အောင်လ One Championship မှာ ထိုးကြေး ပိုက်ဆံဘယ်လောက် ရလဲ ?
ဆိတ်ဆိတ် နေ ထောင်တန်
one championship က ဖိုက်တာတွေ ကို ထိုးကြေး ဘယ်လောက် ပေးလဲ ဆိုတာ ဘယ်တော့မှ မပြောပါဘူး ။ လျို့ ဝှက်ထား ပါတယ် ။ သွားလည်း မမေးပါနဲ့  ။ လေကုန် ပါတယ် ။ ဘယ်တော့မှ လည်း မဖြေပါဘူး ။ ဒါကြောင့် အောင်လ ဘယ်လောက် ရလဲ အတိကျ မသိပါဘူး ။
သဲလွန်စ အချို့ 
One Championship ကနေ နားသွားတဲ့ ပုံရိပ်မြင့် ဖိုက်တာ Ben Askren ကတော့ one က သူ့ ကို တစ်ပွဲထိုးကြေး ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာကျော် ) ၊ နိုင်ရင် ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာကျော် ) ပေးတယ်လို့  ဖွင့်ဟခဲ့ ဖူးပါတယ် ။ ဒါဆို သူက တစ်ပွဲကို စုစုပေါင်း သိန်း ၁၃၀၀ လောက် ရတာပေါ့ ။ Ben Askren နဲ့ one ဥက္ကဌ ချက်ထရီ တို့ က အရင် ကတည်းက ခင်ကြလို့ လားတော့ မသိဘူး ။ပြိုင်ကား ၂ စီးတောင် Ben Askren ကို One Championship က ပလိန်းကြီး လက်ဆောင် ပေးခဲ့ ပါတယ် ။
နောက်ထပ် ကြားရတဲ့ တစ်ယောက်က One ရဲ့ နာမည်ကြီး အမျိုးသမီး ချန်ပီယံ ငယ်ငယ် ချောချောလေး အိန်ဂျလာလီ ပါ ။ သူလည်း Ben Askren နည်းတူ တစ်ပွဲ ထိုးကြေး ဒေါ်လာ ငါးသောင်း ( မြန်မာငွေ သိန်း ၆ ရာ ကျော်) ၊ နိုင်ရင် ဒေါ်လာ ငါးသောင်း ( မြန်မာငွေသိန်း ၆ ရာ ကျော် ) စုစုပေါင်း သိန်း ၁၃၀၀ လောက် ရတယ် လို့  တစွန်းတစ ကြားသိရ ပါတယ်။
ထိုးကြေး ပေးသည့် စည်းကမ်း
ပရိသတ် စိတ်ဝင်စား အောင် ပွဲသွင်း နိုင်တဲ့ ဖိုက်တာ ဖြစ်လေ ပိုက်ဆံ ပိုရလေ ဖြစ်ပါတယ် ။ အခု အောင်လက One Championship ရဲ့  နာမည် အကြီးဆုံး ၊ One Championship facebook page မှာ like ရ အများဆုံး ၊ ပရိသတ် အားပေး အကြမ်းဆုံး ၊ ပိုက်ဆံ အရှာပေး နိုင်ဆုံး ၊ စိတ်ဓာတ်လည်း အကောင်းဆုံး ဖိုက်တာ ဖြစ်နေ ပါတယ် ။
သုံးသပ်ချက်
အောင်လရဲ့ ကမ္ဘာ့ထိပ်သီး ဖိုက်တာ ၊ ကမ္ဘာ့ထိပ်သီး နည်းပြ တွေနဲ့ လေ့ကျင့်တဲ့ စရိတ် မိသားစုကို အေးဆေး ထောက်ပံ့ထား နိုင်မှု oneနဲ့ လက်တွဲ ရတာ အရမ်း ပျော်တယ်လို့  အင်တာဗျူးမှာ ပြောထားမှု one ရဲ့ ငွေရှာ စက်ကြီး နဲ့  ပရိသတ်တွေ ကြား အကျော်ကြားဆုံး ဖိုက်တာ ဖြစ်နေမှု ပရိသတ် အားပေး အကြမ်းဆုံး ဖိုက်တာ ဖြစ်နေမှု စတာတွေ ကို ချုံငုံ သုံးသပ် လိုက်ရင် one championship ကနေ အောင်လ ရတဲ့ ငွေတွေ မနည်းဘူး ဗျ ။ ဒေါ်လာ သိန်း ဂဏန်း ရလောက်တယ် ။ ဒေါ်လာ တစ်သိန်းကတော့ အနည်းဆုံး ရလောက်တယ် ။ တစ်ပွဲကို ဒေါ်လာ တစ်သိန်းဆို မြန်မာငွေ အားဖြင့် သိန်း တစ်ထောင့် ၃ ရာ ပေါ့ ။ ဒီ့ထက်လည်း များနိုင်တယ် ။
မမေ့လျော့သင့် သော သင့်တာဝန်
အခု ဒီ post ရဲ့ အောက်က ** Share ** ဆိုသော အင်္ဂလိပ် စကားလုံး ကို တစ်ချက် ကလေး နှိပ်ပေးပါ ။ သိချင်သူတွေ များလွန်းလို့  ခဏခဏ မေးလွန်းလို့  ပါ။
Credit _Khit Thit
==========================
No comments:
Post a Comment