အောင်လအန်ဆန်နှင့် ဘရာဇီးမှ ဟဲဗီးဝိတ်တန်းချန်ပီယံတို့ ယှဉ်ပြိုင်ထိုးသတ်မည် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

အောင်လအန်ဆန်နှင့် ဘရာဇီးမှ ဟဲဗီးဝိတ်တန်းချန်ပီယံတို့ ယှဉ်ပြိုင်ထိုးသတ်မည်

အောင်လအန်ဆန်နှင့် ဘရာဇီးမှ ဟဲဗီးဝိတ်တန်းချန်ပီယံတို့ ယှဉ်ပြိုင်ထိုးသတ်မည်



ရန်ကုန် နိုဝင်ဘာ ၂၃ရက်

အောင်လအန်ဆန်နှင့် ဖိုးသော်တို့နှစ်ဦးသည် ဝမ်းချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ (One: Quest For Gold) ပြိုင်ပွဲကြီးတွင် ပါဝင်ကစားသွားမည်ဖြစ်ပြီး အဆိုပါပွဲကို ဖေဖော်ဝါရီ ၂၃ ရက်၌ ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံ အောင်လအန်ဆန် (မြန်မာ့စပါးအုံးမြွေ) နှင့် ဘရာဇီးနိုင်ငံမှ ကမ္ဘာ့ချန်ပီယံAlex andre Machado တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပြီး ဖိုးသော်မှာ ကမ္ဘောဒီးယား ထိပ်တန်းလက်ဝှေ့အဖွဲ့မှ ထင်ရှား ကျာ်ကြားသူ တစ်ဦးဖြစ်သည့် Sor Sey နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

“ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် အနိုင်ရလိုက်တာက ကျွန်တော့ရဲ့ ကစားသမားဘဝမှာ အကြီးမားဆုံး အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်၊ ဒီချန်ပီယံခါးပတ်ကို ကာကွယ်ဖို့နဲ့ ကျွန်တော် တို့မြန်မာတွေ ဂုဏ်ယူစေနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု အောင်လအန်ဆန်က ပြောသည်။

ဘရာဇီးနိုင်ငံမှ ဟဲဗီးဝိတ်တန်းချန်ပီယံ Machado သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစား သမားတစ်ဦးဖြစ်သည့်အပြင် လှပသေသပ်သော ချုပ်ကွက်များ အတုံးအရုံး လဲသွားစေလောက်သည့် ထိုးသတ်ချက်များဖြင့် အမှတ်ယူတတ်သူတစ်ဦးဖြစ်သည့်အတွက် အောင်လအန်ဆန် ပထမအချီမှာ အနိုင်ရရှိခဲ့သည့် လူသန်ကြီးအလိန်းဂါလာနီကို ဒုတိယအချီမှာပင် အလဲထိုးသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖိုးသော်နှင့် ထိုးသတ်မည့် Sor Ser မှာ ကမ္ဘောဒီးယား၏ အတော်ဆုံးကိုယ်ခံပညာ
သိုင်းပေါင်းစုံ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး Khun Khmer နည်းဖြင့် ကစားရာတွင် ကျွမ်းကျင် ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ပြိုင်ပွဲမှာတုန်းက တကယ်ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရပါတယ်၊ မြန်မာကစားသမားနဲ့ အချင်းချင်း ထိုးသတ်တဲ့အခါမှာ အရည်အချင်း စစ်ဆေးခံလိုက်ရတာပါ၊ ဒါကမြန်မာနိုင်ငံ ကိုယ်ခံပညာ သိုင်း ပေါင်းစုံရဲ့ တကယ့်စွမ်းရည်ရှိမှုကို ပြသနေတာပါ၊ ဖျတ်လတ်နေဖို့နဲ့ ကစားပွဲမှာ ထိပ်တန်း ဖြစ်ဖို့ အတွက် အမြဲမပြတ်အစွမ်းကုန်ကြိုးစားသွားမှာပါ၊ အခုပွဲအတွက် ဖူးခက်မှာလေ့ကျင့်ပြီး အနိုင်ရရှိ အောင် ကြိုးစားသွားမှာပါ"ဟု ဖိုးသော်ကပြောသည်။

အဆိုပါပြိုင်ပွဲများနှင့်ပက်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ကျင်းပခဲ့ပြီး အောင်လအန်ဆန်နှင့် ဖိုးသော်တို့မှ ပရိတ်သတ်များနှင့်
မီဒီယာများရှေ့မှောက်တွင် ဟန်ရေးပြကစားခဲ့ကြောင်း သိရသည်။

ဇာနည်မောင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork