သင်္ဃန်းညီနောင် အပြင်မဲကနယ် ကျေးရွာမြောက်ဘက် ချောင်းနံဘေးခြံထဲမှ ရှေးဟောင်း ပဒုမုတ္တရမုဒြာ ခြေတော်ချလျက် ထိုင်တော်မူဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

သင်္ဃန်းညီနောင် အပြင်မဲကနယ် ကျေးရွာမြောက်ဘက် ချောင်းနံဘေးခြံထဲမှ ရှေးဟောင်း ပဒုမုတ္တရမုဒြာ ခြေတော်ချလျက် ထိုင်တော်မူဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိ

သင်္ဃန်းညီနောင် အပြင်မဲကနယ် ကျေးရွာမြောက်ဘက် ချောင်းနံဘေးခြံထဲမှ ရှေးဟောင်း ပဒုမုတ္တရမုဒြာ ခြေတော်ချလျက် ထိုင်တော်မူဗုဒ္ဓဆင်းတုတော်တစ်ဆူ တွေ့ရှိ
=======================
=======================

ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရဲစခန်းအပိုင် အပြင်မဲကနယ် ကျေးရွာမြောက်ဘက်ချောင်းဘေးအနီး ခြံတောထဲမှ ရှေးဟောင်းပဒုမုတ္တရမုဒြာခြေတော်ချလျက် ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ဖေဖော်ဝါရီ ၁ ရက်ကတွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
သင်္ဃန်းညီနောင် ရဲစခန်းအပိုင်အပြင်မဲက နယ်ကျေးရွာမြောက်ဘက်ချောင်းဘေးအနီး ခြံတောထဲတွင် မသင်္ကာဖွယ် ကတ္တူဖာတစ်ခုတွေ့ရှိကြောင်း သတင်းအရ မြ၀တီ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးနိုင်ဝင်း၊ မြ၀တီမြို့မရဲစခန်းမှူးဒုရဲမှူးမင်းကိုနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မြ၀င်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုးနှင့် နယ်ထိန်းအဖွဲ့ဝင်များသည် သက်သေရပ်ကွက် လူကြီးများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့က သက်သေများရှေ့တွင် အဆိုပါကတ္တူစက္ကူဖာအား ဖွင့်ဖောက်စစ်ဆေးရာ ဥာဏ်တော်အမြင့် သုံးပေလေးလက်မခန့်ရှိသော ပလ္လင်နှင့်တွဲလျက် ခြေတော်ချလျက်ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိသော ရွှေချထားသည့် ပလ္လင်နှင့်တွဲလျက် ခြေတော်ချထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်အား သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မြ၀င်းက ရှာဖွေပုံစံဖြင့် စနစ်တကျသိမ်းဆည်း၍ မြ၀တီမြို့မရဲစခန်းသို့ ပင့်ဆောင်လာခဲ့ကြောင်း သိရသည်။
အဆိုပါဆင်းတုတော်နှင့်ပတ်သက်၍ သက်ဆိုင်ရာကစိစစ်ရာ ရေနံချောင်းမြို့ဆုံ တိုက်ရပ်ကွက် လည်ပေါ်သာသနဗိမာန်တော်အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ကိုးကွယ်ထားသည့် ပဒုမုတ္တရမုဒြာ ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး လွန်ခဲ့သော ဇန်န၀ါရီ ၂၈ ရက်က ပျောက်ဆုံးခဲ့ကြောင်း၊ ရေနံချောင်းရဲစခန်းက (ပ) ၁၁၈/၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၈၀/ ၂၉၅ ဖြင့် အမှုဖွင့် စုံစမ်းနေစဉ် ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်မှုဖြင့် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မြ၀တီမြို့မရဲစခန်းမှ တစ်ဆင့်အဆိုပါ ဗုဒ္ဓဆင်းတုတော်အား ရေနံချောင်းရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
writer: ကိုရွှေသိန်း (မြ၀တီ)
==============
Eleven Media Group
http://news-eleven.com/news/36426
#​ဖေ​အောင်

Hlaing Min Zaw ၏ ဓာတ်ပုံ



No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork