သိသင့္ေသာ ေရႊတိဂံု ဘုရားသမိုင္း (အက်ဥ္း)
က်မတို႔ ဗုဒၶဘာသာ သာသနာေတာ္ကို ယံုၾကည္သက္ဝင္၍ ကိုးကြယ္ေသာ ဓမၼမိတ္ေဆြမ်ားအျပင္
မိရိုးဖလာ အစဥ္ အဆက္ကို ထိန္းသိမ္း ေစာင့္ေရွာက္ ကိုးကြယ္လာေသာ ဗုဒၶဘာသာဝင္မ်ား အမ်ားစုသည္
ရန္ကုန္ၿမိဳ႕သို႔ အလည္သို႔မဟုတ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေစ ေရာက္လာလွ်င္
ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးအား မျဖစ္မေန သြားေရာက္ဖူးေမွ်ာ္ေလ့ရွိၾကပါတယ္။
ရန္ကုန္တြင္ ေနထိုင္သူမ်ားအဖို႔ေတာ့ အထူးတလည္ ေျပာ ဖြယ္ရာမရွိပါ။
ထို႔အျပင္ ကမ႓ာလွည့္ခရီးသည္မ်ားပင္လွ်င္ ကမ႓ာ႔အံ့ဖြယ္တြင္ ပါဝင္ေနေသာျမန္မာႏိုင္ငံ၏ အထင္ကရျဖစ္သည့္
ဤေရႊတိဂံုေစတီေတာ္ျမတ္ႀကီးအား သမိုင္း အေမြအျဖစ္ လာေရာက္ေလ့လာ ဖူးေမွ်ာ္ ၾကပါတယ္။
ထိုသို႔ထူးျခားမြန္ျမတ္လွေသာ ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးႏွင့္ ပတ္သက္၍
အနည္းဆံုးေတာ့ က်မတို႔အားလံုး သမိုင္းအက်ဥ္းကို သိထားသင့္သည္ မဟုတ္ပါလား။
ေရႊတိဂံုေစတီေတာ္ျမတ္ႀကီး ဥကၠလာပမင္းႀကီးႏွင့္ ကုန္သည္ညီေနာင္တို႔သည္
ဘုရား ဗ်ာဒိတ္ေတာ္အရ သိဂၤုတၱရ ကုန္းေတာ္ကို စူး စမ္း ရွာေဖြ ၾကရာ မေတြ႔မရရွိေန၍
တိုင္းသူျပည္သားမ်ား အကူအညီျဖင့္ ရွာေဖြၾကျပန္သည္။
ထိုအခါလည္း မည္သူမွ် ရွာေဖြမေတြ႔ ၾကရေပ။
လူ႔ေလာကတြင္ ထိုကုန္းေတာ္ကို သိသူမရွိသျဖင့္ ဥကၠလာပမင္းႀကီးသည္
ခမည္းေတာ္ သိၾကားမင္းအား အကူ အညီေတာင္းရေလသည္။
သိၾကားမင္းသည္လည္း အသက္ငယ္ေသာေၾကာင့္ ေရွးဘုရားသံုးဆူတုိ႔၏
ေတာင္ေဝွးေတာ္ ၊ေရစစ္ေတာ္ ေရသႏုပ္ေတာ္တို႔ကို
ကိန္းဝပ္ရာ သိဂၤုတၱရ ကုန္းေတာ္ကို မသိျဖစ္ေလ၏။
ထို႔ေနာက္ အသက္ရွည္ေသာ ကမ႓ာနတ္ႀကီး ၅-ပါးတို႔ကို ပင့္ဖိတ္၍ ေမးၾကရ ၏။
ကမ႓ာနတ္ႀကီး ၅-ပါးမွာ-
၁။ အၿမိတၱရုကၡေဒဝနတ္
၂။ ေဝဠဳသုမနရုကၡေဒဝနတ္
၃။ ဥဒုမၺရရုကၡေဒဝနတ္
၄။ ေခပသြယ္ရုကၡေဒဝနတ္
၅။ ေသာ္ကရုကၡေဒဝနတ္ တို႔ျဖစ္ၾက၏။
ထိုငါးပါးတြင္ အၿမိတၱရုကၡေဒဝနတ္ကို
ယခုအခါ ေမွာ္ဘီနတ္ႀကီး ေခၚ ၾက၏။
ဥကၠလာပမင္းႀကီး ကုန္သည္ညီေနာင္ တဖုႆႏွင့္ဘလႅိက
ထိုနတ္ႀကီးတို႔ေရာက္လာ၍ သိၾကားမင္းသည္ သိဂၤုတၱရကုန္းကို သိျမင္ဖူး၏ေလာဟု
အစဥ္အတိုင္း ေမးေတာ္ မူရာ အၿမိတၱရရုကၡစိုးနတ္ႀကီး ေျပာဆိုသည္ကား
ကြ်န္ေတာ္သည္ ေရွးအထက္က ဘီလူးျဖစ္စဥ္အခါက ကကုသန္ ဘုရားႂကြ လာသည္ကို ျမင္၍
ဖမ္းစားမည္ဟု လိုက္ေလလွ်င္ ဘုရားသခင္လည္း ကြ်န္ေတာ့ကို တရားေဟာ၍
သရဏဂံု ပဥၥသီလတို႔ ကို ခ်ီးေျမွာက္ေတာ္မူၿပီးလွ်င္
လက္ေတာ္၌ပါေသာ ေတာင္ေဝွးေတာ္ကို ေပးသြားေတာ္မူခဲ့ပါသည္။
ထိုေတာင္ေဝွးေတာ္ကို သိဂၤုတၱရကုန္းေတာ္ရွိ ကညစ္ပင္ႀကီးေအာက္ ျမွဳပ္ထားပါ သည္ဟုဆို၏။
သိဂၤုတၱရေတာင္ကုန္း သိဂုၤတၱရ ဥယ်ဥ္ေတာ္ ကကုသႏၵျမတ္စြာဘုရား (ေတာင္ေဝွးေတာ္)
ထို႔ေနာက္ ေဝဠဳသုမနရုကၡစိုးနတ္ႀကီး ဆိုသည္ကား
ကြ်န္ေတာ္လည္း အထက္ကဘီလူးျဖစ္ပါသည္။
ထိုအခါ ေကာဏဂံု ဘုရားသခင္ ႂကြလာေတာ္မူသည္ႏွင့္ ဖမ္းစားမည္ဟု လိုက္သြားရာ
ရွင္ေတာ္ဘုရားလည္း တရား ေတာ္ေဟာ၍ သရဏဂံု ပဥၥသီလတို႔ကို ခ်ီးေျမွာက္ေတာ္မူခဲ့ၿပီးလွ်င္
ဓမၼကရုိဏ္ေရစစ္ေတာ္ကို ေပးသြားေတာ္ မူခဲ့ပါသည္။
ထိုဓမၼကရိုဏ္ေရစစ္ေတာ္ကို သိဂုၤတၱရေတာင္ထိပ္ရွိ ကညင္ပင္ေအာက္၌ ျမွဳပ္ထားပါသည္ဟု ဆို၏။
ေကာဏဂမနျမတ္စြာဘုရား (ေရစစ္ေတာ္)
ထို႔ေနာက္ ဥဒုမၺရရုကၡစိုးအဆိုမွာ
ကြ်န္ေတာ္လည္း အထက္ကဘီလူးျဖစ္ေနသည့္အခါ
ကႆပျမတ္စြာဘုရား သခင္ ႂကြေတာ္မူသည္ႏွင့္ ဖမ္းစားမည္ဟုလိုက္ေလရာ
ရွင္ေတာ္ဘုရားလည္း တရားေဟာ၍ သရဏဂံု ပဥၥသီလတို႔ကို ခ်ီးေျမွာက္ေတာ္မူသျဖင့္
ေရသႏုပ္ေတာ္ကို ေပးသနားေတာ္မူခဲ့ပါသည္။
ထိုေရသႏုပ္ေတာ္ကို သိဂၤုတၱရကုန္းေတာ္က ကညင္ပင္ေအာက္၌ ျမွဳပ္ထားပါသည္ဟုဆို၏။
ကႆပျမတ္စြာဘုရား (ေရသႏုပ္သကၤန္းေတာ္)
ေခပသြယ္နတ္ ေသာ္ကနတ္တို႔ကလည္း
ကြ်ႏ္ုပ္တို႔သည္ ယခုေဂါတမဘုရား လက္ထက္ကစ၍
အရိေမတၱယ်ဘုရားပြင့္သည့္တိုင္ေအာင္ အသက္ရွည္၍
သာသနာေတာ္ကို ေစာင့္ထိန္းရပါသည္ ဟုဆို၏။
ေဂါတမျမတ္စြာဘုရား (ဆံေတာ္ရွစ္ဆူ)
ထိုနတ္ႀကီးငါးပါး သိၾကားမင္း ျဗဟၼာ ဥကၠလာပမင္းတို႔ တိုင္ပင္စုေဝ
စစ္ေဆးေျပာဆိုၾကေသာေနရာကို စုေဝး ကုန္း ဟုေခၚ၏။
ယခုကား ဆူးေလကုန္းဟု ေခၚၾက၏။
ထိုနတ္မင္းႀကီး ငါးပါးစလံုးကပင္ ေရွးဘုရား သံုးဆူတို႔၏
ေတာင္ေဝွးေတာ္ ေရစစ္ေတာ္ ေရသႏုပ္ေတာ္တို႔ ကိန္းဝပ္ရာ
သိဂၤုတၱရကုန္းေတာ္ကို အညီအညြတ္ ညႊန္ျပၾကသျဖင့္ ေတြ႔ရွိၾကရ၏။
သိဂၤုတၱရကုန္းသည္ အသိ တဥၥနၿမိဳ႕၏
အေရွ႕ မ်က္ႏွာေတာင္ကုန္း ၉၉-ကုန္း အရံရွိေသာ ေတာင္ကုန္းထိပ္ျဖစ္ေလသည္။
သိဂၤုတၱရေတာင္ကုန္းေပၚမွရင္ျပင္သို႔ျမင္ေတြ႔ရပံု ထိုသို႔ ဘုရားရွင္ ဗ်ာဒိတ္ေတာ္အတိုင္း
သိဂၤုတၱရကုန္းေတာ္ကို ေတြ႔ရွိၾကေသာအခါ
ဥကၠလာပမင္း သိၾကားမင္း ကုန္သည္ ညီေနာင္ - သူျမတ္ေလးဦးတို႔ ညီညြတ္တိုင္ပင္၍
ျပည္သူတို႔ စုေပါင္းပါဝင္လ်က္ ဘုရားရွင္ သံုးဆူ တို႔၏ ဓာတ္ေတာ္ဌာပနာရာ အရပ္တြင္
ဥမင္အေစာက္ အဝ အလ်ား ေလးဆယ့္ေလးေတာင္စီအညီတူးၾက၏။
(ဤ၌ အခ်ိဳ႕ေသာ ဆရာတို႔က ရန္သူတို႔ ဓာတ္ေတာ္မ်ားကို အလြယ္တကူ မဖ်က္ဆီးေစႏိုင္ရန္
အလြန္နက္ ေသာ ဌာပနာ တိုက္၌ ထည့္သြင္းရန္ သိဂၤုတၱရကုန္းေတာ္ အလည္တည့္တည့္တြင္
အေစာက္ ၄၀၄ ေတာင္ အနံ ၄၄ ေတာင္ရွိေသာ ဥမင္ လိုဏ္ဂူႀကီးတူး၏ ဟု ဆိုၾက၏)
ဌာပနာတိုက္ ထိုအခါ လူတို႔သည္ ေသြးမႊန္ေသာ ေရာဂါျဖစ္ၾက၍ မိုက္မူးေတြေဝသျဖင့္
အတံုးအရံုး ၿပိဳလဲၾက၏။
သိၾကားမင္း သည္ နတ္၏ တန္ခိုးျဖင့္ ေရကန္ဖန္ဆင္းၿပီးလွ်င္
ထိုေရကန္၌ ေဒဝၾသသဓ နတ္ေဆးကို ခပ္၍ လူအေပါင္းအား
ေသာက္ျခင္း ရွဴျခင္း မ်က္ႏွာသစ္ျခင္းကို ျပဳေစလွ်င္
ေသြးေရာဂါမွ စ၍ ၉၆-ပါးေသာ ေရာဂါတို႔သည္ ကင္းကြာၾကေလ၏။
ထို႔ေၾကာင့္ ထိုကန္ကို သိၾကားမင္းက ေသြးေရာဂါေၾကာင့္
ေဆးခပ္ေသာ ေရကန္ျဖစ္၍ ေသြးေဆးကန္ဟု ေခၚၾကေလ၏။
ထိုကန္သည္ ေရႊတိဂံုေစတီေတာ္ ေျမာက္ဖက္ေစာင္းတန္းထိပ္တြင္ရွိသည္။
ေသြးေဆးကန္ ထိုသို႔ ဥမင္လိုဏ္ကိုတူးၾကေသာအခါ
ေလွာ္ဦးစျဖစ္ေသာ ဇမၺဴရာဇ္ နာရဏီေရႊကိုေတြ႔ရဘိသကဲ့သို႔
ကကုသန္ ျမတ္စြာ ဘုရား ပြင့္ေတာ္မူသည့္ ကာလအသံုးအေဆာင္ ေတာင္ေဝွး၊
ေကာဏဂံု ျမတ္စြာဘုရား၏ အသံုး အေဆာင္ ဓမၼကရိုဏ္ေရစစ္ေတာ္၊
ကႆပျမတ္စြာဘုရား ပြင့္ေတာ္မူသည့္ကာလ အသံုးအေဆာင္ ေရသႏုပ္ သကၤန္းေတာ္တို႔ကို
ဖူးေတြ႔ၾကရေလ သည္။
ဥကၠလာပမင္းႀကီးႏွင့္ ျပည္သူအေပါင္းတို႔သည္ ဆံေတာ္ဓာတ္ျမတ္ ရွစ္ဆူႏွင့္တကြ
ဤဘဒၵကပ္ ကမ႓ာတြင္ ပြင့္ေတာ္ မူေသာ ဘုရားသံုးဆူတို႔၏
ပရိေဘာဂ ေမြေတာ္ ဓာတ္ေတာ္ ဓာတ္ျမတ္ ၃-မ်ိဳးကို ေစတီတည္ထား ကိုးကြယ္ရန္ အတြက္
သိဂၤုတၱရကုန္းေတာ္ေပၚတြင္ ႀကီးက်ယ္ခမ္းနားစြာ စံေက်ာင္းမ႑ာပ္ႀကီး
တည္ေဆာက္ ေခတၱထားရွိ ပူေဇာ္ၾက၏
ယင္းေနရာ အထိမ္းအမွတ္ ေစတီေတာ္တည္ထားရာ
“ေနာင္ေတာ္ႀကီး” ေစတီ ေတာ္ဟူ၍ ယခုတိုင္ တြင္ရစ္ေလသည္။
ထိုေနာင္ေတာ္ႀကီးေစတီေတာ္သည္ ယခုအခါ ေရႊတိဂံုေစတီေတာ္ ျမတ္ႀကီး အနီးအပါး
သိဂၤုတၱရကုန္းေတာ္အေပၚ အေရွ႕ေျမာက္ အရပ္တြင္ ရွိေလသည္။
ေနာင္ေတာ္ႀကီးဘုရား သိၾကားမင္း ဥကၠလာပမင္း၊
ကုန္သည္ညီေနာင္တို႔ႏွင့္ ျပည္သူအေပါင္းသည္
ေက်ာက္ဖ်ာႀကီး ၆-ခ်ပ္ကိုျပဳလုပ္၍
အလ်ား အနံ အေစာက္ ၄၄-ေတာင္ရွိေသာ
ဥမင္တိုက္တြင္ေက်ာက္ဖ်ာႀကီး တစ္ခ်ပ္ကိုခင္းသည္။
အနဂ ၣ ထိုက္တန္ေသာ ရတနာ အမ်ိဳးမ်ိဳးကို
ပုဆစ္ဒူးနစ္ေအာင္ ထည့္သြင္း၍လည္းေကာင္း
ရတနားမ်ား အေပၚမွ ရတနာအမ်ိဳးမ်ိဳး မြမ္းမံေသာ
ေရႊ သေဘၤာကိုထား၏။
ေရႊသေဘၤာထက္၌ ရတနာအတိ ျဖစ္ေသာ ျပာႆဒ္ ၅-ဆူတြင္
ပတၱျမား ျပာႆဒ္ တစ္ဆူစီသြင္းထား၏။
ကကုသန္ျမတ္စြာဘုရား၏ ေတာင္ေဝွးေတာ္
ေကာဏာဂံု ျမတ္စြာဘုရား၏ ေရစစ္ေတာ္
ကႆပျမတ္စြာဘုရား၏ ေရသႏုပ္ေတာ္ကို
ပတၱျမား ျပာႆဒ္ ၃-ဆူတြင္ တစ္ဆူစီ သြင္းထား၏။
ေဂါတမျမတ္စြာဘုရားျဖစ္စ
ရက္ ၅၀- ေျမာက္ေန႔က တဖုႆ-ဘလႅိကတို႔ ရခဲ့သည့္
ဆံေတာ္ဓာတ္ျမတ္ ရွစ္ ဆူကို ရတနာ အတိျဖစ္ေသာ ျပာႆဒ္အတြင္း
ပတၱျမားျပာႆဒ္ အတြင္း ပတၱျမားၾကဳတ္၌ထည့္သြင္းဌာပနာ နာထားသည္။
(က်န္ပတၱျမား ျပာႆဒ္တစ္ဆူမွာ ေနာင္ပြင့္ေတာ္မူလာမည့္
အရိေမတၱယ် သဗၺညဳ ျမတ္စြာဘုရားသခင္၏ အသံုး အေဆာင္
ေမြေတာ္ဓာတ္ေတာ္ ထည့္သြင္းဌာပနာရန္ ရည္ရြယ္ဟန္တူသည္)
သိၾကားမင္း ဥကၠလာပမင္း တဖုႆ-ဘလႅိက ကုန္သည္ညီေနာင္တုိ႔၏
ပံုတူရုပ္မ်ားကို ေရႊျဖင့္သြန္းလုပ္၍ ဓာတ္ေတာ္မ်ားကို ပူေဇာ္ဟန္ထုလုပ္ထည့္သြင္းၾက၏။
ထိုမွတစ္ပါး ဖေယာင္းတိုင္ ထိပ္ဝ ၃-ဆုပ္ အရပ္ ၇-ေတာင္ရွိေသာ ေလးတိုင္ကို
ေလးမ်က္ႏွာ မီးထြန္းလ်က္ သာသနာေတာ္ ငါးေထာင္ပတ္လံုး မၿငိမ္းဘဲ
တည္ေစေသာ္ဟု ျဗဟၼာ သိၾကား ဥကၠလာပ မင္းတို႔ ဓိဌာန္၍
ထြန္းထားၾက၏။
ထိုမီးသည္ ယခုတိုင္ ရွိ၏ ဟုဆို ၾကေလသည္။
ဆံေတာ္ေဆးရန္ ေရကိုလည္း တြင္းတြင္
ဆင္း၍ ထိုတြင္းကေရႏွင့္ ေဆးေသာေၾကာင့္
ထိုတြင္း ကို ဆံေတာ္တြင္းဟု ေခၚၾက၏။
ဆံေတာ္တြင္း မွာေရႊတိဂံုေစတီ ၏ ေျမာက္ဘက္အာရံုခံ
တန္ေဆာင္းေရွ႕ တြင္ ကပ္လ်က္ ဆံေတာ္တြင္း
တန္ေဆာင္းဟု ယခုတိုင္တည္ရွိ၏။
(အခ်ိဳ႕ေသာဆရာတို႔က ဆံေတာ္ထားေသာေနရာမွာ
တေပါင္းလဆန္း ၁၅-ရက္ ေခါင္ဒီေရတက္သည့္
အခါ ေရ မ်ားေရာက္သည့္ ကမ္းထိပ္ေျမရာႏွင့္
ခ်ိန္၍ထားေပသည္ ဟုဆိုၾက၏)
ထို႔ေနာက္ ေက်ာက္ဖ်ာ ၄- မ်က္ႏွာတြင္ ယႏၲရားမ်ားတပ္ဆင္ထားၿပီး
မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္ တေပါင္း လျပည့္ေန႔တြင္
ေက်ာက္ဖ်ာႀကီးတစ္ခ်ပ္ကို အေပၚမွပိတ္၍
ဌာပနာလိုက္ေလ၏။
ဌပနာတိုက္ကို ပိတ္ထားေသာ
အထက္ေက်ာက္ဖ်ာႀကီး အထက္၌
ပထမေရႊေစတီ၊ ေရႊေစတီကို ေငြေစတီ မ်ိဳ၍ တည္၏။
ေငြေစတီကိုအုပ္၍ မိုးႀကိဳးေစတီတည္၏။
မိုးႀကိဳးေစတီကို ငံု၍ ေၾကးျဖဴေစတီတည္၏။
ေၾကးျဖဴ ေစတီကို မ်ိဳ၍ ေၾကးနီေစတီ တည္၏။
ေၾကးနီေစတီကို လႊမ္း၍ သလႊဲေစတီတည္၏။
သလႊဲေစတီကို အုပ္၍ သံ ေစတီတည္၏။
သံေစတီကိုအုပ္၍ ေက်ာက္ျဖဴေစတီကိုတည္၏။
ဤသို႔ အထပ္ထပ္မ်ိဳ၍ တည္ထားၿပီးမွေရႊ အုပ္ ေငြအုပ္ မိုးႀကိဳးအုပ္ ေၾကး အုပ္ သလႊဲအုပ္ ေက်ာက္ျဖဴအုပ္ ေျမအုပ္တို႔ျဖင့္
ဖိနပ္ေတာ္မွ ငွက္ေပ်ာဖူးေတာ္ အထိ ရတနာ အမ်ိဳးမ်ိဳးျဖင့္ အဆန္းတၾကယ္ မြမ္းမံလ်က္
ဉာဏ္ေတာ္ ၄၄-ေတာင္ (၆၆-ေပ) အျမင့္ရွိေသာ ေစတီေတာ္ကို
တည္ထားကိုးကြယ္ၾက၏။
ထိုေနာက္ ထီးေတာ္ စိန္ဖူးေတာ္ႏွင့္တကြ အၿပီးသတ္ တည္ထားၾက ၏။
ေစတီေတာ္ႀကီးအား လူ နတ္ အေပါင္းေသာင္းေသာင္းျဖျဖ ပူေဇာ္ၾက၏။
ေစတီေတာ္ႀကီးအားလည္း ေရႊတိဂံုေစတီေတာ္ျမတ္ႀကီး ဟူ၍လည္းေကာင္း
ေရႊတိဂံုဆံေတာ္ရွင္ ဟူ၍လည္းေကာင္း တြင္ေစသတည္း။
ဆံေတာ္ဌာပနာျခင္း ေစတီေတာ္တည္ျခင္း စေသာ
ေစတီေတာ္ႀကီး၏ ဗုဒၶကိစၥအဝဝတို႔ကို လူ နတ္ ျဗဟၼာ မႂကြင္း
ဝိုင္းဝန္း ပူေဇာ္ တည္ထားၾကသျဖင့္ လူတစ္ရစ္ နတ္တစ္ရစ္
တည္ထားေသာ ေစတီေတာ္ႀကီးဟု ထင္ ရွားလွ၏။
ေန႔ဘက္တြင္ လူတို႔တည္ေဆာက္၍
ညဘက္တြင္နတ္ေကာင္းနတ္ျမတ္မ်ားက
တည္ထားကိုးကြယ္ကြယ္ၾကသည္ဟု အဆိုရွိေလသည္။
ထိုသို႔ ဗုဒၶကိစၥႀကီးၿပီးၾကလွ်င္
သိၾကား ျဗဟၼာ နတ္တကာတို႔သည္ မိမိတို႔ အရပ္သို႔ အသီးသီးျပန္လာၾကေလသည္။
ထိုအခါ ေစတီေတာ္မွ ေရာင္ျခည္ေတာ္ေျခာက္သြယ္ ကြန္႔ျမဴးလ်က္
လူ နတ္ အမ်ား ေသာင္းေသာင္း ျဖျဖ ပူေဇာ္ၾက ရေလသည္။
ဘုရားေလးဆူတို႔၏ ေမြေတာ္ ဓာတ္ေတာ္မ်ား ဌာပနာရာ
ေစတီေတာ္ျမတ္ႀကီး ျဖစ္ေသာေၾကာင့္
ေလးဆူ ဓာတ္ပံု ေရႊတိဂံု ေစတီေတာ္ျမတ္ႀကီးဟူ၍
ေခၚေဝၚၾကျခင္းျဖစ္ပါတယ္။
ေမတၱာျဖင့္
အန္တီတင့္
(Unicode)
သိသင့်သော ရွှေတိဂုံ ဘုရားသမိုင်း (အကျဉ်း)
ကျမတို့ ဗုဒ္ဓဘာသာ သာသနာတော်ကို ယုံကြည်သက်ဝင်၍ ကိုးကွယ်သော ဓမ္မမိတ်ဆွေများအပြင်မိရိုးဖလာ အစဉ် အဆက်ကို ထိန်းသိမ်း စောင့်ရှောက် ကိုးကွယ်လာသော ဗုဒ္ဓဘာသာဝင်များ အများစုသည်
ရန်ကုန်မြို့သို့ အလည်သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ရောက်လာလျှင်
ရွှေတိဂုံစေတီတော်မြတ်ကြီးအား မဖြစ်မနေ သွားရောက်ဖူးမျှော်လေ့ရှိကြပါတယ်။
ရန်ကုန်တွင် နေထိုင်သူများအဖို့တော့ အထူးတလည် ပြော ဖွယ်ရာမရှိပါ။
ထို့အပြင် ကမ္ဘာလှည့်ခရီးသည်များပင်လျှင် ကမ္ဘာ့အံ့ဖွယ်တွင် ပါဝင်နေသောမြန်မာနိုင်ငံ၏ အထင်ကရဖြစ်သည့်
ဤရွှေတိဂုံစေတီတော်မြတ်ကြီးအား သမိုင်း အမွေအဖြစ် လာရောက်လေ့လာ ဖူးမျှော် ကြပါတယ်။
ထိုသို့ထူးခြားမွန်မြတ်လှသော ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပတ်သက်၍
အနည်းဆုံးတော့ ကျမတို့အားလုံး သမိုင်းအကျဉ်းကို သိထားသင့်သည် မဟုတ်ပါလား။
ရွှေတိဂုံစေတီတော်မြတ်ကြီး ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့သည်
ဘုရား ဗျာဒိတ်တော်အရ သိင်္ဂုတ္တရ ကုန်းတော်ကို စူး စမ်း ရှာဖွေ ကြရာ မတွေ့မရရှိနေ၍
တိုင်းသူပြည်သားများ အကူအညီဖြင့် ရှာဖွေကြပြန်သည်။
ထိုအခါလည်း မည်သူမျှ ရှာဖွေမတွေ့ ကြရပေ။
လူ့လောကတွင် ထိုကုန်းတော်ကို သိသူမရှိသဖြင့် ဥက္ကလာပမင်းကြီးသည်
ခမည်းတော် သိကြားမင်းအား အကူ အညီတောင်းရလေသည်။
သိကြားမင်းသည်လည်း အသက်ငယ်သောကြောင့် ရှေးဘုရားသုံးဆူတို့၏
တောင်ဝှေးတော် ၊ရေစစ်တော် ရေသနုပ်တော်တို့ကို
ကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်ကို မသိဖြစ်လေ၏။
ထို့နောက် အသက်ရှည်သော ကမ္ဘာနတ်ကြီး ၅-ပါးတို့ကို ပင့်ဖိတ်၍ မေးကြရ ၏။
ကမ္ဘာနတ်ကြီး ၅-ပါးမှာ-
၁။ အမြိတ္တရုက္ခဒေဝနတ်
၂။ ဝေဠုသုမနရုက္ခဒေဝနတ်
၃။ ဥဒုမ္ဗရရုက္ခဒေဝနတ်
၄။ ခေပသွယ်ရုက္ခဒေဝနတ်
၅။ သော်ကရုက္ခဒေဝနတ် တို့ဖြစ်ကြ၏။
ထိုငါးပါးတွင် အမြိတ္တရုက္ခဒေဝနတ်ကို
ယခုအခါ မှော်ဘီနတ်ကြီး ခေါ် ကြ၏။
ဥက္ကလာပမင်းကြီး ကုန်သည်ညီနောင် တဖုဿနှင့်ဘလ္လိက
ထိုနတ်ကြီးတို့ရောက်လာ၍ သိကြားမင်းသည် သိင်္ဂုတ္တရကုန်းကို သိမြင်ဖူး၏လောဟု
အစဉ်အတိုင်း မေးတော် မူရာ အမြိတ္တရရုက္ခစိုးနတ်ကြီး ပြောဆိုသည်ကား
ကျွန်တော်သည် ရှေးအထက်က ဘီလူးဖြစ်စဉ်အခါက ကကုသန် ဘုရားကြွ လာသည်ကို မြင်၍
ဖမ်းစားမည်ဟု လိုက်လေလျှင် ဘုရားသခင်လည်း ကျွန်တော့ကို တရားဟော၍
သရဏဂုံ ပဉ္စသီလတို့ ကို ချီးမြှောက်တော်မူပြီးလျှင်
လက်တော်၌ပါသော တောင်ဝှေးတော်ကို ပေးသွားတော်မူခဲ့ပါသည်။
ထိုတောင်ဝှေးတော်ကို သိင်္ဂုတ္တရကုန်းတော်ရှိ ကညစ်ပင်ကြီးအောက် မြှုပ်ထားပါ သည်ဟုဆို၏။
သိင်္ဂုတ္တရတောင်ကုန်း သိဂုၤတ္တရ ဥယျဉ်တော် ကကုသန္ဒမြတ်စွာဘုရား (တောင်ဝှေးတော်)
ထို့နောက် ဝေဠုသုမနရုက္ခစိုးနတ်ကြီး ဆိုသည်ကား
ကျွန်တော်လည်း အထက်ကဘီလူးဖြစ်ပါသည်။
ထိုအခါ ကောဏဂုံ ဘုရားသခင် ကြွလာတော်မူသည်နှင့် ဖမ်းစားမည်ဟု လိုက်သွားရာ
ရှင်တော်ဘုရားလည်း တရား တော်ဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်တော်မူခဲ့ပြီးလျှင်
ဓမ္မကရိုဏ်ရေစစ်တော်ကို ပေးသွားတော် မူခဲ့ပါသည်။
ထိုဓမ္မကရိုဏ်ရေစစ်တော်ကို သိဂုၤတ္တရတောင်ထိပ်ရှိ ကညင်ပင်အောက်၌ မြှုပ်ထားပါသည်ဟု ဆို၏။
ကောဏဂမနမြတ်စွာဘုရား (ရေစစ်တော်)
ထို့နောက် ဥဒုမ္ဗရရုက္ခစိုးအဆိုမှာ
ကျွန်တော်လည်း အထက်ကဘီလူးဖြစ်နေသည့်အခါ
ကဿပမြတ်စွာဘုရား သခင် ကြွတော်မူသည်နှင့် ဖမ်းစားမည်ဟုလိုက်လေရာ
ရှင်တော်ဘုရားလည်း တရားဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်တော်မူသဖြင့်
ရေသနုပ်တော်ကို ပေးသနားတော်မူခဲ့ပါသည်။
ထိုရေသနုပ်တော်ကို သိင်္ဂုတ္တရကုန်းတော်က ကညင်ပင်အောက်၌ မြှုပ်ထားပါသည်ဟုဆို၏။
ကဿပမြတ်စွာဘုရား (ရေသနုပ်သင်္ကန်းတော်)
ခေပသွယ်နတ် သော်ကနတ်တို့ကလည်း
ကျွန်ုပ်တို့သည် ယခုဂေါတမဘုရား လက်ထက်ကစ၍
အရိမေတ္တယျဘုရားပွင့်သည့်တိုင်အောင် အသက်ရှည်၍
သာသနာတော်ကို စောင့်ထိန်းရပါသည် ဟုဆို၏။
ဂေါတမမြတ်စွာဘုရား (ဆံတော်ရှစ်ဆူ)
ထိုနတ်ကြီးငါးပါး သိကြားမင်း ဗြဟ္မာ ဥက္ကလာပမင်းတို့ တိုင်ပင်စုဝေ
စစ်ဆေးပြောဆိုကြသောနေရာကို စုဝေး ကုန်း ဟုခေါ်၏။
ယခုကား ဆူးလေကုန်းဟု ခေါ်ကြ၏။
ထိုနတ်မင်းကြီး ငါးပါးစလုံးကပင် ရှေးဘုရား သုံးဆူတို့၏
တောင်ဝှေးတော် ရေစစ်တော် ရေသနုပ်တော်တို့ ကိန်းဝပ်ရာ
သိင်္ဂုတ္တရကုန်းတော်ကို အညီအညွတ် ညွှန်ပြကြသဖြင့် တွေ့ရှိကြရ၏။
သိင်္ဂုတ္တရကုန်းသည် အသိ တဉ္စနမြို့၏
အရှေ့ မျက်နှာတောင်ကုန်း ၉၉-ကုန်း အရံရှိသော တောင်ကုန်းထိပ်ဖြစ်လေသည်။
သိင်္ဂုတ္တရတောင်ကုန်းပေါ်မှရင်ပြင်သို့မြင်တွေ့ရပုံ ထိုသို့ ဘုရားရှင် ဗျာဒိတ်တော်အတိုင်း
သိင်္ဂုတ္တရကုန်းတော်ကို တွေ့ရှိကြသောအခါ
ဥက္ကလာပမင်း သိကြားမင်း ကုန်သည် ညီနောင် - သူမြတ်လေးဦးတို့ ညီညွတ်တိုင်ပင်၍
ပြည်သူတို့ စုပေါင်းပါဝင်လျက် ဘုရားရှင် သုံးဆူ တို့၏ ဓာတ်တော်ဌာပနာရာ အရပ်တွင်
ဥမင်အစောက် အဝ အလျား လေးဆယ့်လေးတောင်စီအညီတူးကြ၏။
(ဤ၌ အချို့သော ဆရာတို့က ရန်သူတို့ ဓာတ်တော်များကို အလွယ်တကူ မဖျက်ဆီးစေနိုင်ရန်
အလွန်နက် သော ဌာပနာ တိုက်၌ ထည့်သွင်းရန် သိင်္ဂုတ္တရကုန်းတော် အလည်တည့်တည့်တွင်
အစောက် ၄၀၄ တောင် အနံ ၄၄ တောင်ရှိသော ဥမင် လိုဏ်ဂူကြီးတူး၏ ဟု ဆိုကြ၏)
ဌာပနာတိုက် ထိုအခါ လူတို့သည် သွေးမွှန်သော ရောဂါဖြစ်ကြ၍ မိုက်မူးတွေဝေသဖြင့်
အတုံးအရုံး ပြိုလဲကြ၏။
သိကြားမင်း သည် နတ်၏ တန်ခိုးဖြင့် ရေကန်ဖန်ဆင်းပြီးလျှင်
ထိုရေကန်၌ ဒေဝသြသဓ နတ်ဆေးကို ခပ်၍ လူအပေါင်းအား
သောက်ခြင်း ရှူခြင်း မျက်နှာသစ်ခြင်းကို ပြုစေလျှင်
သွေးရောဂါမှ စ၍ ၉၆-ပါးသော ရောဂါတို့သည် ကင်းကွာကြလေ၏။
ထို့ကြောင့် ထိုကန်ကို သိကြားမင်းက သွေးရောဂါကြောင့်
ဆေးခပ်သော ရေကန်ဖြစ်၍ သွေးဆေးကန်ဟု ခေါ်ကြလေ၏။
ထိုကန်သည် ရွှေတိဂုံစေတီတော် မြောက်ဖက်စောင်းတန်းထိပ်တွင်ရှိသည်။
သွေးဆေးကန် ထိုသို့ ဥမင်လိုဏ်ကိုတူးကြသောအခါ
လှော်ဦးစဖြစ်သော ဇမ္ဗူရာဇ် နာရဏီရွှေကိုတွေ့ရဘိသကဲ့သို့
ကကုသန် မြတ်စွာ ဘုရား ပွင့်တော်မူသည့် ကာလအသုံးအဆောင် တောင်ဝှေး၊
ကောဏဂုံ မြတ်စွာဘုရား၏ အသုံး အဆောင် ဓမ္မကရိုဏ်ရေစစ်တော်၊
ကဿပမြတ်စွာဘုရား ပွင့်တော်မူသည့်ကာလ အသုံးအဆောင် ရေသနုပ် သင်္ကန်းတော်တို့ကို
ဖူးတွေ့ကြရလေ သည်။
ဥက္ကလာပမင်းကြီးနှင့် ပြည်သူအပေါင်းတို့သည် ဆံတော်ဓာတ်မြတ် ရှစ်ဆူနှင့်တကွ
ဤဘဒ္ဒကပ် ကမ္ဘာတွင် ပွင့်တော် မူသော ဘုရားသုံးဆူတို့၏
ပရိဘောဂ မွေတော် ဓာတ်တော် ဓာတ်မြတ် ၃-မျိုးကို စေတီတည်ထား ကိုးကွယ်ရန် အတွက်
သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် ကြီးကျယ်ခမ်းနားစွာ စံကျောင်းမဏ္ဍာပ်ကြီး
တည်ဆောက် ခေတ္တထားရှိ ပူဇော်ကြ၏။
ယင်းနေရာ အထိမ်းအမှတ် စေတီတော်တည်ထားရာ
“နောင်တော်ကြီး” စေတီ တော်ဟူ၍ ယခုတိုင် တွင်ရစ်လေသည်။
ထိုနောင်တော်ကြီးစေတီတော်သည် ယခုအခါ ရွှေတိဂုံစေတီတော် မြတ်ကြီး အနီးအပါး
သိင်္ဂုတ္တရကုန်းတော်အပေါ် အရှေ့မြောက် အရပ်တွင် ရှိလေသည်။
နောင်တော်ကြီးဘုရား သိကြားမင်း ဥက္ကလာပမင်း၊
ကုန်သည်ညီနောင်တို့နှင့် ပြည်သူအပေါင်းသည်
ကျောက်ဖျာကြီး ၆-ချပ်ကိုပြုလုပ်၍
အလျား အနံ အစောက် ၄၄-တောင်ရှိသော
ဥမင်တိုက်တွင်ကျောက်ဖျာကြီး တစ်ချပ်ကိုခင်းသည်။
အနဂ ္ဃ ထိုက်တန်သော ရတနာ အမျိုးမျိုးကို
ပုဆစ်ဒူးနစ်အောင် ထည့်သွင်း၍လည်းကောင်း
ရတနားများ အပေါ်မှ ရတနာအမျိုးမျိုး မွမ်းမံသော
ရွှေ သင်္ဘောကိုထား၏။
ရွှေသင်္ဘောထက်၌ ရတနာအတိ ဖြစ်သော ပြာဿဒ် ၅-ဆူတွင်
ပတ္တမြား ပြာဿဒ် တစ်ဆူစီသွင်းထား၏။
ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်
ကောဏာဂုံ မြတ်စွာဘုရား၏ ရေစစ်တော်
ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော်ကို
ပတ္တမြား ပြာဿဒ် ၃-ဆူတွင် တစ်ဆူစီ သွင်းထား၏။
ဂေါတမမြတ်စွာဘုရားဖြစ်စ
ရက် ၅၀- မြောက်နေ့က တဖုဿ-ဘလ္လိကတို့ ရခဲ့သည့်
ဆံတော်ဓာတ်မြတ် ရှစ် ဆူကို ရတနာ အတိဖြစ်သော ပြာဿဒ်အတွင်း
ပတ္တမြားပြာဿဒ် အတွင်း ပတ္တမြားကြုတ်၌ထည့်သွင်းဌာပနာ နာထားသည်။
(ကျန်ပတ္တမြား ပြာဿဒ်တစ်ဆူမှာ နောင်ပွင့်တော်မူလာမည့်
အရိမေတ္တယျ သဗ္ဗညု မြတ်စွာဘုရားသခင်၏ အသုံး အဆောင်
မွေတော်ဓာတ်တော် ထည့်သွင်းဌာပနာရန် ရည်ရွယ်ဟန်တူသည်)
သိကြားမင်း ဥက္ကလာပမင်း တဖုဿ-ဘလ္လိက ကုန်သည်ညီနောင်တို့၏
ပုံတူရုပ်များကို ရွှေဖြင့်သွန်းလုပ်၍ ဓာတ်တော်များကို ပူဇော်ဟန်ထုလုပ်ထည့်သွင်းကြ၏။
ထိုမှတစ်ပါး ဖယောင်းတိုင် ထိပ်ဝ ၃-ဆုပ် အရပ် ၇-တောင်ရှိသော လေးတိုင်ကို
လေးမျက်နှာ မီးထွန်းလျက် သာသနာတော် ငါးထောင်ပတ်လုံး မငြိမ်းဘဲ
တည်စေသော်ဟု ဗြဟ္မာ သိကြား ဥက္ကလာပ မင်းတို့ ဓိဌာန်၍
ထွန်းထားကြ၏။
ထိုမီးသည် ယခုတိုင် ရှိ၏ ဟုဆို ကြလေသည်။
ဆံတော်ဆေးရန် ရေကိုလည်း တွင်းတွင်
ဆင်း၍ ထိုတွင်းကရေနှင့် ဆေးသောကြောင့်
ထိုတွင်း ကို ဆံတော်တွင်းဟု ခေါ်ကြ၏။
ဆံတော်တွင်း မှာရွှေတိဂုံစေတီ ၏ မြောက်ဘက်အာရုံခံ
တန်ဆောင်းရှေ့ တွင် ကပ်လျက် ဆံတော်တွင်း
တန်ဆောင်းဟု ယခုတိုင်တည်ရှိ၏။
(အချို့သောဆရာတို့က ဆံတော်ထားသောနေရာမှာ
တပေါင်းလဆန်း ၁၅-ရက် ခေါင်ဒီရေတက်သည့်
အခါ ရေ များရောက်သည့် ကမ်းထိပ်မြေရာနှင့်
ချိန်၍ထားပေသည် ဟုဆိုကြ၏)
ထို့နောက် ကျောက်ဖျာ ၄- မျက်နှာတွင် ယန္တရားများတပ်ဆင်ထားပြီး
မဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပေါင်း လပြည့်နေ့တွင်
ကျောက်ဖျာကြီးတစ်ချပ်ကို အပေါ်မှပိတ်၍
ဌာပနာလိုက်လေ၏။
ဌပနာတိုက်ကို ပိတ်ထားသော
အထက်ကျောက်ဖျာကြီး အထက်၌
ပထမရွှေစေတီ၊ ရွှေစေတီကို ငွေစေတီ မျို၍ တည်၏။
ငွေစေတီကိုအုပ်၍ မိုးကြိုးစေတီတည်၏။
မိုးကြိုးစေတီကို ငုံ၍ ကြေးဖြူစေတီတည်၏။
ကြေးဖြူ စေတီကို မျို၍ ကြေးနီစေတီ တည်၏။
ကြေးနီစေတီကို လွှမ်း၍ သလွှဲစေတီတည်၏။
သလွှဲစေတီကို အုပ်၍ သံ စေတီတည်၏။
သံစေတီကိုအုပ်၍ ကျောက်ဖြူစေတီကိုတည်၏။
ဤသို့ အထပ်ထပ်မျို၍ တည်ထားပြီးမှရွှေ အုပ် ငွေအုပ် မိုးကြိုးအုပ် ကြေး အုပ် သလွှဲအုပ် ကျောက်ဖြူအုပ် မြေအုပ်တို့ဖြင့်
ဖိနပ်တော်မှ ငှက်ပျောဖူးတော် အထိ ရတနာ အမျိုးမျိုးဖြင့် အဆန်းတကြယ် မွမ်းမံလျက်
ဉာဏ်တော် ၄၄-တောင် (၆၆-ပေ) အမြင့်ရှိသော စေတီတော်ကို
တည်ထားကိုးကွယ်ကြ၏။
ထိုနောက် ထီးတော် စိန်ဖူးတော်နှင့်တကွ အပြီးသတ် တည်ထားကြ ၏။
စေတီတော်ကြီးအား လူ နတ် အပေါင်းသောင်းသောင်းဖြဖြ ပူဇော်ကြ၏။
စေတီတော်ကြီးအားလည်း ရွှေတိဂုံစေတီတော်မြတ်ကြီး ဟူ၍လည်းကောင်း
ရွှေတိဂုံဆံတော်ရှင် ဟူ၍လည်းကောင်း တွင်စေသတည်း။
ဆံတော်ဌာပနာခြင်း စေတီတော်တည်ခြင်း စသော
စေတီတော်ကြီး၏ ဗုဒ္ဓကိစ္စအဝဝတို့ကို လူ နတ် ဗြဟ္မာ မကြွင်း
ဝိုင်းဝန်း ပူဇော် တည်ထားကြသဖြင့် လူတစ်ရစ် နတ်တစ်ရစ်
တည်ထားသော စေတီတော်ကြီးဟု ထင် ရှားလှ၏။
နေ့ဘက်တွင် လူတို့တည်ဆောက်၍
ညဘက်တွင်နတ်ကောင်းနတ်မြတ်များက
တည်ထားကိုးကွယ်ကွယ်ကြသည်ဟု အဆိုရှိလေသည်။
ထိုသို့ ဗုဒ္ဓကိစ္စကြီးပြီးကြလျှင်
သိကြား ဗြဟ္မာ နတ်တကာတို့သည် မိမိတို့ အရပ်သို့ အသီးသီးပြန်လာကြလေသည်။
ထိုအခါ စေတီတော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက်
လူ နတ် အများ သောင်းသောင်း ဖြဖြ ပူဇော်ကြ ရလေသည်။
ဘုရားလေးဆူတို့၏ မွေတော် ဓာတ်တော်များ ဌာပနာရာ
စေတီတော်မြတ်ကြီး ဖြစ်သောကြောင့်
လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးဟူ၍
ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။
မေတ္တာဖြင့်
အန်တီတင့်
No comments:
Post a Comment