ရည်းစားထားတာ ယောက်ျားလေးတွေနစ်နာတယ် 
============================
ရည်းစားစကားပြောတော့လည်း ကိုယ်ကစ'ရပါတယ် 
မူတော့လည်း ခံရပါတယ် 
ညင်းဆဲတော့လည်း သည်းခံရပါတယ် 
ဖုန်းဆက်တော့လည်း ကိုယ်ဆက်ရတယ် 
အဖြေကျ ရေဒီယိုလိုဆက်တိုက်နားညည်းအောင်တောင်းရပါတယ်
ရည်းစားဖြစ်သွားတော့လည်းကြည့် 
မနက်ခင်းမစ်ကော ကိုယ်ကပဲနေ့ဆက်မပြတ်ဆက်နိုးရပါတယ် 
ညတိုင်းမက်စေ့ တရက်မပြတ်ပို့ပေးရပြန်ပါတယ် 
ချိန်တွေ့တော့လည်း ကိုယ်ကပဲနေရာရွေးရပါတယ် 
ချိန်းထားတော့လည်း ကိုယ်ကပဲအမြဲမပြတ် စောင့်ရပါတယ်
အတူတွေ့တော့ စည်းကမ်းကျ သူကဆက်တိုက်ထုတ်ပါတယ် 
ရုပ်ရှင်ကြည့်တော့ သူကဇာတ်ကားရွေးပါတယ် 
ရုပ်ရှင်ရုံရွေးပါတယ် 
ဘာမုန့်စားမယ် ရွေးပါတယ် 
အထုတ်ဆွဲ လက်မှတ်ဖြတ် ပြောစကားနားထောင်တာကျ ကိုယ်လုပ်ရပါတယ်
အနမ်းလေးကျတော့ 
လူနာအမဲခြောက်တောင်းသလို 
တဖွဖွ တောင်းရပါတယ် 
လူတွေရှိတယ် ငြိမ်ငြိမ်နေဆိုတော့လည်း 
လူမရှိတဲ့ ကျွန်းထဲ သွားချိန်းတွေ့ရမယ့် ပုံစံပါပဲ
လက်ထပ်ယူမယ်ဆိုတော့လည်း ကိုယ်ကပဲ အလုပ်ရှာကြိုးစားရပါတယ် 
ပိုက်ဆံစုရပါတယ်
ခိုးပြေးခဲ့မယ် ဆိုရင်လည်း ကိုယ်ကပဲနေရာရှာ 
သေချာစီစဉ် မှောင်ကြီးမဲကြီးထဲ ထိုင်စောင့် 
အခန့်မသင့်လို့ ယောက္ခမက ရုံးတိုင်ရင် ထောင်နန်းစံရပါဦးမယ်
တောင်းယူမယ်ဆိုတော့လည်း 
ဟိုဟာလိုတယ် ဒီဟာလိုတယ် 
ဟိုလိုဖြည့်ဆည်းပေးပါ ဒီလိုဖြည့်ဆည်းပေးပါနဲ့
လက်ထပ်ပြီးသွားရင်လည်း စည်းကမ်းကပိုထုတ်လာပါတယ် 
အိမ်ထောင်သည်တစ်ဦးပြောဖူးသလိုပေါ့ 
စစ်တပ်က စည်းကမ်းကြီးသလားအောင့်မေ့တယ် 
ငါ့မိန်းမက စစ်တပ်ထက် စည်းကမ်းပိုကြီးသတဲ့ . . .
အဝေးထိန်းကနေ 
အနီးကပ် ထိန်းချုပ်ခွင့်ပေးလိုက်သလိုပါပဲ
ဟိုလူနဲ့မပေါင်းနဲ့ 
ဒီလူနဲ့မပေါင်းနဲ့ 
ဟိုဟာတွေမလုပ်နဲ့ 
ဒီဟာတွေ မလုပ်နဲ့ တဲ့
ကဗျာဆရာ တစ်ယောက်အကြောင်းလေးပေါ့ 
သူတို့ချစ်သူဘဝမှာ ကဗျာတစ်ပုဒ်စပ်ပါတယ် 
" ချစ်သူ့ နူတ်ဖျားလေးကို 
မနက်ခင်းကျေးငှက်လေးလို 
လောကကို အလှဆင်ဖို့ 
ဖန်ဆင်းရှင်က ဖြည့်ဆည်းပေးခဲ့တာ ဖြစ်တယ် "
အိမ်ထောင်ကျသွားတဲ့အခါ ကဗျာတပုဒ် ထပ်ရေးတယ်
" မိန်းမတို့ နူတ်ဖျားကို 
လူသားအားလုံးထက် အင်အားကြီးအောင် 
စစ်လက်နက်တခုသဖွယ် အဖြစ် 
ဖန်ဆင်းရှင်က မှားယွင်းဖြည့်သွင်းပေးခဲ့တယ် "
ကလေးယူတော့လည်းကြည့် 
လိုအပ်တာ အကုန်ကိုယ်ကပဲ စီစဉ် 
လိုသမျှ ဆေးအကုန်ဝယ် 
ကိုယ်ကပဲ သေချာဂရုစိုက် 
ကိုယ်ဝန်ဆောင်ချိန်မို့ ကိုယ်ကပဲ အစစ အရာရာ 
သည်းခံနားလည်ပေးရပြန်ပါရော
ကလေးရလာတော့လည်း 
ကိုယ်ကပဲ ထိန်းရ 
ကလေးစရိတ် ပိုရှာရ 
လောကမှာ အမြင့်မြတ်ဆုံးကျတော့ 
မိခင်သည်သာ ဖြစ်ပါသည်ဆိုပြီး 
အော်တို နေရာရသွားပြန်ရော . . .
ဟူးး ယောက်ျားလေးဆိုတာ အချစ်နဲ့ပတ်သတ်ရင် 
မိန်းကလေးတွေလုပ်သမျှ ခံရဖို့ 
ကိုယ့်ကိုယ်ကိုယ် ညင်းဆဲဖို့ လက်မှတ်ဖြတ်လိုက်သလိုပဲ 
=============
Credit-Ulay Kyi ( ကိုလင်း )
မောင်စွယ်စုံကျမ်း
 
 

 
 
 
 
 
 အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
No comments:
Post a Comment