ဆိတ်သားဆီပြန် ချက်​နည်း - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ဆိတ်သားဆီပြန် ချက်​နည်း




ဆိတ်သား ငါးဆယ်သားကို ရေမဆေးသေးပဲ ဆိတ်သားမှာ ကပ်နေတဲ့ အဆီအချွဲဖြူဖြူ အဖတ်လေးများကို ဒါးလေးဖြင့် တတ်နိုင်သလောက် ဖယ်ရှားပြစ်ပါမယ် ..

ပြီးမှ ကိုယ်လိုချင်သော အရွယ် တုံးပြီး ဇလုံတစ်ခုထဲထည့် .... သံပုရာသီး အရည်ရွှမ်းရွှမ်း နှစ်လုံးလောက် အရည် ညှစ်ထည့် .. အခွံပါထည့်ပြီး မိမိရရ ဆုပ်နှယ်ပြီး သံပုရာရည်ဖြင့် နှပ်ထားလိုက်ပါ ...

ဆိတ်သားနယ်နှပ်ထားချိန်မှာတော့ ..

ကြက်သွန်နီ ငါးဥ ခြောက်ဥ အခွံသင် ပါးပါးလှီး နုပ်နုပ်စဉ်းပါတယ် ..အနှစ်များများကြိုက်လျှင် ကြက်သွန်နီ ပိုထည့်ပါ ..

ကြက်သွန်ဖြူ နှစ်ဥ ( မြန်မာကြက်သွန်ဖြူ )

အခွံခွာ ထောင်းထားပါမယ် ..

ကြက်သွန်နီ/ဖြူ ကိစ္စပြီးသွား လျှင်တော့ ...

ဇီရာ အနည်းငယ်ကို အိုးကင်းပူလေးတိုက်ပြီး

မှုန့်နေအောင် ထောင်းပါမယ် ..

ကြက်သွန်နီ/ဖြူ လှီးပြီး ဇီရာ ထောင်းပြီးပြီဆိုလျှင်တော့ ...

သံပုရာသီးဖြင့် နယ်နှပ်ထားသော ဆိတ်သားများကို ရေလေးငါးထပ် ပြောင်စင်အောင်ဆေးကြောပါတယ် ..

(အချို့ကတော့ မကျည်းမှည့်နဲ့ နယ်ဆေးပါတယ် ) အညှီနံ့ပျောက်အောင် ဆေးကြောခြင်းဖြစ်ပါတယ် ..

ဆိတ်သားရေဆေးပြီးလျှင် .. ၎င်းဆိတ်သားထဲကို ဆား နနွင်း ဟင်းချိုမှုန့် လှော်ထောင်းထားသော ဇီရာမှုန့် ဆိတ်သားဆိုင်က ပေးသော မဆလာ ထည့် နယ်ပြီး ဒုတိယအကြိမ် နှပ်ထားပါမယ် ..

ဆိတ်သားချက်ရန် အားလုံး အဆင်သင့်ဖြစ်ပါပြီ ..

ချက်ပြနေကြ ပုံစံလေးအတိုင်း မီးဖိုပေါ်ဒယ်အိုးတင် .. ဆီ တစ်ဆယ်သားကျော်ကျော်ထည့် ( ဆီမကြိုက်သူများ ဆီလျှော့ထည့်)

ဆီထဲ နနွင်းမှုန့် အနည်းငယ်လေးထည့် ..

ဆီကျက်လျှင် ကြက်သွန်နီ စဉ်းထားတာထည့်ပြီး အရောင်ရဲလာသည်အထိ ဆီသပ်ပါ..

အရောင်ရဲလာပြီဆိုလျှင် ငရုပ်သီး ဟင်းချက်မှုန့် လိုသလိုလေးထည့် .. မွှေပေးပါ

မွှေပြီး တဆက်တည်း ကြက်သွန်ဖြူ ထောင်းထားတာထည့် ..

ဆီသပ်ပါမယ် ..

ဆီသပ်တာ ငရုပ်သီး အရောင် ရဲနေရာမှာ ညိုလာပြီဆိုလျှင်တော့ အရသာထည့်နယ်နှပ်ထားသော ဆိတ်သားများထည့်ပြီး မွှေပါမယ် ..

အရည် အနည်းငယ်ထွက်လာပါမယ် ..

ထိုလုံးရည် ခမ်းအောင်အထိ .. ဆီပြန်အောင်အထိ ..

ဆိတ်သားအတုံးလေးများ မာတင်းလာသည်အထိ ဆီနာနာသပ်ပါမယ် ..

မဆလာနံ့ ဇီရာနံ့ ထွက်လာပြီး ရေ လုံးဝခမ်းသွားပြီဆိုလျှင်တော့ .. ဒယ်အိုးမှ ဒန်အိုးထဲသို့ ပြောင်းထည့်ကာ ဆီသပ်ဒယ်အိုး ရေကျင်းထည့် ..

ဆိတ်သားနူးသည်အထိ ရေ လေးငါးရေလောက် ထည့်ပြီး တယ်ပေးရပါမယ် ..

ဆိတ်သားနူးပြီး ဆီပြန်သွားပြီဆိုလျှင်တော့ ..

မွှေးကြိုင်တဲ့

ဆိတ်သား ဆီပြန်ဟင်းတစ်အိုးကျက်ပါပြီ ..

အမွှေးအနံ့ပိုကြိုက်နှစ်သက်လျှင်တော့ ကရဂွေးရွက် သစ်ဂျပိုးခေါက် ပျဉ်းတော်သိမ်ရွက်များ အသားဆီသပ်ချိန် ရောထည့် ဆီသပ်လို့ ရပါတယ် ..

အားလုံး အားလုံး ..

ပျော်ရွှင် ချမ်းမြေ့သာသာယာယာ ရှိနေနိုင်ကြပါစေ ....။

Credit #LayZaw ( ဥဿာသား )

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork