက္ခဒိန်တို့လိုပေါ့။
လက်တွေ့ဘဝက ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ပဲဆိုရင် ဝါးလုံးခေါင်းထဲ လသာနေသလို ဖြစ်နေမှာပါ။
အဲ့ဒီတော့ လူမှုကွန်ရက်မှာ ဆယ်လီဖြစ်နေတဲ့ သူတွေကို following လုပ်ထားပါ၊ ဒါမဟုတ် ဆယ်လီဖြစ်နေတဲ့ Page တွေကို like လုပ်ထားပါ။ ဒါမှသာ လူမှုကွန်ရက်ရဲ့ အထာကို အမြန်ဆုံးနားလည်မှာပါ။
၃။ အထာညက်အောင် လေ့လာပါ
လူမှုကွန်ရက်ရဲ့ အထာညက်ဖို့က လေ့လာသင်ယူရတာပါပဲ။
အဲ့လိုမှ မလေ့လာရင် ထပ်ပြီးဂွမ်းစိန်ဖို့က သေချာနေပါပြီ။ လေ့လာနည်းက အလွယ်လေးပါ။
ဆဲတာလေ့လာချင်ရင် နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်တဲ့ ပို့စ်က comment တွေ ဖတ်လိုက်ရင်ရပါတယ်။
အပြောင်အပျက်တွေ လေ့လာချင်ရင် ရယ်စရာတို့ ဟာသကမ္ဘာတို့က comment တွေဖတ်ရင် ရပါတယ်။
အလွယ်ဆုံးက လူမှုကွန်ရက်က ဆယ်လီတွေရဲ့ ပို့စ်က comment ကိုဖတ်ရင် ဆဲတာရော ပြောင်တာရော အားလုံးသင်ပြီးသား ဖြစ်ပါတယ်။
၎။ အထာကျဖို့ လေ့ကျင့်ပါ
ပွဲမဝင်ခင် အပြင်မှာ လေ့ကျင့်ရပါတယ်။ လေ့ကျင်တာကတော့ မခက်ခဲပါဘူး။ သူများတွေလို like လုပ်ကြည့်မယ်၊ comment ရေးမယ်၊ share လုပ်မယ်၊ ဒါပါပဲ။ လွယ်မယ်လို့ထင်ရပေမဲ့ လူမှုကွန်ရက်ရဲ့ အထာမကျရင် ဂွမ်းစိန်ဖြစ်နိုင်မို့ လေ့ကျင့်သားပြည့်ဖို့ လိုပါတယ်။ ဒီအဆင့်ဟာ လူမှုကွန်ရက်ရဲ့ နက်နဲတဲ့အပိုင်းလို့ ဆိုရမှာပါ။
like လုပ်တာက သူများတင်တဲ့ပို့စ်ကို အားပေးတာ၊ သဘောကျတယ်လို့ လွယ်လွယ်နဲ့ အသိပေးတာ၊ comment ကတော့ ကိုယ်ရဲ့ရပ်တည်ချက်ကို တရားဝင် အသိပေးတာ၊ ဒီနေရာမှာ comment ရဲ့ အထာတွေနှပ်ဖို့လိုပါတယ်။ သူများက ပြောင်တာလား၊ နောက်တာလား သိရပါတယ်။ အများဆုံးသုံးတဲ့ stiker အကြောင်းလည်း သိထားဖို့ လိုသလို လူမှုကွန်ရက်ရဲ့ စကားလုံး ဝေါဟာရတွေကိုလည်း လေ့လာရပါမယ်။
stiker ကတော့ smile emoticon ဒါဆိုရင် အတည်အခန့် ပြောတဲ့နေရာမှာ သုံးပါတယ်၊ tongue emoticon ဒါဆိုရင် နောက်ပြောင်တဲ့ နေရာမှာသုံးပါတယ်၊ grin emoticon ဒါဆိုတော့ လှောင်တာပါ၊ unsure emoticon ဆိုရင် ရွဲ့တာ ငေါ့တာ ထေ့တာ၊ like emoticon ဆိုရင် ကြိုက်တယ် like တယ် စသဖြင့်ပေါ့။
ဝေါဟာရတွေမှာလည်း ခေး၊ ကွီး၊ ညေး၊ စမီး၊ ဘွ၊ အာ့၊ ကွကိုယ်၊ နိုးမ စသဖြင့် အများကြီးရှိပါတယ်။ လေ့လာရင်တော့ မကုန်နိုင်ပါဘူး။ comment ကတော့ အပေါ်က ပို့စ်တင်တဲ့ အကြောင်းအရာနဲ့ သက်ဆိုင်ပြီး reply ကတော့ comment ရေးထားတဲ့လူနဲ့ သက်ဆိုင်တာပါ။ အဲဒီ အထာတွေ မကျရင်တော့ အဂွမ်းတကာ့ အဂွမ်းစိန်ဖြစ်မှာပါ။ ဒါကြောင့် များများလေ့ကျင့်ပါမှဖြစ်မှာပါ။ share ကတော့ ကိုယ်ကြိုက်တာ မကြိုက်တာကို ကိုယ့်ရဲ့သဘောထား ရပ်တည်ချက်ကို ပြသတဲ့ အထာပါ။
၅။ လက်တွေ့ဘဝ ထဲကိုခေါ်မလာပါနဲ့
ဒါကအရေးကြီးတဲ့ အချက်ပါ။ လူမှုကွန်ရက်ဟာ သီခြားဘဝပါ။ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် ကွိုင်ပူးတတ်ပါတယ်။ ပျော်စရာရှိရင်၊ ရယ်စရာရှိရင်၊ လူမှုကွန်ရက်ပေါ်မှာပဲ ရယ်လိုက်၊ ပျော်လိုက်ပါ။ စိတ်ဆိုးဒေါသထွက်ရင်လည်း ထိုနည်တူပါပဲ။ လူမှုကွန်ရက်ပေါ်က emotion တွေ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် လွတ်ကြောင်ဖြစ်တာမို့ အထူးသတိထားရမှာ။
၆။ အရည်ထူဖို့ ကြိုးစားပါ
လူမှုကွန်ရက်ကို စတင်သုံးစွဲပြီဆိုတာနဲ့ အရည်ထူဖို့ ကြိုးစားပါ။ ချီးမွမ်းတာ ကဲ့ရဲ့တာ သရော်တာ လှောင်ပြောင်တာ အားလုံးကို ခံနိုင်ရည် ရှိဖို့လိုပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကဲ့သို့ ကျင့်ကြံနေထိုင်နိုင်အောင် ကြိုးစားရမယ်။
၇။ ကျော်တတ် လှော်တတ်အောင် နေထိုင်ပါ
လူမှုကွန်ရက်မှာ အလွှာစုံက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လူမှုကွန်ရက်ကို သုံးစွဲနေသူတွေ အများကြီးပါ။ တင်သမျှပို့စ်တွေဟာ အမှန်တွေလည်း ဖြစ်နိုင်သလို ယောင်ရွှီးတွေလည်း အများကြီးပါ။ ယောင်ရွှီးတွေကို ကျော်နိုင်ရမှာ ဖြစ်သလို ကိုယ့်ကိုလာပြီ စနိုက်လုပ်ရင်လည်း လှော်တတ်ဖို့လည်း လိုပါတယ်။ ကျော်တတ် လှော်တတ်ပါမှ ရေတိမ်မနစ်မှာပါ။
လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ အထာလေးတွေ မျှဝေတာမို့ ဆြာကျတယ်လို့ မမှတ်ယူဖို့ တောင်းဆိုပါတယ်။ လူမှုကွန်ရက်မှာ အထာကျကျနဲ့ ဆြာကျနိုင်ကြပါစေ။
မှတ်မိ သတိရသမျှ အထာလေးတွေမျှဝေတာမို့ လိုအပ်တာရှိရင်ဆောရီးပါ။
Credit-မူရင်း


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork