သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ



သီရိလင်္ကာမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာ

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီမြို့မှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားတဲ့ အကြမ်းဖက် သွေးထွက်သံယိုမှုတွေကြောင့် အရေးပေါ်အခြေအနေ ၁၀ ရက် သတ်မှတ်ကြေညာခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

မငြိမ်သက်မှုတွေ တခြားနေရာတွေထိ မကူးစက်သွားဖို့ အရေးပေါ်အခြေအနေ ၁၀ ရက်ကြေညာလိုက်ရပြီး FaceBookပေါ်ကနေအကြမ်းဖက်သွေးထွက်သံယိုမှုတွေဖြစ်အောင်လှုံ့ဆော်နေသူတွေကိုပါပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ အစိုးရပြောခွင့်ရသူက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

လူအုပ်ကြီးက မွတ်စလင်ပိုင် ဈေးဆိုင်တစ်ခုကို မီးရှို့လိုက်ပြီးတဲ့နောက် အစိုးရက စစ်သားနဲ့ ရဲကွန်မန်ဒိုတပ်တွေကို ကန္ဒီမြို့ကို စေလွှတ်လိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်နဲ့မွတ်စလင်အသိုင်းအဝိုင်းနှစ်ခုကြားက တင်းမာမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပိုပြီး ပြင်းထန်လာ တာဖြစ်ပါတယ်။ မွတ်စလင်တွေဟာ လူတွေကို ဖိအား ပေးပြီး အစ္စလာမ်ဘာသာကို ပြောင်းခိုင်းနေသလို ရှေးဟောင်းဗုဒ္ဓဘာသာနယ်မြေနဲ့ အဆောက်အဦးတွေ ကိုလည်း ဖျက်ဆီးပစ်တယ်လို့ ဒေသခံလူများစု ဗုဒ္ဓဘာ သာဝင်တွေက ပြောဆိုပါတယ်။


ဗုဒ္ဒဘာသာဝင်တချို့ဟာ မြန်မာနိုင်ငံကရောက်လာပြီး သိရီလင်္ကာနိုင်ငံထဲမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေ တဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိုလည်းဆန့်​ကျင်​ဆန္ဒပြကြပါတယ်။

မူရင်း-link
https://www.reuters.com/article/us-sri-lanka-clashes/sri-lanka-declares-state-of-emergency-after-buddhist-muslim-clash-idUSKCN1GI0WG

credit@znh


Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork