ကားလက်မှတ်ပြဿနာ ဘယ်သူ့ကိုအဖေခေါ်ရမလဲ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ကားလက်မှတ်ပြဿနာ ဘယ်သူ့ကိုအဖေခေါ်ရမလဲ





ဇာတိမြေကို လွမ်းသောစိတ်က တရွရွတက်နေသည်မှာ မတ်လကို စတင်ဖွင့်လှစ်လိုက်စဉ်ကတည်းက ဖြစ်သည်။စိတ်ကို အလုပ်ထဲနစ်နေအောင် ချွန်းအုပ်နေသည့်ကြား လွတ်ထွက်သွားသည့် အကြိမ်ရေက နည်းမည်မထင်။သက်သောင့်သက်သာရှိသော အချိန်များတွင်ဆို သင်္ကြန်မှာ အိမ်ပြန်မယ်ဆိုသည့် အတွေးက ထိန်းမနိုင်သိမ်းမရ။ 

ကျွန်တော်တစ်ဦးတည်း အရူးထနေခြင်းတော့ မဟုတ်။ဇာတိနှင့်ဝေးနေသော ကျွန်တော့်လုပ်ဖော်ကိုငဘက်များသည်လည်း ကျွန်တော့်လို သင်္ကြန်အိမ်အပြန် အတွေးများဖြင့် နွေဦးမှာတိုက်သော လေရူးများလို ဖြစ်လို့နေသည်။

သူတို့တင်လားဆိုတော့လည်း ဘယ်ဟုတ်မလဲ။အကြောင်းကြောင်းသောအကြောင်းကြောင်းတွေကြောင့် ဇာတိကိုစွန့်ကာ ပူလောင်ခြင်းကြီးလှသောရန်ကုန်တွင် ၀မ်းတစ်ထွာအတွက် ရောက်ရှိရုန်းကန်နေကြသော ပရိသတ်များမှာ ရန်ကုန်မြို့ လူဦးရေ၏ တစ်ဝက်မကပင် ရှိနေမလားမသိ။သူတို့သည်လည်း ကျွန်တော်တို့လို သင်္ကြန်နှင့် အိမ်အပြန်သာ လွန်းထိုးနေမည်က သေချာ၏။

ပြန်တာတော့ ဟုတ်ပြီ။ဘယ်လိုပြန်မလဲဆိုတာက ရှိသေးသည်။သင်္ကြန်နားနီးကာလ ဘယ်လိုပြန်မလဲဆိုတာက သာမန်ပြည်သူများအတွက် တော်တော့်ကို ယောက်ယက်ခတ်ရသော ကိစ္စဖြစ်သည်။ပိတ်ရက်ရှည်ဆိုလို့ သင်္ကြန်တစ်ခုတည်းသာရှိ၊ ဇာတိပြန် လူဦးရေကလည်း သောက်သောက်လဲများလှသမို့ လက်မှတ်ခသက်သာသော ရထားဆို လူတွေက ကြိတ်ကြိတ်တိုး။မနက်စောစောထ အလုအယက်တိုးဝှေ့တာတောင် ထိုင်ခုံလက်မှတ် ရ၊ မရ က မသေချာ။ထို့ကြောင့် တန်းစီဒုက္ခကင်းသော အဝေးပြေးကားကို အဓိကအားကိုးရသလို စိတ်အနှောက်အယှက်လည်း ဖြစ်ရသည်။

စိတ်အနှောက်အယှက် ဖြစ်ရခြင်းကတော့ သင်္ကြန်နားနီးကာလ ယာဉ်လိုင်းအချို့၏ ယာဉ်စီးခမှာ ပုံမှန်ဈေးနှုန်းထက် မြင့်တက်နေသောကြောင့် ဖြစ်သည်။တချို့ယာဉ်လိုင်းတို့၏ ဈေးနှုန်းက ခပ်ပါးပါးတက်သည်။ခပ်ပါးပါးဆိုတော့ သိပ်ပြဿနာမရှိ၊ ယာဉ်လိုင်းအချို့ကတော့ အ၀စားရည်ရွယ်ချက်ဖြင့် နှစ်ဆနီးပါး တက်သည်။ကိုယ်ပိုင်ကားမရှိသဖြင့်လိုင်းကားစီးရသော ဘ၀များအတွက် ထိုက်သင့်တန်ဘိုးထက် ဘာကိုမှပိုမပေးနိုင်သော ဘ၀များအတွက် နင့်ခနဲ ဖြစ်ရသည်။သို့သော်၊ ဇာတိပြန်ချင်စိတ်ကလည်း ဒီတက်နေသဖြင့် မတတ်နိုင်။

ဈေးကွက်စီးပွားရေးသဘောအရ ပုဂလိကပိုင်ယာဉ်များအနေနှင့် ကိုယ့်ဘာသာကြိုက်သလောက် ဈေးတက်ခွင့်ရှိသည်ဟု ဆင်ခြေပေးသူအချို့ ရှိသော်လည်း အဝေးပြေးယာဉ်လိုင်းများ အားလုံးမှာ ယခင်က မထသ၊ ယခု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိသည်။ယင်းစီမံခန့်ခွဲမှုနှစ်ဖွဲ့စလုံးမှာ အစိုးရကွပ်ကဲမှုဖြင့် ဖွဲ့စည်းထားသောအဖွဲ့များ ဖြစ်ခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများအားလုံးမှာ အစိုးရစီမံခန့်ခွဲမှုအောက်တွင် ရှိသည့်သဘောဖြစ်သည်။ဆိုလိုတာက အဝေးပြေးယာဉ်လိုင်းများမှာ ပုဂ္ဂလိကပိုင်များ ဖြစ်သော်လည်း ကိုယ့်ဘာသာ ဈေးတက်ချင်သလိုတက်မည်ဟူ၍ ငါတကောကောလို့ မရပေ။

သို့သော်၊ သင်္ကြန်နားနီးကာလတွင် ထုံးစံမပျက် လက်မှတ်ဈေးနှုန်းက တက်မြဲဖြစ်သည်။မထသ တစ်သက် နှစ်ပရိစ္ဆေဒကြာ လက်မှတ်ဈေးတက်ခဲ့သည်။ယာဉ်လိုင်းများကို ဘယ်လိုမှ ထိန်းမနိုင်လို့လား၊ မထသကပဲ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့လား။မထိန်းချင်လို့ တမင်ဘဲ မသိချင်ယောင်ဆောင်နေခဲ့တာလား။အထက်ပါမေးခွန်း၏အဖြေကို မထသ၏ နောက်ဆုံးနှစ် ၂၀၁၅ ခုနှစ်သင်္ကြန်တွင် မထသကိုယ်တိုင်ပင် အဖြေထုတ်ပေးခဲ့ သည်။

သင်္ကြန်မှာ အိမ်ပြန်ကြသူများ မှတ်မိကြဦးမည်ဟု ထင်၏။၂၀၁၅ ခုနှစ် သင်္ကြန်မတိုင်မီ မတ်လတွင် မထသ (အဝေးပြေး) က လက်မှတ်ခ လုံးဝဈေးမတင်ရန်နှင့် ဈေးတင်ပါက ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်းများအားလုံးကို အသိပေးခဲ့သည်။ထို့ပြင် ခရီးသည်များအနေနှင့် လက်မှတ်ခဈေးပိုပေးရပါက မထသ (အဝေးပြေး) သို့ လာတိုင်လျှင် ပိုပေးရငွေကို မထသအနေနှင့် ချက်ချင်း စိုက်ရှင်းပေးမည်ဟုလည်း ထုတ်ပြန်လိုက်သည်။

ယာဉ်လိုင်းအချို့က မထသ၏ အစဉ်အလာအတိုင်း လူကြားကောင်းရုံ ကြေညာချက်ထုတ်သည်ဟု ယူဆလို့လားတော့ မသိ၊ ထုံးစံမပျက် လက်မှတ်ဈေးတင်ရောင်းသည်။ခရီးသွားများက မထသ (အဝေးပြေး) သို့ သွားတိုင်သည်။မထသကလည်း ကြေညာချက်အတိုင်း လက်မှတ်ခ မူရင်းဈေးနှုန်းထက် ပိုပေးရငွေကို ချက်ချင်းစိုက်ရှင်းပေးသည်။(ဈေးတင်သော ယာဉ်လိုင်းများထံမှ စိုက်ရှင်းငွေ ပြန်တောင်းသည့်အပြင် သတ်မှတ်ဒဏ်ကြေးလည်း တောင်းခံသည်ဟု သိရသည်။)

ယင်းသို့ မထသ၏ ကောင်းမွန်လှသော အစီအစဉ်အရ ၂၀၁၅ ခုနှစ်သင်္ကြန်နားနီးကာလတွင် လက်မှတ်ခဈေးတင်ရောင်းချမှု သိသိသာသာလျော့ကျခဲ့သလို ဈေးကြီးမိပြီး မထသသို့ သွားတိုင်သော ခရီးသည်များအားလုံးသည်လည်း ပိုပေးရငွေ ပြန်ရသဖြင့် ဇာတိပြန် ပြည်သူများအတွက် ၀မ်းမြောက်ဖွယ်ရာ အိမ်အပြန်ခရီးဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ ခုနှစ်မတိုင်မီ နှစ်အဆက်ဆက် သင်္ကြန်နားနီးကာလ လက်မှတ်ခဈေးတက်ခြင်းမှာ ယာဉ်လိုင်းများကိုမထိန်းနိုင်ခြင်းကြောင့်လည်း မဟုတ် ၊စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်လည်း မဟုတ်၊ မထိန်းချင်လို့ တမင်မသိချင်ယောင်ဆောင်နေခြင်းကြောင့်သာဖြစ်ကြောင်း ပေါ်လွင်စေပါသည်။မသိချင်ယောင်ဆောင်ခြင်းတွင် မသိချင်ယောင်ဆောင်ခ မြိုးမြိုးမြက်မြက် ရ၊ မရ ဆိုတာကတော့ ကာယကံရှင်များသာ အသိဆုံးဖြစ်ပါမည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် မထသ ဇာတ်သိမ်းခဲ့သည်။မထသနေရာတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ဟူ၍ ဖွဲ့စည်းလိုက်သည်။အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်းများကို YRTA (အဝေးပြေး) က ကြီးကြပ်ကွပ်ကဲသည်။

YRTA စတင်ဖွဲ့စည်းခါစ ၂ လကျော် ၃ လခန့်အကြာ၂၀၁၆ ခုနှစ်သင်္ကြန်ကိုထားတော့။အခုမှစတင်ကိုင်တွယ်ခါစအချိန်မို့ အဝေးပြေးယာဉ်လိုင်းများကိုကိုင်တွယ်ရန် မလွယ်ကူသေးဆိုသည်မှာ ဆင်ခြေပေးခြင်းမဟုတ်ဟု အားလုံးက လက်ခံနိုင်သည်။၂၀၁၆ ခုနှစ် သင်္ကြန်နားနီးကာလ အဝေးပြေးယာဉ်စီးခနှုန်းမှာ ယာဉ်လိုင်းတို့အလိုကျ ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ် သင်္ကြန်သို့ ရောက်ချိန်မှာတော့ YRTA ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီမို့ လက်မှတ်ခဈေးမတက်စေရေးအတွက် ထိရောက်စွာကိုင်တွယ်နိုင်သည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်သည်။၂၀၁၅ ခုနှစ် သင်္ကြန်နားနီးကာလ ခရီးသွားပြည်သူများကို စိတ်ချမ်းသာမှုပေးခဲ့သော လက်မှတ်ခဈေးမတက်စေရေး မထသ၏ ကိုင်တွယ်မှုကို အတုယူဖော်ဆောင်မည်လားဟု စာရေးသူ စိတ်ကူးယဉ်ခဲ့မိသည်။YRTA သည် အဆိုးပေါင်းများစွာဖြင့် လည်ပတ်နေသော မထသစနစ်ကို သုတ်သင်နိုင်သော်လည်း ရှားရှားပါးပါးကောင်းခဲ့သော၂၀၁၅ ခုနှစ် လက်မှတ်ခဈေးမတက်စေရေး ကိုင်တွယ်မှုကိုလည်း ဆက်ခံခဲ့ခြင်းမရှိ။လက်မှတ်ခဈေးမတင်ရန် ကြေညာချက်ထုတ်ရုံဖြင့် ပြီးခဲ့သည်။

ထို့ကြောင့်ပင် ၂၀၁၇ သင်္ကြန်နားနီး ကားလက်မှတ်သည် ယာဉ်လိုင်းများစိတ်ကြိုက် ဖြစ်ခဲ့ရုံတင်မက အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ကားလက်မှတ်လိမ်လည်ရောင်းချခြင်းပင် ဖြစ်ပွားခဲ့ကာ ခရီးသည် (၁၆၂) ဦး အလိမ်ခံလိုက်ရသည်။

၂၀၁၈ ခုနှစ်သို့ ရောက်သည်။မတ်လလယ်ကတည်းကပင် သင်္ကြန်နားနီး ရက်များအတွက် ကြိုတင်လက်မှတ်များကို ယာဉ်လိုင်းအချို့က မူရင်းဈေးထက် ၂ ဆနီးပါးတက်ကာ ရောင်းသည်။ပေါ်တင်ရောင်းကြတာတော့ မဟုတ်။လက်မှတ်ဝယ်ချင်လို့ဆိုလျှင်တော့ အရောင်းစာရေးမက မရှိတော့ဘူးဟု ဖြေမည်။စာရေးမနားကပ်သွားပြီး လေသံတိုးတိုးဖြင့် တစ်စောင်လောက်တော့ လုပ်ပေးပါဟု ဆိုလိုက်လျှင်တော့ မြှင့်ထားသောဈေးနှုန်းအတိုင်း ပေးနိုင်ပါက လက်မှတ်ရရှိပါမည်။ပြည်သူတွေခမျာ ဈေးကြီးလည်း ပေးရသေး၊ စာရေးမကိုလည်း တောင်းပန်ရသေး ဆိုသည့်ဘ၀။

ယင်းသို့သော အခြေအနေတွင် YRTA (အဝေးပြေး) က ဒီအတိုင်းငုပ်တုပ်ထိုင်နေတာတော့ မဟုတ်။ထုံးစံမပျက် ယာဉ်လိုင်းတာဝန်ခံများနှင့် တွေ့ဆုံကာ လက်မှတ်ဈေးနှုန်းမတင်ဖို့ ပြောကြားပြီးဖြစ်သလို ကြေညာချက်လည်း ထုတ်ပြန်ပြီးဖြစ်သည်။ကြေညာချက်ထဲတွင် လက်မှတ်ဈေးတင်ရောင်းချခြင်း ခံရပါကYRTA (အဝေးပြေး) သို့ လာတိုင်ကြရန် နှိုးဆော်ထားသည်။

လာတိုင်လျှင် ဘာလုပ်ပေးမလဲဆိုတော့ အထက်သို့ တင်ပြပေးမည်တဲ့။အထက်ဆိုတာက YRTA (ဗဟို) ဖြစ်သည်။အထက်နှင့်ပြီးပြီလားဆိုတော့ မပြီးသေး။YRTA (ဗဟို) က ရန်ကုန်တိုင်းအစိုးရထံ တင်ပြပေးမည်ဟု သတင်းများအရ သိရသည်။ဟုတ်ပြီ။ရန်ကုန်တိုင်းအစိုးရကရော မည်သို့ကိုင်တွယ် ဖြေရှင်းပေးမည် နည်း။အဲဒါကိုတော့ ဘယ်သူမှမသိ။

စဉ်းစားကြည့်၊ လက်မှတ်ခဈေးတက်သဖြင့် တိုင်ကြားခြင်းကို တစ်ဆင့်လည်းမပြီး၊ နှစ်ဆင့်လည်းမပြီး၊ သုံးဆင့်ဖြစ်သော ရန်ကုန်တိုင်း အစိုးရအဖွဲ့ကျမှ ပြီးမည်ဖြစ်သည့်တိုင် မည်သို့ကိုင်တွယ် ဖြေရှင်းမည် မသိမိမိ၏ တိုင်ကြားမှုကရော ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးမည့်သူထံ ရောက်ရောရောက်မည်လား၊ ရောက်သည့်တိုင် ဘယ်အချိန်ကျမှ ရောက်မည်လဲမသိ။

အဓိကပြဿနာမှာ YRTA (အဝေးပြေး) တွင် လုပ်ပိုင်ခွင့်အာဏာ မရှိခြင်းပင် ဖြစ်သည်။ပြောရလျှင် အင်မတန်လွယ်ကူစွာ ဖြေရှင်းပေးနိုင်သော ကိစ္စကို အင်မတန်ခက်ခဲအောင် စီမံထားသကဲ့သို့ပင် ဖြစ်သည်။ယင်းသို့သောအစီအမံကြောင့်ပင် လက်မှတ်ခဈေးတက်သည်ဟုဆိုကာ YRTA (အဝေးပြေး) သို့ မတ်လ နောက်ဆုံးပတ်အထိ လာရောက်တိုင်ကြားသူမရှိ။သတင်းများအရ YRTA (အဝေးပြေး) မှ ဆောင်ရွက်ပေးနိုင်ခဲ့တာဆိုလို့ မတ်လနောက်ဆုံးပတ်အတွင်း လက်မှတ်မရသဖြင့် လာရောက်တိုင်ကြားသူ ၇၆ ဦးကို မူရင်းဈေးအတိုင်းဖြင့် လက်မှတ်ရအောင် ယာဉ်လိုင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့သည်သာ ရှိသည်။

ပုံမှန်အားဖြင့်မူ ကားလက်မှတ်ဈေးနှုန်းမှာ ယာဉ်လိုင်းတို့၏ အလိုကျ လေပေါ်မှာဝဲနေမြဲ။ခရီးသွား ပြည်သူတို့ မှာ ကူသူကယ်သူမဲ့ဘ၀ဖြင့် လည်စင်းခံရဆဲ။ဒီလိုနဲ့ အဆိုးသံသရာမှာ နှစ်များစွာ ကြာလည်နေဆဲ။

ခရက်​ဒစ်​-မျိုးညွန့်(Popular News)




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork