ကိုကိုညိမ်း(ကောလင်း)
(Unicode)
စိတ်ကျန်းမာရေးမကောင်းသူ အသက် (၇၆)နှစ်အရွယ်အမယ်အိုအား သားမယားပြုကျင့်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ယားတောင်ကျေးရွာအုပ်စု မောင်းကော်ကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက် နေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က စိတ်ကျန်းမာရေးမကောင်းသူ အသက် ၇၆ နှစ်အရွယ် အမယ်အိုအား သားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ကောလင်းမြို့နယ် ယားတောင်ကျေးရွာအုပ်စု မောင်းကော်ကျေးရွာနေ
ဒေါ်ရီစိန် (၄၂)နှစ်၊ (ဘ) ဦးခွေးမောင်၊ မောင်းကော်ကျေးရွာ၊ ကောလင်းမြို့နယ်နေသူသည်
မိခင်ဖြစ်သူ စိတ်ကျန်းမာရေး မကောင်းသော အသက် (၇၆)နှစ်အရွယ် ဒေါ်စက်ရွှေ (ဘ) ဦးဖိုးသန်း မောင်းကော်ကျေးရွာ၊ ကောလင်းမြို့နယ် နေသူအား
နေအိမ်တွင် တစ်ဦးတည်းထားခဲ့ပြီး မောင်းကော်ရွာ အရှေ့ချောင်းအတွင်း အဝတ်လျှော်ရန်သွားရာမှ
နေအိမ်သို့ပြန်လာခဲ့ရာ နေအိမ်လှေခါးရင်းတွင် ဖိနပ်အပြာရောင် တစ်ရံကိုတွေ့ရှိရပြီး
ဒေါ်စက်ရွှေမှ တက်လျှင် ရီတတ်သည့်အသံဖြင့်ရီနေသည်ကိုကြားရသဖြင့်
ဒေါ်ရီစိန်မှ နေအိမ်ပေါ်သို့တက်ကြည့်ရာ တစ်ရွာတည်းနေ ဖိုးကော် (ခ) ဝင်းဇော်သည်
ဒေါ်စက်ရွှေအား ပက်လက်လှန်၍ ထဘီကိုလှန်ထားကာ ခြေထောက်နှစ်ချောင်းအား
၎င်း၏ပေါင်ပေါ်တွင်တင်လျက် သားမယားပြုကျင့်နေသည်ကို မြင်တွေ့ရသဖြင့် ဒေါ်စိန်ရီမှ "လာကြပါဦး၊ ဖိုးကော် အမေ့ကို ×ပ်×တ်×ိုးနေလို့"ဟု
အော်ဟစ်လိုက်ရာ ဖိုးကော်မှ ၎င်းင်းကိုင်ထားသော ဒေါ်စက်ရွှေ၏ ခြေထောက်နှစ်ချောင်းကို ပစ်ချထားခဲ့သည်။
ထိုအချိန်တွင် ဖိုးကော်၏မိခင်ဖြစ်သူ ဒေါ်ဝရောက်ရှိလာပြီး
ဖိုးကော်အား ဆွဲခေါ်သွားခဲ့သောကြောင့်
ဖိုးကော်အား အရေးယူပေးပါရန် ဒေါ်ရီစိန်မှ အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့နောက် ကောလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ငွေမျိုးမြင့်နီမှစစ်ဆေးရာ
တရားလို ဒေါ်ရီစိန်နှင့် ဖိုးကော်အား ၎င်းင်းမိခင်မှ ဆွဲခေါ်သွားကြသည်ကိုမြင်တွေ့ကြသော
အိမ်နီးချင်း မတင်သန်း၊ မခင်မြင့်တို့၏ ထွက်ဆိုချက်များအရလည်းကောင်း၊
စစ်ဆေးသူဆရာဝန်မှ ဒေါ်စက်ရွှေ၏မိန်းမကိုယ်မှ အရည်များကို တွေ့ရှိရသည်ဟုပြောပြချက်အရလည်းကောင်း
တရားခံ ဖိုးကော်သည် အသက် (၇၆)နှစ်အရွယ် ဒေါ်စက်ရွှေအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်သည်။
အဆိုပါအမှုတွင် အသက် ၃၂ နှစ်အရွယ်ခန့်လူပျိုလူလွတ်ဖြစ်ပြီး
သွေးသားကိစ္စအား ဆင်ခြင်တုံတရားနည်းပါးသူ
ဖိုးကော် (ခ) ဝင်းဇော် (၃၂)နှစ်ခန့်၊ (ဘ) အောင်ခ၊ မောင်းကော်ကျေးရွာ
ကောလင်းမြို့နယ်နေသူအား ကောလင်းမြို့မရဲစခန်းမှ (ပ)၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆ ဖြင့်
အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။
ကိုကိုညိမ်း(ကောလင်း)
No comments:
Post a Comment