-------- စုသက်နှင်း --------
ရန်ကုန်မြို့၏ အနောက်ဘက် ခြမ်းတွင် အကောင်အထည် ဖော်ဆောင်ရွက်
မည့် မြို့သစ်စီမံကိန်း အတွက် မတည်ငွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ ငွေကျပ် ၁၀ ဘီလီယံ ထည့်ဝင်ထားကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
ပြောကြားလိုက်သည်။
ရန်ကုန်မြို့သစ်စီမံကိန်း၏ Phase 1 ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ဧကပေါင်း ၂၀၀၀၀ ကျော်ကို ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် တိုင်း
ဒေသကြီးလွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်း
နှင့် မလွတ်ကင်းသည့် လယ်ယာမြေများကို ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီ တန်ဖိုးနည်အိမ်ယာများကိုပါ တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
"လုပ်ငန်းကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်ရတာဖြစ်တဲ့
အတွက် အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ စီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ လယ်ယာမြေနဲ့ ပတ်သက်ပြီး သီးသန့် သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒီ စီမံကိန်းကို အရင်ကတည်းက ရေးဆွဲထားတာဖြစ်ပါတယ်"ဟု
ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ပြည်တွင်း၊ပြည်ပကုမ္ပဏီသုံးခုကိုသာ ယှဉ်ပြိုင်ခွင့်ပြုထားကြောင်း၊ ယင်း အပြင် ယင်းစီမံကိန်း၌ လျှပ်စစ်မီးမြောက်မြားစွာ
အသုံးပြုရမည်ဖြစ်သည့်အတွက် လက်ရှိတွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှု များကို ပြုလုပ်ထားကြောင်း သိရသည်။
ယင်းစီမံကိန်းကိုဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၀၀ ရာခိုင်နှုန်းအပြည့်ပိုင်ဆိုင်သည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) ကို ဖွဲ့စည်းထူထောင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း မတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်ဖွဲ့စည်းထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။
"NYDC ဟာ အစိုးရ ရာနှုန်းပြည့် ပိုင်ဆိုင်သော်လည်း ဒီကုမ္ပဏီကို အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားလုံးကို ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီ တခုအနေနဲ့ ဆောင်ရွက်သွားဖို့နဲ့ ကြိုးနီစနစ်တွေကို ကျော်လွှားနိုင်ဖို့ တည်ထောင်ပါတယ် "ဟု ယင်းကုမ္ပဏီ ၏ ဒုတိယဥက္ကဋ္ဌ ၊ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ က ပြောသည်။
Credit#AKonThi

No comments:
Post a Comment