................................
သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့...ဟူသောမြန်မာစကားတို့၏.ရှေးစကားသည်..စိတ်သဘောထား..မြင့်မြတ်သူအချင်းချင်း
ပေါင်းသင်းနေထိုင်တတ်ကြသည်၊ ချစ်ခင်မြတ်နိုး ရိုသေလေးစားတတ်သည်ဟူသောအဓိပ္ပါယ်ကိုပြဆိုပေသည်။
ဤပြဆိုချက်သည်...ဣတိဝုတ်ပါဠိတော် ဓာတုသောသံသဒ္ဒနသုတ်လာ..ရဟန်းတို့သည် သတ္တဝါတို့နှင့်(စိတ်သဘောထား)အဇ္ဈသယ ဓာတ်အားဖြင့်သာလျင်.နှီးနှောကြကုန်၏.၊ညီညွတ်ကြကုန်၏..ဟူသောတရားနော်နှင့်ညီညွတ်လှပေသည်..။
ယင်းသဘောတရားအရ..လူသားများသာမက နတ်ဗြဟ္မာတို့သည်လည်း မိမိတို့ သဘောကျနှစ်သက်၍ လေ့လာဆောင်ရွက်နေသည့် တရားတော်သုတ်တော်များကို လေ့လာဆောင်ရွက်သူတို့ကို ချစ်ခင်နှစ်သက်ကြမည်..ရိုသေလေးစားကြမည်မှာ ဓမ္မတာ သဘောတစ်ရပ်ပင်ဖြစ်ကြောင်းသိသာလှပေသည်။
ဤအချက်နှင့်စပ်လျဉ်း၍ အထောက်အထားအဖြစ် အာဠာဝကနတ်စစ်သူကြီးအကြောင်းကိုဖော်ပြပါအံ့။
အာဠာဝီပြည်အနီးရှိညောင်ပင်ကြီး၌.အာဠာဝ.ကနတ်ဘီလူးကြီးထေိုင်သည်။နတ်ဘီလူးကြီးသည်အလွန်ကြမ်းတမ်းခက်ထန်.ဒေါသမာန်ကြီးလှသည်..ဗုဒ္ဓရှင်တော်ဘုရားသည်ယင်း..
အာဠဝကနတ်ဘီလူးကို.ခြေချွတ်ရန်ဘီလူး၏ ဘုံဗိမာန်သို့ ကြွတော်မူ၍ အာဠဝကဘီလူး၏..
နေရာပေါ်သို့ သီတင်းသုံးစံနေတော်မူသည်၊ယင်းသို့ကြွရောက်စံနေနော်မူသည်မှာ.အာဠဝက.ကနတ်သဘင်အစည်းအဝေး သွားနေခိုက်ဖြစ်ပေရ.အာဠဝကဘီလူး၏ မောင်းမမိဿံ အခြံအရံတို့သည်..ကြွလာတော်မူသည့်မြတ်စွာဘုရားအားရှိခိုးပူဇော်ကြသည်၊ဝတ်ပြုကြသည်။
ယင်းသို့သောအခြေအနေကိုနတ့သဘင်အစည်းအဝေးမှ..န်ြလာသောအာဠာဝကက..မြင်တွေ့သောအခါ မခံမရပ်နိုင် ယမ်းပုံမီးကျဟုန်းဟုန်းထလျက်.ဒေါသအကြီးအကျယ်ဖြစ်၍..လက်နက်မျိုးစုံသုံးစွဲကာတိုက်ခိုက်သည်။မြတ်စွာဘုရားအားမထိခိုက်ဘဲ ဖူးမြော်ပူဇော်သကဲ့သို့သာဖြစ်လေသည်။
အာဠဝကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်းဖြင့်တိုက်ခိုက်မရသောအခါ..အနုနည်းဖြင့်တိုက်ခိုက်မည်ဟုဆုံးဖြတ်ပြီး မြတ်စွာဘုရားအား.ခက်ခဲသောပုစ္ဆာ ၁၃ ချက်ကိုမေးသည်...အမှန်ကိုဖြေနိုင်လျင်..ဖြေ...မဖြေနိုင်လျင် အရူး အသေ နှစ်ထွေသောအပြစ်ကိုခံရမည်..ဟုလည်းခြိမ်းခြောက်သည်။
အာဠဝက မေးလျောက်သည့် ပုစ္ဆာ ၁၃ချက်တို့မှာ...
၁။ ဤ ကမ္ဘာလောက၌ ယောကျာ်း၏ မြတ်သောဥစ္စာကားအဘယ်နည်း။
၂။ ကောင်းသောအလေ့အကျင့်တို့တွင် အဘယ်ကောင်းသောအလေ့အကျင့်သည် ချမ်းသာကိုဆောင်သနည်း။
၃။အရသာတို့တွင် အဘယ်အရသာသည် ...
အလွန့်အလွန် ချို မြိန်သောအရသာ ဖြစ်သ..
နည်း။
၎။ အသက်မွေးမှုတို့တွင် အဘယ်သို့သော....
အသက်မွေးမှုကို မြတ်သော အသက်မွေးမှု
ဟု ဆိုသနည်း။
၅။ အဘယ်ဖြင့် သံသရာဝဲသြဃကို ကူးမြောက်
နိုင်သနည်း။
၆။ အဘယ်ဖြင့် သံသရာပင်လယ်ကိုကူး....
မြောက်နိုင်သနညိး။
၇။ အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်.
သနည်း။
၈။ အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်..
သနည်း။
၉။ အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို
ရနိုင်သနည်း။
၁၀။ အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်
သနည်း။
၁၁။ အဘယ်အကြောင်းကြောင့် ကျော်စောထင်
ရှားခြင်းသို့ရောက်နိုင်သနည်းယ
၁၂။ အဘယ်အကြောင်းဖြင့် မိတ်ဆွေကိုဖွဲ့နိုင်..
သနည်း။
၁၃။ အဘယ်အကြောင်းဖြင့် နောင်ဘဝ၌.မစိုး
ရိမ်ရသနည်း။...
ဟူသည်တို့ ဖြစ်ပေသည် ။...

No comments:
Post a Comment