အမေရိကန် နိုင်ငံ ရှိ ဆရာဝန် တစ်ဦး မုဒိမ်းမှု ကျူးလွန် သဖြင့် ထောင်ဒဏ် ၁၇၅ နှစ် ကျခံရန် အမိန့်ချ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

အမေရိကန် နိုင်ငံ ရှိ ဆရာဝန် တစ်ဦး မုဒိမ်းမှု ကျူးလွန် သဖြင့် ထောင်ဒဏ် ၁၇၅ နှစ် ကျခံရန် အမိန့်ချ

အမေရိကန် နိုင်ငံ ရှိ ဆရာဝန် တစ်ဦး မုဒိမ်းမှု ကျူးလွန် သဖြင့် ထောင်ဒဏ် ၁၇၅ နှစ် ကျခံရန် အမိန့်ချ

ထောင်ဒဏ် ၁၇၅ နှစ် ကျခံရသည့် အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရားဝန်ဟောင်း Nassar အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
    အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရာဝန်ဟောင်း Nassar ၏ ပြစ်ဒဏ် ကျခံမှု အတိုင်းအတာ နှင့် ပတ်သက်၍ အချိန် တစ်ပတ်ကျာ ကြားနာမှု ဆောင်ရွက်ပြီးနောက်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ Michigan ပြည်နယ် မြို့တော်ရှိ တရားရုံးတွင် တရားသူကြီး က ထောင်ဒဏ် ၄၀ နှစ် မှ ၁၇၅ နှစ် အထိ ကျခံရန် အမိန့်ထုတ်ပြန်ခဲ့သည်။
တရားသူကြီးက အမိန့်ကြေညာချက် မထုတ်ပြန်မီ ပြောကြားခဲ့ရာတွင် Nassar အနေဖြင့် မြင့်မားသည့် တံတိုင်းများ ကာရံထားသည့် နေရာတွင်သာ နေထိုင်ရန် သင့်လျော်ပြီး ၎င်းအနေဖြင့် ပြစ်မှုကျူးလွန်လိုသည့် လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်ကြောင်း ၊ ၎င်းအနေဖြင့် ယင်းကဲ့သို့သောနေရာ တွင် ထိန်းချုပ်မထားပါက ရောက်လေရာအရပ်တွင် အင်အားနည်းသူများအပေါ် ပြစ်မှုကျူးလွန်မည်ဖြစ်ပြီး လူ့အသိုင်းအဝိုင်း ကို ဖျက်ဆီးမည့် သူ တစ်ဦး ဖြစ်ကြောင်း ၊ ၎င်းသည် ပြစ်မှုကျူးလွန်ရန် အစီအစဉ်ကျနစွာ ပြင်ဆင်သူ တစ်ဦး ဖြစ်ပြီး လွန်စွာ ရက်စက်ကြောက်မက်ဖွယ်ကောင်းသူ တစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကြားနာမှုဆောင်ရွက်စဉ် အတွင်း အမေရိကန် ဆရာဝန် Nassar ၏ မုဒိမ်းကျင့်မှု ခံခဲ့ရသူပေါင်း ၁၀၀ ကျော်က သက်သေထွက်ဆိုခဲ့ကြပြီး သက်သေထွက်ဆိုချက်များအရ Nassar သည် ဆရာဝန် လုပ်ငန်းဆောင်ရွက်စဉ် အတွင်း ဆရာဝန် အမည်ခံဖြင့် လူပေါင်း ၁၀၀ ကျော်ကို မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး အများစု မှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရှိရသည်။
Nassar က အမိန့်ထုတ်ပြန်ခြင်းမပြုမီ ပြောကြားခဲ့ရာတွင် သက်သေထွက်ဆိုချက်များက မိမိ အား လွန်စွာ တုန်လှုပ်စေခဲ့ပြီး မိမိ ၏ အပြစ်များ အပေါ် နောင်တရမှု ကို စကားလုံးဖြင့် မပြောကြား နိုင်တော့ကြောင်း ၊ ရှေ့ဆက်ဘဝတစ်လျှောက်တွင် မိမိ အနေဖြင့် စစ်ဆေးမှုများကို ခံယူသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
(Xinhua)
http://xinhuamyanmar.com

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork