"စိတ်အားငယ်သူ ဖတ်ဖို့"
═════════
🐧. ပင့်ကူဟာ သူ့အိမ်လေးကို တည်ဆောက်နေတယ်
အကြိမ်ကြိမ်ပြုတ်ကျခဲ့တယ်
သို့သော့့်  နောက်ဆုံးတော့
အိမ်ကလေးတစ်အိမ်ကို သူ ဖန်တီးနိုင်ခဲ့တာပဲ ။
🐧 ခြတို့ဟာ မြေသားတွေကို
များများ မသယ်ဆောင်နိုင်ဘူး
ဒါပေမယ့် သူတို့ဟာ
မြေမှုန်များကို တစ်စစီ သယ်သူစုဆောင်းပြီး
နောက်ဆုံးတော့
ခြတောင်ပို့အဖြစ် သူတို့ ဖန်တီးနိုင်ခဲ့ကြတာပဲ ။
🐧 မြှင့်မားလှပါတယ်ဆိုသော တောင်ထိပ်ဟာ
ခြေတစ်လှမ်းဖြင့် တစ်လှမ်းချင်း အစပြုခြင်းကြောင့်
နောက်ဆုံးတော့
လူတို့ရဲ့ ခြေဖဝါးအောက်သို့ ရောက်ရှိသွားကြတာပဲ ။
🐧. နှေးကွေးလှပါတယ်ဆိုတဲ့ လိပ်ဟာ
အပြေးမြန်လှတယ်ဆိုတဲ့ ယုန်သူငယ်ကို
နောက်ဆုံးတော့
အနိုင်ယူခဲ့ သွားတော့တာပဲ ။
🐧. မပျံသန်းနိုင်ဘူးတဲ့ ပင်ဂွင်ငှက်လေးဟာ
လေ နဲ့ ကုန်း ပေါ်မှာ အားမသာပေမယ့်
ရေထဲမှာတော့ ရေငုပ်ပြီး အစာ ရှာစားနိုင်ကြတာပဲ ။
🐧. ပန်းပွင့်တိုင်း ကြွေကျတယ်
ဒါပေမယ့် ကြွေကျတဲ့ ခရေပွင့်ကိုတော့
လူတိုင်း တန်ဖိုးထားပြီး မြတ်နိုးကြတာပဲ ။
🐧. စိတ်ကို ပေါ့ပါးစွာဖြင့် ဖြတ်သန်းပါ.....
စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး ပြေးပါ....
မောပန်းလျှင် လမ်းလျှောက်ပါ....
လမ်းမလျှောက်နိုင်လျှင် တွားသွားပါ....
အသက်ရှင်နေသ၍ အားမာန်အပြည့်ဖြင့်
လျှောက်လှမ်းပါ
တစ်နေ့တော့
သင်ဦးတည်ရာသို့ ခရီးသို့ ရောက်ရှိသွားလိမ့်မည် ။
🐧. မိမိရဲ့ အားနည်းချက်ကို ဂရုမစိုက်ဘဲ
အားသာချက်ကိုသာ ဂရုစိုက်၍ ပြုလုပ်လျှင်
တစ်နေ့တော့ အောင်မြင်မှုရလဒ်ကို ပိုင်ဆိုင်ခွင့်ရကြမှာပါ
🐧. အားငယ်စရာ ရှိရင် အားငယ်ပါ
သို့သော် ကြာရှည်စွာ အားငယ်၍ မနေသင့်ပါ
ကြာရှည်စွာ အားငယ်နေရင် အောင်မြင်မှုပန်းတိုင်သို့
လျှောက်လှမ်းမယ့်အတွက် အင်အားတွေ ကုန်ခမ်း၍
အောင်မြင်မှု အပြုံးပန်းပွင့်ကို သင် ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ
🐧. အောင်မြင်မှု အပြုံးပန်းပွင့်လေးကို
ရရှိနိုင်မယ့်အတွက် အားနည်းချက်တွေကို
ခဏတာ ပယ်ဖျောက်ထားပြီး
အောင်မြင်မှုခရီးသို့ လျှောက်လှမ်းရင့်း့ 
မေတ္တာမွန်ဖြင့်.......
#Creditကောင်းချစ်
https://www.myanmar.google.com
https://www.AshinVisara.Homalin.Com
#credit photo Thura Aung
No comments:
Post a Comment