မန္တလေးမြို့ ကျွဲဆည်ကန်ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း အသစ်တည်ဆောက်ရန် ကားဂိတ်များ တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားဝင်းသို့ ပြောင်းရွှေ့မည် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

မန္တလေးမြို့ ကျွဲဆည်ကန်ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း အသစ်တည်ဆောက်ရန် ကားဂိတ်များ တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားဝင်းသို့ ပြောင်းရွှေ့မည်




M-Development Corporation (Myanmar) Co.,Ltd. မှ အသစ်ပြန်လည်တည်ဆောက်မည့် မန္တလေးမြို့ ကျွဲဆည်ကန်ရှိ ချမ်းမြရွှေပြည်ကားကြီးဝင်း၏ ဒီဇိုင်းပုံစံကို သဘောတူညီမှုရရှိပြီးဖြစ်သောကြောင့် လက်ရှိကားကြီးဝင်းအတွင်းမှ ကားဂိတ်များကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားဝင်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

အသစ်တည်ဆောက်မည့် ကားကြီးဝင်း၏ ဒီဇိုင်းအတည်ပြုချက်များကို ကားဝင်းတည်ဆောက်မည့် ကုမ္ပဏီ၊ ဂိတ်ပိုင်၊ ကားပိုင်များနှင့် ကားကြီးဝင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က စက်တင်ဘာ ၃ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇိုင်းသစ်ကို သဘောတူညီမှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

''အကြမ်းအားဖြင့် ဆောက်လုပ်ဖို့ဆွဲထားတဲ့ ဒီဇိုင်းကို တင်ပြတဲ့အခါမှာ ဂိတ်ပိုင်ရှင်တွေက သဘောတူညီတဲ့အတွက် လုပ်ငန်းစတင်နိုင်အောင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးထားပြီး ယာယီကားဝင်းကို ရွှေ့ပြောင်းနိုင်အောင်လုပ်မယ်၊ အသစ်ဆောက်မယ့် ဒီဇိုင်းအတိုင်းပဲ ၂ဝ၂ဝ ပြည့်နှစ်အတွင်းမှာ ချမ်းမြရွှေပြည်ကားဝင်းအသစ်မှာ နေရာချနိုင်အောင်လုပ်ဖို့ သဘောတူတယ်၊ ယာယီကားဝင်းက မန္တလေးမြို့ရဲ့ တောင်ဘက်အထွက် တံခွန်တိုင်အဝိုင်းရဲ့ မြောက်ဘက်မှာ ရှိပါတယ်'' ဟု ၎င်းကပြောသည်။

ထို့ပြင် ကားဝင်းအသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် ဂိတ်ပိုင်၊ ကားပိုင်ကိုယ်စားလှယ် ၂ဝ ပါဝင်သည့်အဖွဲ့နှင့် ကားဝင်းတည်ဆောက်မည့်  ကုမ္ပဏီတို့မှ တစ်လလျှင်တစ်ကြိမ် ပုံမှန်ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အသစ်ပြန်လည်တည်ဆောက်မည့် ချမ်းမြရွှေပြည်ကားကြီးဝင်း ကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာအဆင့်မီ ခရီးသည်နားနေခန်းများ၊ လက်မှတ်အရောင်းကောင်တာများ၊ ဈေးဆိုင်ခန်းနှင့် စားသောက်ဆိုင်များပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။                            
Credit -မန်းကိုကို
#TheMandalayNewsJournal



Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork