မျက်​ခွံလှုပ်​ခြင်းအ​ကြောင်း - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

မျက်​ခွံလှုပ်​ခြင်းအ​ကြောင်း

Eye twitching မျက်ခွံလှုတ်ခြင်း

မျက်ခွံလှုတ်တာဟာ ဆက်တိုက်လှုတ်နေတာဖြစ်ပေမဲ့ ဆေးပညာမှာ Benign လို့ သတ်မှတ်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။ ကျန်းမာရေး နောက်ခံတခုခုကနေတော့ ဖြစ်နိုင်တယ်။ ခက်တာက ပျောက်အောင်ကုဘို့ခက်တာဖြစ်နေတယ်။
– Stress စိတ်ဖိအားများနေခြင်း၊
– Tiredness မောပန်းနေခြင်း၊
– Eye strain မျက်စိအသုံးပြုတာများသွားခြင်း၊ (Computer eye strain ရေးထားပါတယ်။)
– Caffeine (ကေဖင်း) ပါတာ သောက်ခြင်း၊
– Alcohol အရက်၊
– Dry eyes မျက်စိခြောက်သွေ့နေခြင်း၊ (Antihistamines, Antidepressants ဆေးတွေကြောင့်လဲ ခြောက်နိုင်တယ်။ မျက်စိခြောက်တာအတွက် မျက်စဉ်းတွေလဲရေးထားတယ်။)
– Allergies (အလာဂျီ) ဖြစ်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ (ရေးထားပါတယ်။)
– Mmagnesium (မက်ဂနီဆီယမ်) ဓါတ်နည်းနေရင်လဲဖြစ်နိုင်တယ်။ အားဆေးဆိုတာထဲမှာ ဒီဓါတ်ပါတာကို ရွေးသောက်နိုင်တယ်။
အမျိုးအစား (၃) ခုခွဲတယ်။
၁။ Minor eyelid twitch သာမန်၊
၂။ Benign essential blepharospasm အလတ်စား နဲ့
၃။ Hemifacial spasm ခေါ်တဲ့အာရုံကြောရောဂါဖြစ်တယ်။
Minor eyelid twitch သာမန်လေးဖြစ်တာက Conjunctiva မျက်စိအတွင်းခံကိုဖုံးနေတဲ့ အလွှာပါးလေးဖြစ်ဖြစ် Cornea မျက်ကြည်လွှာဖြစ်ဖြစ်ကို နေမထိသလို ကလိတာတခုခုဖြစ်နေတာကြောင့်ဖြစ်တတ်တယ်။ များသောအားဖြင့် ဘာလို့လဲ ရှာမရဘူး။
Benign essential blepharospasm အမျိုးအစားက အသက်ကြီးလာရင် ပိုဆိုးလာတတ်တယ်။ အမေရိကားမှာ လူ ၂ သောင်းကနေ ၅ သောင်းအထိဖြစ်နေတယ်။ ဆိုးတဲ့ရောဂါတော့ မဟုတ်ပါ။ အားယုတ်တာ၊ စိတ်ဖိအားများတာ၊ အလင်းရောာင်၊ နေ၊ လေ စတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်တယ်။ တိုးလာတာနဲ့ နေရောင်ကို မရင်လိုမခံနိုင်ဖြစ်လာတယ်။ မျက်စိကြည့်ရတာလဲ မကောင်းတော့ဘူး။ သုတေသနလုပ်သူတချို့က မျိဲးရိုးနဲ့ ပါတ်ဝန်းကျင်ကိုထင်ကြတယ်။
Hemifacial spasm ဆိုတာက ရှားတယ်။ ဖြစ်ရင် မျက်ခွံကြွက်သားသာမကဖြစ်တယ်။ ပါးစပ်နေရာမှာလဲ လှုတ်တယ်။ မျက်နှာတဖက်သပ်ဖြစ်တယ်။ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိမိနေလို့ ဖြစ်ရတယ်။
ဘယ်လိုကုသမလဲ
သာမန်အမျိုးအစားအတွက် ဖြစ်တာ ဘာလို့မသိတော့ ကုသရတာလဲ တိတိကျကျမရှိဘူး။ များသောအားဖြင့် အလိုလို ပျောက်မယ်။ အလုပ်နားလိုက်တာ၊ မျက်စိအသုံးချတာ နားလိုက်တာ၊ အရက်၊ ကော်ဖီသောက်တာနားဘို့လိုသူတွေက နားရမယ်။ အိပ်ပျော်နေတုံးမှာ မလှုတ်တာမို့ အနားယူဘို့လိုမယ်ဆိုတာကို ပြနေတယ်။ မျက်စိခြောက်တာလို့ထင်ရင် Artificial tears မျက်ရည်တုမျက်စဉ်းသုံးပါ။
Benign essential blepharospasm ကိုကုသနည်းလဲ သတ်သတ်မှတ်မှတ်မရှိသေးပါ။ Botulinum toxin (Botox or Xeomin) ဆေးထိုးနိုင်တယ်။ အမှန်က Hemifacial spasm အတွက်ဆိုရင် ဒီနည်းကိုသေခြာသုံးရတယ်။ Clonazepam, Lorazepam, Trihexyphenidyl ဆေးတွေကိုလဲ သုံးကြတယ်။ ရေတိုအတွက်သက်သာစေတယ်။ ၁၅% သာ ကောင်းတာ တွေ့ရတယ်။
တခြားကုသနည်းတွေအဖြစ် –
– Biofeedback စက်ကရိယာနည်း၊
– Acupuncture အပ်စိုက်နည်း၊
– Hypnosis အိပ်မွေ့ချနည်း၊
– Nutrition therapy တွေရှိတယ်။ ဆေးပညာအရ ထောက်ခံချက် တိတိကျကျမပေးနိုင်ပါ။
ဘယ်နည်းနဲ့မှ မရရင်တော့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ Blepharospasm ဖြစ်တာကို Myectomy ခွဲစိတ်နည်း လုပ်ပေးရင် ၇၅-၈၅% ကောင်းကြတယ်။ လှုတ်စေတဲ့ အာရုံကြောကိုဖြတ်ပေးတာဖြစ်တယ်။ Hemifacial spasm ဖြစ်နေသူတွေကိုလဲ Neurosurgical procedure ခွဲစိတ်နည်းနဲ့ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိနေတာ သက်သာအောင်လုပ်တယ်။ ဒါပေမဲ့ ဘေးထွက် ဆက်ဖြစ်လာမှာတွေကို သတိထားရတယ်။
Credit- 
ဒေါက်တာတင့်ဆွေ



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork