ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ






The Economist Intelligence Unit အဖွဲ့က ထုတ် ပြန်သော ၂၀၁၇ ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့သည် ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံတို့တွင် ရင်းနှီး မြှုပ်နှံမှုနည်းခြင်း၊ စီမံခန့်ခွဲမှုညံ့ ဖျင်းခြင်းနှင့် ယာဉ်အသွားအလာ၊ အကြမ်းဖက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုအန္တရာယ်များ၏ဒဏ် ကို ခံစားနေရသည်ဟု ဗြိတိန်အ ခြေစိုက်စီးပွားရေးခန့်မှန်းမှုနှင့် အ ကြံပေးရေးအဖွဲ့ The Economist Intelligence Unit ၏ ၂၀၁၇နှစ် ကုန်ပိုင်းတွင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစာရင်းအရ ပါကစ္စ တန်နိုင်ငံ ကရာချိမြို့သည်နေထိုင် ရန် အန္တရာယ်အရှိဆုံးမြို့ဖြစ်ပြီး၊ လုံခြုံမှုအနည်းဆုံးမြို့များမှာ  တောင်အာရှ၊ အရှေ့တောင်အာရှ၊အရှေ့အလယ်ပိုင်းနှင့် အာဖရိက တို့မှဖြစ်သည်။
ဒစ်ဂျစ်တယ်လုံခြုံရေး၊ကျန်း မာရေး၊ လုံခြုံရေးနှင့် အခြေခံအ ဆောက်အအုံလုံခြုံရေး၊ ပုဂ္ဂိုလ် ရေးလုံခြုံရေးတို့အပါအ၀င် အ ချက် ၄၉ ချက်အပေါ်အခြေခံ၍ ကမ္ဘာပေါ်တွင် အန္တရာယ်မကင်း ဆုံးမြို့ ၆၀ ကို ယင်းအဖွဲ့က စာ ရင်းပြုစုဖော်ပြခြင်းဖြစ်သည်။
The Economist Intelli-gence Unit ၏ ညွှန်းကိန်းစာရင်း သည် ကျယ်ပြန့်သော သုတေသန ပြုမှုများနှင့် နယ်ပယ်ဆိုင်ရာကျွမ်း ကျင်သူများနှင့် ထဲထဲဝင်ဝင်တွေ့ ဆုံမေးမြန်းမှုများအပေါ် အခြေခံ ၍ အချက်အလက်များထုတ် နုတ်ရေးဆွဲထားခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။
မြို့တစ်မြို့ချင်းစီကို အချက် တစ်ချက်အတွက် သုညမှ ၁၀၀ အထိ အမှတ်ပေးပြီးအချက်အား လုံးမှရသော အမှတ်များကို ပေါင်း၍ အမှတ်များလျှင် ကောင်း ပြီး အမှတ်နည်းလျှင် မကောင်းဟု သတ်မှတ်ထားသည်။ ဘေးအန္တ ရာယ်ကင်းဆုံးမြို့များအဖြစ် တို ကျို၊ စင်ကာပူ၊ အိုဆာကာတို့က ထိပ်ဆုံးမှရပ်တည်နေသည်။
ယခုစာရင်းတွင် အောက် ဆုံးဒုတိယနေရာ၌ ရှိသောရန်ကုန် မြို့အခြေအနေသည် ၀င်ငွေနည်း ပါးသောမြို့ဖြစ်ခြင်း၏ အကျိုး ဆက်နှင့်များစွာ သက်ဆိုင်နေပြီး ရန်ကုန်နှင့် အခြားဝင်ငွေနည်းပါး သောမြို့များသည် ကူးစက်ရော ဂါများ၊ ဆင်းရဲမွဲတေမှုတို့အပါအ ၀င်အခြားသောစိန်ခေါ်မှုများနှင့် အခက်ကြုံနေသောကြောင့် ဆိုက် ဘာအန္တရာယ်ကာကွယ်ရေး ဦး စားပေးဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။
ကျန်းမာရေးဖူလုံရေးကဏ္ဍ တွင် ရန်ကုန်သည် ဒါကာနှင့် ကရာချိမြို့တို့ထက် အနည်းငယ် အသာဖြင့် အမှတ် ၁၀၀ တွင် ၄၅ ဒသမ ၇၉ ရရှိသည်။ ယင်းမြို့နှစ် မြို့သည်လည်း ဆင်းရဲခြင်း ကြောင့်အခက်ကြုံနေရသည်။ သို့ သော် ကျန်းမာရေးဖူလုံမှုဆုံးဖြတ် ရာတွင် ၀င်ငွေတစ်ခုတည်း မဆိုင်ဘဲ အခြားဝင်ငွေများသော မြို့များလည်း ကျန်းမာရေးဖူလုံမှု မရှိသောစာရင်း၌ ပါဝင်နေသည်။
မြန်မာအစိုးရ၏ ရင်းမြစ် များခွဲဝေပုံကြောင့် ရန်ကုန်မြို့၏ ကျန်းမာရေးဖူလုံမှု နည်းပါးနေ ကြောင်း ယခုစာရင်းများအရသိရ သည်။အခြေခံအဆောက်အအုံ ဘေးကင်းလုံခြုံမှုကဏ္ဍ၌ ရန် ကုန်သည် အမှတ် ၁၀၀ တွင် ၄၈ ဒသမ ၅၈ ရရှိပြီးယင်းကဏ္ဍ၌ ဒါကာနှင့် ကရာချိတို့ထက်သာနေ သည်။ ယင်းမှာ အခြေခံအ ဆောက်အအုံများအတွက် ရင်းနှီး မြှုပ်နှံမှုများနည်းပါးခြင်းနှင့် အုပ် ချုပ်မှု၊ စီမံခန့်ခွဲမှု၊ အခြေခံအ ဆောက်အအုံနှင့် ဆက်စပ်သော စည်းကမ်းမူဘောင်များ ညံ့ဖျင်း မှုတို့၏ ရလဒ်ဖြစ်ကြောင်း The Economist Intelligence Unit အဖွဲ့ကပြောသည်။ ပုဂ္ဂိုလ်ရေး လုံခြုံမှုနယ်ပယ်၌  ရန်ကုန်သည် ယခုစာရင်းတွင်ဟိုချီမင်းစီးတီး၊ ကာရာကတ်စ်နှင့် ကရာချိမြို့တို့ကလွဲပြီး အခြားသောမြို့အားလုံး ထက် အန္တရာယ်ပိုများနေသည်။




Thank You For Visit

Welcome{ ​HERE } ​GO

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork