R2P သည် မြန်မာပြည်ကို လန်ပြေး - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

R2P သည် မြန်မာပြည်ကို လန်ပြေး




Welcome{ ​HERE } ​GO

”ကျွန်တော် ဆယ်တန်းမအောင်ပါဘူး။ ပိုက်ဆံမရှိပါဘူး။ ကျွန်တော့်မိဘတွေ ဖြစ်စေချင်သလို..ကျွန်တော် ဆယ်တန်းမအောင်ခဲ့ဘူး..အီး..ဟီး…အဲ့ဒီအတွက် မိဘကျေးဇူးကို ဆပ်ချင်ခဲ့တာ…အခုတော့ ဒီ ဆက်စီကုမ္ပဏီ နဲ့ အလုပ်တွေလုပ်တဲ့အခါ မန်ဘာ ငါးယောက်ကနေ အယောက်ငါးထောင်ဖြစ်လာပြီး ဒိုင်းမွန်အဆင့်ဖြစ်နေတဲ့ ကျွန်တော့်တစ်လ ၀င်ငွေ အမေရိကန်ဒေါ်လာ ဆယ်သန်းနဲ့ မိဘကို စိန်လက်စွပ်ကြီးတွေ ၀ယ်ပေးနိုင်ပါပြီ….ခင်ဗျားတို့..ခင်ဗျားတို့လည်း…………”
စကားပင်မဆုံးလိုက် ရေတပ်ဗိုလ်ချုပ်ကြီးက အချက်ပြလိုက်သည်နှင့် ရေတပ်သားများက လက်တွေ့သမားလေး ပုတု အား ဆွဲချုပ်ကာ သူလာရာ လှေကလေးပေါ် ပြန်ချပေးလိုက်လေသည်။
”ကဲ..အားလုံးပဲ…သင်္ဘောတွေ ဒီကနေ ပြန်လှည့်ကြမယ်”
ရေတပ်ဗိုလ်ချုပ်ကြီး ၏ အမိန့်ကို ဗိုလ်ချုပ်များက အံသြနေကြသည်။
”ဟေ့လူတွေ..အံသြမနေကြနဲ့..ကျုပ်တို့သွားတိုက်မယ့်နေရာကလူတွေက…လျှပ်ကူးပစ္စည်း.ဘာနဲ့ထိထိ မီးလင်းနေတဲ့ မီးလုံးကြီးကို ခါးပတ်နဲ့ ကပ်ပြ.. ဒေါ်လာငါးရာနဲ့ ခါးပတ် ရောင်းပြီး သန်းတစ်ရာချမ်းသာနေပြီလို့ ပြောတဲ့လူတွေ ရှိတဲ့ နေရာလေဗျာ..အဲ့ဒီလို ဟာမျိုးကို ယုံတဲ့လူတွေတောင် မိဘကျေးဇူး သိကြသေးတာ…ကျုပ်တို့ လည်း အိမ်ပြန်မယ်…စစ်တွေလှည့်တိုက်ရတာ ပင်ပန်းနေပြီ..ဒီတော့ ချမ်းသာအောင် မန်ဘာတွေစုမယ်..ဒိုင်းမွန်း… အဆင့်ဖြစ်အောင်လုပ်ပြီး…ဒယ်ဒီနဲ့ မာမီကို စိန်လက်စွပ်ကြီး ၀ယ်ပေးကြမယ်…ပြန်လှည့်..ပြန်လှည့်”
မြန်မာ့ရေတပ်မတော် မှ စစ်သင်္ဘောအုပ်စုရောက်ရှိချိန်တွင် နိုင်ငံတကာရေပိုင်နက်ဆီသို့ ပြန်လှည့်သွားနေသော နိုင်ငံခြားစစ်သင်္ဘောအုပ်စုကြီးကို မှုံပြပြသာ မြင်ရတော့၏။
……………
လေကြောင်း
……………….
လေတပ်ဗိုလ်ချုပ်ကြီး သည် မြန်မာပြည်ရှိ လေကြောင်းပစ်မှတ်များနှင့် မြန်မာပြည်မှ လူများ၏ သဘောထားအခြေအနေကို လေ့လာရန် ဖေ့ဘွတ်ကို ဖွင့်လိုက်သည်။
တင်လာသမျှ…စတေးတပ်စ်များကို သူ၏ မြန်မာဘာသာပြန်အရာရှိကို ဖတ်ခိုင်းလေသည်။
”ရိုင်ဖယ်တစ်လက်သာပေးပါ..ထမင်းကို ဟင်းမပါပဲ စားပြီး တိုက်ပြမယ်…လာစမ်း”
”ယူအန်လောက်တော့….၀ါးရင်းတုတ်နဲ့ ရိုက်ပစ်မယ်”
”အောင်မယ်လေး..၀ါးလုံးခေါင်းထဲ လသာနေကြတယ်…လာပါစေ..ပိုကြိုက်တယ်.ငါတို့က ဒီိထက်လည်း ပိုမထူးတော့ပါဘူး”
”ဟေ့.ရာဇ၀င်မှာ အရည်ခံမယ့်လူစားတွေလား..အဖတ်ခံမယ့်လူစားတွေလား…နယ်ချဲ့လက်သစ်တွေ အသေသတ်ပစ်မယ်..”
”ဟိုကလာရင် ရှေ့ဆုံးက ပြေးမယ်ကောင်တွေ..လေကြီးနေကြတယ်”
”ခေါင်းဆောင်ကောင်းတစ်ယောက်သာ ရှိပါစေ..နောက်လိုက်ကောင်းဖြစ်စေမယ်.တိုက်မယ်ဟေ့…တိုက်မယ်…ညီသလားဟေ့..ညီစေနော်”
”ရှေ့တန်းလိုက်ပြီး ထမင်းချက်ကျွေးပါရစေ”
”အင်္ဂါဂြိုလ်က မှ ပန်းကန်ပြားပြန်သုံးစင်းအား စစ်ကူအဖြစ် လွှတ်ပေးမည်”
”နောက်ဖေးအီးတွင်းထဲမှာ ၀ှက်ထားတဲ့ နူကလီးယားငရုတ်ကျည့်ပွေ့ထိပ်ဖူးများ ထုတ်သုံးပေးပါ”
လေတပ်ဗိုလ်ချုပ်ကြီးသည်
မြန်မာ့ဖေ့ဘွတ်ပေါ်မှ စတေးတပ်စ်များကို ဖတ်ပြီးနောက် အရှေ့တောင်အာရှဆီသို့ ဦးတည်ပျံသန်းနေသာ လေတပ်အုပ်စုအား…အမြန်ပြန်လှည့်လာခိုင်းလိုက်လေ၏။
အဘယ်ကြောင့် ပြန်လှည့်လာခိုင်းရသနည်းဆိုသည့် မေးခွန်းများကို မူ လေတပ်ဗိုလ်ချုပ်ကြီးက တစ်ခွန်းတည်းဖြေ၏။
”သူတို့ လေတပ်က ပိုတောင့်တယ်ကွ..ငါတို့ လေတပ်..မလိုတော့ပါဘူး..ဟဲ..ဟဲ” ဟူသတဲ့။
……………….
ထိုသို့နှင့် R2P သည် မြန်မာပြည်ကို လန်ပြေးလေတော့သတည်း။

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork