* အကြွားပြိုင်ပွဲ(အပြေးမြန်သူ) *
------------------------------------------
ကျတော် ချွန်ရဲလင်းရယ်
ပါဆယ်ကြီးရယ်
ဝိုင်းစိန်မရယ်
လက်ဖက်ရည်ဆိုင် အတူ သွားထိုင်ကြတယ်
ဆိုင်ထဲရောက်လို့
စားပွဲမှာ ဝင်ထိုင်လိုက်ကြတယ် ဆိုရင်ပဲ
ဝိုင်းစိန်မက လျင်မြန်တဲ့အဟုန်နဲ့ စားပွဲပေါ်က အီကြာကွေးကို "ဖတ်"ကနဲ ကောက်ယူလိုက်တယ်
သိတဲ့အတိုင်း သူက သိုင်းပညာရှင် ကြောင်မွှေးရှင် စိန်စိန် ဆိုတော့ လက်က မြန်တယ်လေ
သူက အဲ့လိုပဲ
အီကြာကွေး မြင်ရင် မရဘူး
ဆတ်ကနဲ ဖမ်း
ဆတ်ကနဲ ချိုး
ဆတ်ကနဲ စားလိုက်ရမှ
ဒါကြောင့် ကိုယ်ဒေတောင် သူ့ရှေ့မှာ အနေအထိုင် ဆင်ခြင်ရတယ်
ပြောမရဘူးလေ -အီကြာကွေးနဲ့မှားရင် ဘယ်နဲ့လုပ်မလဲ -😂😂
ပါဆယ်ကြီးကတော့ အေးဆေးပါပဲ
သူက fb မှာသာ အခွက်ပြောင်တာ
အပြင်မှာဆို သူက ရုပ်တည်ကြိီးနဲ့ -သိပ်ပြီး က္ကနြေ္ဒ ကြီးတာ
သူက ပေါက်စီသမား(ဇေရဲထက်ကို အားကျလို့ထင်တယ်)
"ပေါက်စီ နှစ်လုံးဟေ့ "
သူက အဲ့လို ပေါက်စီတောင် စားရင် နှစ်လုံးမှ-
လောဘကြီးတာလေ
ငယ်ငယ်ကလည်း အမေနို့စို့ရင် အဲ့လိုပဲ ဆိုလား
-😂😂😂
မကြာပါဘူး
စားပွဲထိုးက ပေါက်စီ လာချတယ်
သူက ပေါက်စီကို မစားသေးပဲ သေချာ စိုက်ကြည့်နေတယ်
ပြီးတော့ ထိပ်က ချွန်ချွန်လေးကို လက်နဲ့ အသာပွတ်လိုက်ပြီး -ဆတ်ကနဲ လက်ကို ပြန်ရုတ်လိုက်တယ်
ဒါကို
ဘေးက အီကြာကွေး ပျော့ပျော့ကြီးကို ဆွဲဆွဲပြိး စားနေတဲ့ ဝိုင်းစိန်က ကြည့်ပြီး ထ ပြောတယ်
" ဟဲ့ ပါဆယ်ကောင် -စားမှာဖြင့်လည်း စားလေ -ဘာလို့ ထိပ်ကို သွားသွား ပွတ်နေတာလဲ?"
အဲ့တော့ ပါဆယ်ကြီးက
" ဟဲ့ ပူလို့ဟ -ချီးထုပ်မရဲ့- မသိပဲနဲ့"
" အမလေးတော် -ပေါက်စိီက ပူပူလေးမှ စားကောင်းတာကို -အံ့ပါရဲ့"
ကျတော်ကတော့ စမူဆာ သမားပါ
အဲလေ မှားလို့
စမူဆာ ကြိုက်သူပါ
စမူဆာ ဆို ဘယ်အချိန် စားရစားရ -
စမူဆာ မရတဲ့ဆိုင်ဆို လှည့်တောင် မကြည့်ဘူး
သန်ရာသန်ရာပေါ့ -😂😂😂😂😂😂
" စမူဆာ တစ်ပွဲဟေ့"
ကျတော်တို့ သုံးယောက်ဟာ
စားစရာမှာတော့
အဲ့လို့
အကြိုက်ချင်းက မတူကြဘူး
ဒါပေမဲ့
တူတဲ့အချက်တော့ ရှိတယ်
အာ့ကတော့ အရည်မရ အဖတ်မရ
အကြွားသန်ကြတာပဲ
သုံးယောက်သား ဆုံပြီဆို
တစ်ခုမဟုတ် တစ်ခု ရှာကြံပြီး ကြွားလိုက်ရမှ
ခုလည်းကြည့်
ဘေးက ဝိုင်းက
ကမ္ဘာ့ အပြေးချန်ပီယံ အူစိန်ဘော့ အကြောင်း ပြောနေတာကို
ဝိုင်းစိန်က ကြားသွာပြီး စကား စတယ်
" ဟဲ့ ဟဲ့ -ဟိုဘက်မှာ ပြောတာ ကြားလား
-ကမ္ဘာပေါ်မှာ အူစိန်ဘော့က အပြေးအမြန်ဆုံးတဲ့ အဟားဟား -ငါ ရီချင်လိုက်တာဟယ် "
"ဟင် -အဲ့တာ ဘာရီစရာ ပါလို့လဲ?"
" ပါတာပေါ့ဟ --အူစိန်ဘော့ အပြေးမြန်တာလောက်တော့ ငါ့အဖေက သနားတာပေါ့"
" အောင်မာ -နင့်အဖေက ဘယ်လောက် အပြေးသန်လို့လဲ?"
" အမလေး ငါ့အဖေ အပြေးသန်ပုံများ -ပြောရင် ယုံမှာတောင် မဟုတ်ဘူး "
" ပြောစမ်းပါအုံး "
" ဟိုတလောက -ငါတို့ မိသားစု -ကျိုက်ထီးရိုး သွားတော့ -အဖေက ငါနဲ့ငါ့အမေကို -ဘုရားဖူးကားနဲ့ တင်ပေးလိုက်ပြိီး -ဘာပြောတယ် မှတ်လဲ "
" ဘာ ပြောလဲ ?"
" မင်းတို့ သားအမိ သွားနှင့် 'တဲ့ အဖေက
နောက်ကနေ ကျန်းမာရေး ကောင်းအောင် ပြေးပြီး လိုက်ခဲ့မယ် တဲ့"
" အမ် "
" မ အမ်နဲ့ တကယ်ပြောတာ - ဒီလိုနဲ့ ငါတို့ကားက ကျိုက်ထီးရိုး ကင်ပွန်းစခန်းလည်း ရောက်ရော -အံမယ် ငါ့အဖေက ကြိုရောက်နေပြီး -ငါတို့ကို
စားသောက်ဆိုင်မှာ ထိုင်စောင့်နေတာ ကြာပြီတဲ့ အံ့ရောဟယ် "
" ဪ ဒါဆို နင့်အဖေက ကားထက်တောင် မြန်အောင် ပြေးနိုင်တယ် လို့ ပြောချင်တာလား "
" ဒါပေါ့ဟ -လက်တွေ့ပဲလေ "
ဝိုင်းစိန်မရဲ့စကားအဆုံး
ပါဆယ်ကြီးက ဟားတိုက်ရယ်လိုက်ပြီး
" ဟားဟား သနားတယ် ဝိုင်းစိန်ရယ် -နင့်အဖေ အပြေးမြန်တာလောက်တော့ ငါ့အဖေက သနားတယ် သိလား "
" အောင်မယ် နင့်အဖေက ဘယ်လောက် အပြေးမြန်လို့လဲ -?"
ဤအခါ
ပါဆယ်ကြီးက
ရှေ့မှာ ချထားတဲ့ ပေါက်စီနှစ်လုံးကို
အသာ ပွတ်သပ်လိုက်ရင်းက(အဲ့ပေါက်စီလည်း ဒီနေ့ စားဖြစ်အုံးမှာလား မသိဘူး)
" ဟို တလောက ငါတို့ ထိုင်းသွားကြတယ်လေ သိတယ်မှတ်လား "
" သိတယ်လေ --နားထိုင်းသွားကြတာ "
" ချီးထုပ်မ နော် -ငါက ယိုးဒယားနိုင်ငံ ကို ပြောတာ "
" အော် ဂလိုလား -ရှင်းရှင်း ပြောပေါ့ဟယ်"
" အင်း ပြောရမယ် ဆိုရင်တော့ -ငါတို့ မိသားစု ပတ္တရား မှာ လက်ဖက် သွားစားကြတာပေါ့ဟာ "
" အော် ဖြစ်ရလေ -"
" အဲ့မှာဟာ -ငါနဲ့ငါ့အမေက -လေယဉ်နဲ့သွားပြီး -ငါ့အဖေက နင့်အဖေလိုပဲ -အပြေးလေ့ကျင့်ရင်း လိုက်ခဲ့တာပေါ့ဟာ "
" အော် အော် -"
" ဒါနဲ့ ငါတို့စီးလာတဲ့လေယာဉ် လေဆိပ်ကို ရောက်လို့ ငါ့တို့လည်း လေယာဉ်ပေါ်က ဆင်းရော -အဲ့မှာဟာ ငါ့အဖေက မိန့်မိန့်ကြီး ပြုံးလို့ ငါတို့ကို စောင့်နေတာ ဟေ့ - အံ့ကို သြရော "
" တိန် "
ပါဆယ်ကြီး စကားကြောင့်
ဝိုင်းစိန်မလည်း နင်သွားတာပေါ့
သူ့အဖေက လေယာဉ်ထက်တောင် အပြေးမြန်တာကို -
အဲ့ဒီမှာ
ကျတော်က သူတို့အကြွားတွေကို
ဘာတစ်ခွန်းမှ ဝင်မပြောပဲ နားထောင်နေရင်းက
မချိုမချဉ် ပြုံးလိုက်ပြိီး ပြောလိုက်တယ်
" ဘာလဲ !- တစ်ယောက်က ကားထက် မြန်တယ် ဟတ်လား -တစ်ယောက်က လေယာဉ်ထက်တောင် မြန်တယ်ပေါ့လေ အဟက်ဟက် "
" ဟုတ်တယ်လေ "
ကျတော်က အိပ်ကပ်ထဲက
ငါးသုံးလုံး စီးကရက်ကို ထုတ်လို့
ဟန်ပါပါ မီးညှိလို့ ဖွာရှိုက်လိုက်ရင်းက
" သနားဒယ် -သနားဒယ် -မင်းတို့အဖေတွေ အပြေးမြန်တာလောက်တော့ ငါ့အဖေက သနားဒယ်ကွာ အဟက်ဟက် "
" ပြောပါအုံး မင်းအဖေက ဘယ်လောက် အပြေးမြန်လို့လဲ ?"
ဤအခါ
ကျတော်က
" ငါ့အဖေ အပြေး မြန်ချက်ကတော့ကွာ - ပြောရင်
မင်းတို့ လဲတောင် သေသွားနိုင်တယ် "
" အမလေးဟယ် - ပြောမှာသာ ပြောစမ်းပါ "
" အင် ငါ့အဖေက အစိုးရဌာနက အကြီးအကဲ ဆိုတာ နင်တို့ သိတယ်နော်"
" သိပါတယ်ဟယ် "
" အဲ -အဲ့မှာ ကြည့်-ငါ့အဖေ ဘယ်လောက် အပြေး မြန်သလဲ ဆိုရင် - ရုံးဆင်းချိန်က ၄း ၃၀ ဆို -ငါ့အဖေက ၄း ၀၀ ဆို အိမ်ပြန်ရောက်နေပြီ- အဟက်ဟက် "
" တိန် "
😂😂😂😂😂😂😂😂😂
ကဲ ဘာတတ်နိုင်သေးလဲ
ကားတွေ လေယာဉ်တွေထက် မြန်တာလောက်တော့ သနားတာပေါ့
ကိုယ့်အဖေက အချိန်ထက်ကို မြန်နေတာ
အဟက်ဟက်
----------------------------------------------------
#လူချွန်တော်
Credit
No comments:
Post a Comment