မိတ်​​ဆွေသူငယ်​ချင်း​ကောင်းဟူသည်​ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

မိတ်​​ဆွေသူငယ်​ချင်း​ကောင်းဟူသည်




ညနေတခုမှာ ဆိတ်ကလေးဟာ တစ်ကောင်တည်း တောင်ကုန်းလေးပေါ် ဆော့နေတယ်။ ရုတ်တရက် သစ်ပင်ခြုံကြားထဲက ၀ံပုလွေတစ်ကောင် ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်ငယ်က လန့်ခုန်ပြီး ခြေထောက်နဲ့ အသားကုန်ကန်တယ် .. အသံကျယ်နဲ့ အော်ပြီး သူငယ်ချင်းတွေကို အကူအညီ လှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ၀ံပုလွေကို မြင်တော့ ပြေးပါလေရော ..

မြင်းက ခေါင်းငုံပြီးတချက်ကြည့်တယ် .. ၀ံပုလွေကို မြင်တော့ ၀ှစ်ကနဲ ပြေးတယ်။

မြည်းက သွားနေရင်းက ရပ်သွားတယ် .. ဒါပေမဲ့ ၀ံပုလွေကို မြင်တာနဲ့ တောင်အောက် ဆင်းပြေးတယ်။

ဝက်က ဖြတ်သွားရင်း ၀ံပုလွေကို မြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

ယုန်ငယ်က အသံကြားတာနဲ့ မြှားပြစ်သလိုကို ပြေးတာ။

တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံ ကြားတော့ ကမန်းကတန်း တောင်ပေါ်ကို ပြေးတက်ပြီး ခြုံပုတ်တွေထဲကနေ ဖြတ်ပြီး ၀ံပုလွေရဲ့ လည်မြိုကို ခဲပစ်လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေး မာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ အားလုံး ရောက်လာတယ်။

နွားက… 
"နင်ကဘာလို့ ငါ့ကို မခေါ်တာလဲ? ငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့"

မြင်းက… 
"နင်က ဘာလို့ငါ့ကိုမပြောလဲ? ငါ သူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့"

မြည်းက… 
"နင်သာငါ့ကိုပြောရင် ငါ့အော်သံနဲ့ကို သူလန့်ပြေးမှာ"

ဝက်က… 
"နင်ငါ့ကိုခေါ်ရောပေါ့ .. ငါ တစ်ချက်ပက်လိုက်ရင် သူ တောင်ပေါ်ကတောင် ပြုတ်ကျသွားမယ်"

ယုန်ကလည်း 
"နင်ငါ့ကိုခေါ်လိုက်ရင် ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့"

အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါ။

*****************************************************

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေ သုံးနေစရာမလိုပါ! တကယ် လိုအပ်ချိန်မှာ မင်းကို လက်လှမ်းကူညီတဲ့သူပါပဲ!

မင်းနားမှာ တနေကုန် ၀ိုင်းဝိုင်းလည်နေတဲ့ သူငယ်ချင်းတွေ၊ မင်းကို ခင်သလိုလို လုပ်နေတဲ့ သူငယ်ချင်းတွေက သူငယ်ချင်း အစစ် ဟုတ်မဟုတ်မသေချာပါ!

တစ်ခါတလေ အဝေးမှာရှိနေပေမဲ့၊ မင်းကို ကပ်ဖား မြှောက်ပင့်နေတာ မဟုတ်ပေမဲ့
မင်း တကယ် လိုအပ်နေချိန်မှာ၊ အပိုမပြောပဲ ကူညီတဲ့၊ ဂရုစိုက်တတ်တဲ့ သူကမှ တကယ့် မိတ်ဆွေစစ် သူငယ်ချင်းစစ်စစ်ပါပဲ!💞

👉🏻၁နှစ်ကြာခင်ဖို့ဆိုတာ မလွယ်ပါဘူး

👉🏻၂နှစ်ထိခံရင်တော့ တန်ဖိုးထားသင့်ပါပြီ

👉🏻၃နှစ်ထိ အခင်မပျက်ရင် အံဘွယ်လို့ကို ဆိုရမှာပဲ

👉🏻၅နှစ်ထိ ခင်မင်နေသေးရင်တော့ အတွင်းသိအစင်းသိ ဖြစ်ပြီ

👉🏻၆နှစ်ကျော်ထိ ခင်မင်နေရင် အမှတ်တရ သတိရနေတဲ့သူ

👉🏻 ၁၀နှစ်တာကြာ ခင်မင်မပျက်ရင် ဘ၀ထဲထိ ၀င်ရောက်နေသူ

👉🏻၁၂နှစ်ကြာအောင် ခင်မင်နေသေးရင်တော့ အမျိုးတပိုင်းတောင် ဖြစ်နေပါပြီတဲ့

အပြောင်းလဲများတဲ့ ခုလိုခေတ်ကြီးမှာ၊ အနီးနားက သူငယ်ချင်းတွေကို တန်ဖိုးထားပါ၊၊

နားလည်မှု ပိုပေးပါ၊ တွက်ကပ်တာတွေ လျော့ပါ၊

ကိုယ့်အပေါ် ကောင်းတဲ့ သူကို မေ့မပြစ်ပါနဲ့။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုပြုလျှက်..

#Cd_unknown


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork