LTE ထောက်ပံ့မှုပါဝင်တဲ့ X24 (2 GBPS) နဲ့ X50 (5 GBPS) MODEM တွေကို QUALCOMM မိတ်ဆက် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

LTE ထောက်ပံ့မှုပါဝင်တဲ့ X24 (2 GBPS) နဲ့ X50 (5 GBPS) MODEM တွေကို QUALCOMM မိတ်ဆက်


Qualcomm ဟာ ၂၀၁၉ ခုနှစ်မှာ 5G မိုဘိုင်းထုတ်ကုန်တွေ ဈေးကွက်တင်ပို့ ရောင်းချနိုင်ဖို့ ဖုန်းကုမ္ပဏီနဲ့ ဆက်သွယ်ရေးကုမ္ပဏီ ၅၀ တို့နဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။

Qualcomm အနေနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပထမဆုံး LTE မြန်နှုန်း 2Gbps အထိ ထောက်ပံ့မှုပေးနိုင်တဲ့ 7nm process chipset Snapdragon X24 ကို မိတ်ဆက်ခဲ့ပါတယ်။

  
X24 ဟာ ယခင်ထွက်ရှိထားတဲ့ Snapdragon X20 ထက်နှစ်ဆနီးပါး မြန်နှုန်းမြင့်မားပြီး Snapdragon 845 ထဲမှာ ပါဝင်လာပါတယ်။ X24 ဟာ H1 2019 စမတ်ဖုန်းတွေမှာ modem သစ်ကို အသုံးပြုသွားမယ်လို့ Qualcomm က အတည်ပြုခဲ့ပါတယ်။
3-2
Qualcomm အနေနဲ့ X50 chipset ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ chipset ဟာ X24 ထက် မြန်ဆန်ပါတယ်။ LTE မြန်နှုန်းကို 5Gbps အထိမြှင့်တင်ပေးနိုင်ပြီး 28 GHz band (mmWave) နဲ့ 800 MHz bandwidth ရှိပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ 5G ချိတ်ဆက်မှုမှာ အဲဒီ chipset တွေအသုံးပြုနေပေမယ့် Qualcomm ကနေ အိမ်တွင်း ချိတ်ဆက်တဲ့ fiber အတွက် အစားထိုးမှု ပြုလုပ်တဲ့အခါ အသစ်မိတ်ဆက် chipset တွေ အသုံးပြုဖို့ ရည်မှန်းနေပါတယ်။
3-3

Qualcomm အနေနဲ့ Ericsson, Netgear နဲ့ Telstra နဲ့ပူးပေါင်းပြီး MWC 2018 ပြပွဲမှာ လက်တွေ့စမ်းသပ်ပြမယ်လို့ သိရပါတယ်။

Ref: GSMArena


No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork