လူငယ် နဲ့ အင်တာနက်၊ မိဘ နဲ့ ကာကွယ်ရေး - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

လူငယ် နဲ့ အင်တာနက်၊ မိဘ နဲ့ ကာကွယ်ရေး


💯လူငယ် နဲ့ အင်တာနက်၊ မိဘ နဲ့ ကာကွယ်ရေး 📌

2017 မှာ ကမ္ဘာပေါ်က အင်တာနက် လူငယ်တွေရဲ့ Internet အသုံးပြုတဲ့ပမာဏ ဟာ 830 million အထိရှိလာပါတယ်။ မိဘတွေကလည်း သားသမီးတွေကို လွယ်လွယ်ကူကူပဲ ပေးသုံးနေတာကို တွေ့ရပါတယ်။

တကယ်ဆိုရင် အင်တာနက်ချိတ်ထားတဲ့ဖုန်း ၁ လုံးကို အတုမြင်အတတ်သင် တတ်တဲ့၊ ကိုယ်တိုင်ချင့်ချိန်မှု အားနည်းနေသေးတဲ့ အရွယ်မှာ ထိန်းချုပ်မှုမရှိ ပေးသုံးတာဟာ အန္တရာယ်များပ်တယ်။ အကျိုးဆက်အနေနဲ့ ပြောဆိုရခက်လာတာတွေ၊ လုပ်ချင်တာလုပ်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

✅Family Online Safety Institute က မိဘတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကို တင်ပြထားပါတယ်။

📌အချိန်အကန့်အသတ်နဲ့ပေးသုံးပါ

ကလေးတွေကို လုံးဝ မသုံးနဲ့ပြောလို့မရပါဘူး။ ပြောလည်း ခိုးသုံးကြမှာပါပဲ။ ဒီတော့ အချိန် နဲ့ စနစ်တကျ သုံးတတ်ဖို့ လေ့ကျင့်ပေးရပါလိမ့်မယ်။ မဟုတ်ရင် online မှာပဲ အချိန်တွေကုန်ပြီး မလိုလားအပ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

📌 အကျိုးရှိစေတဲ့ website တွေနဲ့ မိတ်ဆက်ပေးပါ။

အင်တာနက်ဆိုတာ အလွန်သင်ယူလို့ကောင်းတဲ့နေရာဖြစ်ကြောင်းပြောပြီး သင်ကြားရေးအတွက် ဘယ်လို အထောက်အကူ ရကြောင်းရှင်းပြတာပါ။ ဥပမာပြောရရင် edX, coursera, တို့ကနေပြီး ကမ္ဘာ့ အကောင်းဆုံး ဆိုတဲ့ course တွေကိုသင်ယူလို့ရပြီး စိတ်ပါဝင်စားတဲ့ ဘာသာရပ်တွေ သင်ယူနိုင်ကြောင်း မိတ်ဆက်ပေးရပါမယ်။

📌Social Network ဆိုတာ မသုံးတတ်ရင် အန္တရာယ်များကြောင်း ပြောပြပါ

Facebook အစရှိတဲ့ social network တွေက တဆင့် ကောင်းတာတွေရော၊ မကောင်းတာတွေရော ဖြစ်ပေါ်စေနိုင်ကြောင်းပြောပြရပါမယ်။ အထူးသဖြင့် လူတွေဆီက အမုန်းကိုပါ ခံရနိုင်ချေရှိတာကြောင့် သတိထားသင့်ကြောင်းလည်း ပြောပြရပါမယ်။

📌မကြာခဏဆွေးနွေးပါ

ကလေးတွေဆီက မကောင်းတဲ့ အပြုအမူ တစ်ခုကိုတွေ့လိုက်ရင် စောစောကတည်းကဆွေးနွေးပါ၊ ဆူဆဲ တာမျိုးမဟုတ်ပဲ ရှင်းပြသလိုဆွေးနွေးသင့်ပါတယ်။

📌မိဘတွေကိုယ်တိုင်လည်း ကလည်း စံပြ  ဖြစ်အောင် ကြိုးစားပါ။

Facebook စတဲ့ social network တွေပေါ်မှာ မိမိတို့ ကလေးတွေနဲ့ Friend ဖြစ်အောင်ကြိုးစားသင့်ပါတယ်။
ပြီးတော့ သူတို့ အတုယူစရာ ပုံစံမျိုးဖြစ်အောင် သုံးစွဲပြရပါမယ်။

✅ကလေးတွေရှိတဲ့ သူငယ်ချင်းတွေရှိရင် လည်း အသိပေးလိုက်ကြပါဦး

#ခရက်ဒ် ​​MyanmarWorldtelecom

Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork