ကျောင်းသားကတ်​ကျန်​ခဲ့တဲ့​ကျောင်းသား​လေးအားယဉ်​ထိန်းတပ်​ဖွဲ့မှကူညီ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ကျောင်းသားကတ်​ကျန်​ခဲ့တဲ့​ကျောင်းသား​လေးအားယဉ်​ထိန်းတပ်​ဖွဲ့မှကူညီ

စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသားကို မီးတန်းဆိုင်ကယ်ဖြင့် လိုက်ယူပေးသည့် ယာဉ်ထိန်းရဲ

ရန်ကုန်၊မတ်၈

စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြားမေ့ကျန်ခဲ့၍ စာမေးပွဲခန်းထဲသို့ဝင်ရန် အခက်အခဲဖြစ်နေသော ကျောင်းသားကို ယာဉ်ထိန်းရဲတစ်ဦးက မီးတန်းဆိုင်ကယ်ဖြင့် လိုက်ယူပေးခဲ့သည့် ဖြစ်စဉ်တစ်ခု ရန်ကုန် မရမ်းကုန်းမြို့နယ်တွင်  ယနေ့ ဖြစ်ပွားခဲ့သည်။


ယနေ့ မနက် ၈နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့နယ် ပါရမီလမ်းရှိ အထက (၅) မရမ်းကုန်းစာစစ်ဌာန ရှေ့တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦး စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားမေ့ကျန်ခဲ့၍ အခက်အခဲဖြစ်နေသည်ကို
တာဝန်ကျ ယာဉ်ထိန်းရဲက တွေ့ရှိခဲ့ရာ အထက်အဆင့်ဆင့်သို့ သတင်းပို့ပြီး ကျောင်းသားကို မီးတန်းဆိုင်ကယ်ဖြင့် လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ရဲဝင်းစိုးက Popular News ကို ပြောသည်။

''ကလေးက တော်တော်လေးကို တုန်လှုပ်နေပြီ၊စာမေးပွဲဖြေချိန်ကလည်းတော်တော်လေးကို နီးကပ်နေပြီ။ဒါနဲ့ ကျောင်းရှေ့မှာ တာဝန်ချထားတဲ့ ယာဉ်ထိန်း ၂ဦးထဲက ရဲတပ်ကြပ်ရန်နိုင်စိုးက မီးတန်းဆိုင်ကယ်နဲ့ ချက်ချင်း တင်ပြီး အိမ်မှာ ကျန်နေခဲ့တဲ့ ကဒ်ပြားကို သွားယူပေးတယ်။ပြီးတော့ ကျောင်းကို ပြန်လိုက်ပို့ပေးတယ်''ဟု ဒုတိယရဲမှူး ရဲဝင်းစိုးက ပြောသည်။

စာစစ်ဌာနနှင့် စာမေးပွဲ ဖြေဆိုခွင့်ကဒ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသား၏ နေအိမ်အကွာအဝေးမှာ ၃မိုင်ခန့်ရှိပြီး၊အချိန်မှီစေရန် ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ မီးပွိုင့်များကို အထိန်းအချုပ် ခေတ္တလုပ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သူကျောင်းသားမိဘ တစ်ဦးက ''ကြားကနေ ကိုယ်တောင် တော်တော်လေးကို ကျေးဇူးတင်မိတယ်။သားသမီးချင်းကိုယ်ချင်းစာတယ်လေ။မျက်ရည်တောင်ကျတယ်။ယာဉ်ကြောပိတ်ဆို့နေချိန် ခုလို အချိန်မှီရောက်ဖို့ဆိုတာ မလွယ်ဘူး''ဟု ပြောသည်။

ခရက်​ဒစ်​-Popular New

MTA 
ဓါတ်ပုံ- ယာဉ်ထိန်းရဲတပ်ဖွဲ့




Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork