ပုဇွန် ကဲ့သို့ ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်းစားသောက် ဆိုင် တွေရောက်ဖြစ်တဲ့အခါ ပုဇွန် ၊ဂဏန်း၊ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့ အတူ ဝိုင်သောက်တတ်တဲ့ သူကဝိုင် ၊ ဝိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လို ဖျော်ရည် မျိုးကို တွဲဖက်ပြီးစားသုံးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့အခါ ပုဇွန်တစ်ပန်းကန်နဲ့အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှမထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့ ကျွန်တော်တို့ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကိုတစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက်အန္တရာယ် ကိုပါစိုးရိမ်ရကြောင်း ကျွန်တော်တို့ အခုသိခဲ့ရပါပြီ ။
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့မျက်လုံး တွေ ကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ အာဆင်းနစ် အဆိပ်သင့်လို့သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ နာရီဝက်ခန့် သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံး ကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ “သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှူ့ကြောင့် မတော်တဆသေဆုံးခဲ့ရတာပါ” လို့ပါမောက္ခကြီး ကပြောခဲ့ပါတယ်။ “ဘာကြောင့် မတော်တဆသေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့သြကုန်ကြပါတယ် ။“Arsenic အဆိပ် ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာ စားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ သူမနဲ့အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့ ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုးပါဝင်တာကို လေ့ လာတွေ့ရှိခဲ့ ကြပါတယ်။
အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ်ပြောင်းလဲသွားပါတယ်။
အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့မျက်လုံး တွေ ကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့သတိပေးထားပါတယ်။
No comments:
Post a Comment