နေပြည်တော် ရေဆင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအား ဆက်လက်စုံစမ်း စစ်ဆေးရာ လူသတ်မှုပေါ်ပေါက် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

နေပြည်တော် ရေဆင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအား ဆက်လက်စုံစမ်း စစ်ဆေးရာ လူသတ်မှုပေါ်ပေါက်

နေပြည်တော် ရေဆင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအား ဆက်လက်စုံစမ်း စစ်ဆေးရာ လူသတ်မှုပေါ်ပေါက်



နေပြည်တော် ဇန်နဝါရီ ၂၃

နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၈ ရက်တွင် ဆေးကုသ မှုခံယူနေသည့် အမျိုးသမီးတစ်ဦး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ညောင်ပင်ကြီး ကျေးရွာနေ မစန္ဒာမြင့်(၁၂နှစ်) ဖြစ် ကြောင်း သိရသည်။

မိခင်ဖြစ်သူ မသက်နှင်းဝေ (၂၈နှစ်) ၏ ပြောကြားချက်အရ ဇန်နဝါရီ ၃ ရက် ညနေက မစန္ဒာမြင့်အား ရေထမ်းပုံးဖြင့် ရေသွားခပ်ခိုင်းခဲ့စဉ် နေအိမ်ရှေ့ ၌ ချော်လဲခဲ့ကြောင်း၊ ထို့နောက် နေအိမ် ပေါ်သို့ တက်သွားခဲ့ကြောင်း၊ ၁ဝ မိနစ် ခန့်အကြာ နေအိမ်အောက်တွင်ထား သည့် ထင်းချောင်းများအား ယူခိုင်းခဲ့ရာ ဆင်းလာစဉ် လှေကားထစ်မှပြုတ်ကျ ခဲ့၍ ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရေဆင်းနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၃/၂ဝ၁၈)ဖြင့် ရေးဖွင့် စစ်ဆေးသည်။

အမှုမှ ဆေးစာစစ်ဆေးပေါ်ပေါက် ချက်အရ တပ်ဖွဲ့ဝင်များက မသက်နှင်း ဝေအား ထပ်မံစစ်ဆေးခဲ့ရာ အခင်းဖြစ် နေ့တွင် နေအိမ်ခြံဝင်းအတွင်း၌ အပင် စိုက်နေစဉ် သမီးဖြစ်သူ မစန္ဒာမြင့်အား သံတူးရွင်းပြားယူခိုင်းသည်ကို သမီး ဖြစ်သူက ''တစ်ခုပြီးတစ်ခု ခိုင်းနေတာပဲ''ဟု ပြောကာ သံတူးရွင်းပြားအား ပစ်ချခဲ့ သဖြင့် ဒေါသထွက်ပြီး သံတူရွင်းပြားဖြင့် ဦးခေါင်းကို ရိုက်လိုက်ရာ ဦးခေါင်းယာ ချိုစောင်းတွင် စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် မစန္ဒာမြင့်က ဗိုက်အောင့်သည်ဟုပြောသဖြင့် ဆေးရုံ သို့တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မသက်နှင်းဝေအား ရေဆင်းနယ်မြေ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork