သြားပိုးစားျခင္းနဲ႔ သြားအေခါင္းေပါက္ျဖစ္ျခင္းကို သက္သာေစမယ့္ သဘာဝနည္းလမ္း
သြားပိုးစားျခင္းနဲ႔ သြားအေခါင္းေပါက္ျဖစ္တာဟာ ဒီကေန႔ ကမၻာေပၚမွာ အျဖစ္မ်ားတဲ့ ခံတြင္းက်န္းမာေရးဆိုင္ရာ ျပႆနာတစ္ခုပါပဲ။
အထူးသျဖင့္ ကေလး၊ လူငယ္နဲ႔ အသက္ႀကီးတဲ့လူႀကီးေတြမွာ ျဖစ္တတ္ၿပီး လူတိုင္းလိုလို သြားအေခါင္းေပါက္ျဖစ္ႏိုင္ပါတယ္။
အဲဒီလို သြားပိုးစားတာ၊ သြားအေခါင္းေပါက္ျဖစ္လာၿပီဆိုရင္ သြားကို ေသခ်ာဂရုစိုက္ဖို႔လိုပါတယ္။
တစ္ေန႔ကို မနက္တစ္ႀကိမ္ ည တစ္ႀကိမ္ ၂ မိနစ္ေလာက္အခ်ိန္ယူၿပီး သြားတိုက္ေပးသင့္ပါတယ္။
သြားပိုးစားတာ သြားအေခါင္းေပါက္ျဖစ္တာေတြက ေနာက္ပိုင္း သြားကိုက္တာ၊ သြားက်ိဳးတာနဲ႔ သြားနဲ႔ဆိုင္ရာတျခား ေ၀ဒနာေတြျဖစ္ေပၚေစပါတယ္။
သင့္ခံတြင္းကို က်န္းမာေစမယ့္ နည္းလမ္းကို မွ်ေ၀ေပးပါမယ္။
၁။ ေလးညွင္းပြင့္
ေလးညွင့္ပြင့္ဆီ ၂ စက္ ၃ စက္ နဲ႔ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁/၄ ပံုထည့္လိုက္ပါ။
ၿပီးရင္ ၀ါဂြမ္းေလးနဲ႔ တို႔ၿပီး သြားနားမွာ ကပ္ေပးထားပါ။
ညအိပ္ယာမ၀င္ခင္တိုင္းလုပ္ေပးပါ။
ေလးညွင္းဆီကို မခဏခဏမသံုးဖို႔လိုပါတယ္။
၂။ ဆား
ဆားကိုလည္း သြားပိုးစားျခင္း သြားအေခါင္းေပါက္ျဖစ္ျခင္းကေန ျဖစ္ေပၚလာမယ့္ သြားကိုက္ျခင္းနဲ႔ တျခား ကူးစက္ေရာဂါေတြကို ကာကြယ္ဖို႔သံုးႏိုင္ပါတယ္။
ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရေႏြးတစ္ခြက္နဲ႔ေရာလိုက္ပါ။
ၿပီးရင္ ငံုၿပီး ၁ မိနစ္ေလာက္ ပလုတ္က်င္းလုိက္ပါ။
တစ္ေန႔ ၃ ႀကိမ္လုပ္ႏိုင္ပါတယ္။
၃။ ႏွမ္းဆီ
သြားပိုးစားျခင္း၊ သြားေခါင္ေပါက္ျဖစ္ျခင္းကို သက္သာေစဖို႔သာမက သြားဖံုးေသြးယိုျခင္းနဲ႔ ခံတြင္းနံ႔ဆိုးတာကိုပါသက္သာေစဖို႔အတြက္ ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း ကို ပါးစပ္ထဲထည့္ၿပီး ငံုထားပါ။
ၿပီးရင္ မိနစ္ ၂၀ ေလာက္ျဖည္းျဖည္းခ်င္ ပလုတ္က်င္းေနပါ။
ဆီကိုမၿမိဳခ်ဘဲ ေထြးထုတ္လိုက္ပါ။
ၿပီးရင္ ေရေႏြးေလးနဲ႔ ေဆးခ်ပါ။
ဆားရည္နဲ႔လည္း ေဆးခ်လို႔ရပါတယ္။
ၿပီးရင္ သြားတိုက္လိုက္ပါ။
မနက္တိုင္း လုပ္ႏိုင္ပါတယ္။
အုန္းဆီနဲ႔ ေနၾကာဆီကိုလည္းသံုးလုိ႔ရပါတယ္ေနာ္။
၄။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴ ၃ မႊာ ၄ မႊာကိုႀကိတ္ၿပီး ဆား လက္ဖက္ရည္ဇြန္း ၁ / ၄ ပံုနဲ႔ေရာလိုက္ပါ။
ၿပီးရင္ သြားပိုးစားတဲ့ေနရာမွာ လိမ္းေပးထားၿပီး ၁၀ မိနစ္ေလာက္ထားကာ ပလုတ္က်င္းခ်လိုက္ပါ။
သြားအေခါင္းေပါက္ျဖစ္တာကို ေလွ်ာ့ခ်ႏို္င္ဖို႔အတြက္ တစ္ေန႔ ၂ ႀကိမ္လုပ္ပါ။
သြားကိုက္ရင္ေတာ့ ၾကက္သြန္ျဖဴကိုပဲသံုးၿပီး သြားနားမွာ ပြတ္ေပး ကိုက္ေပး လို႔ရပါတယ္။
My style myanmar
(Unicode)
သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်ခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်း
သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက်ဖြစ်တာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုပါပဲ။
အထူးသဖြင့် ကလေး၊ လူငယ်နဲ့ အသက်ကြီးတဲ့လူကြီးတွေမှာ ဖြစ်တတ်ပြီး လူတိုင်းလိုလို သွားအခေါင်းပေါက်ဖြစ်နိုင်ပါတယ်။
အဲဒီလို သွားပိုးစားတာ၊ သွားအခေါင်းပေါက်ဖြစ်လာပြီဆိုရင် သွားကို သေချာဂရုစိုက်ဖို့လိုပါတယ်။
တစ်နေ့ကို မနက်တစ်ကြိမ် ည တစ်ကြိမ် ၂ မိနစ်လောက်အချိန်ယူပြီး သွားတိုက်ပေးသင့်ပါတယ်။
သွားပိုးစားတာ သွားအခေါင်းပေါက်ဖြစ်တာတွေက နောက်ပိုင်း သွားကိုက်တာ၊ သွားကျိုးတာနဲ့ သွားနဲ့ဆိုင်ရာတခြား ဝေဒနာတွေဖြစ်ပေါ်စေပါတယ်။
သင့်ခံတွင်းကို ကျန်းမာစေမယ့် နည်းလမ်းကို မျှဝေပေးပါမယ်။
၁။ လေးညှင်းပွင့်
လေးညှင့်ပွင့်ဆီ ၂ စက် ၃ စက် နဲ့ နှမ်းဆီ စားပွဲတင်ဇွန်း ၁/၄ ပုံထည့်လိုက်ပါ။
ပြီးရင် ဝါဂွမ်းလေးနဲ့ တို့ပြီး သွားနားမှာ ကပ်ပေးထားပါ။
ညအိပ်ယာမဝင်ခင်တိုင်းလုပ်ပေးပါ။
လေးညှင်းဆီကို မခဏခဏမသုံးဖို့လိုပါတယ်။
၂။ ဆား
ဆားကိုလည်း သွားပိုးစားခြင်း သွားအခေါင်းပေါက်ဖြစ်ခြင်းကနေ ဖြစ်ပေါ်လာမယ့် သွားကိုက်ခြင်းနဲ့ တခြား ကူးစက်ရောဂါတွေကို ကာကွယ်ဖို့သုံးနိုင်ပါတယ်။
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးတစ်ခွက်နဲ့ရောလိုက်ပါ။
ပြီးရင် ငုံပြီး ၁ မိနစ်လောက် ပလုတ်ကျင်းလိုက်ပါ။
တစ်နေ့ ၃ ကြိမ်လုပ်နိုင်ပါတယ်။
၃။ နှမ်းဆီ
သွားပိုးစားခြင်း၊ သွားခေါင်ပေါက်ဖြစ်ခြင်းကို သက်သာစေဖို့သာမက သွားဖုံးသွေးယိုခြင်းနဲ့ ခံတွင်းနံ့ဆိုးတာကိုပါသက်သာစေဖို့အတွက် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ကို ပါးစပ်ထဲထည့်ပြီး ငုံထားပါ။
ပြီးရင် မိနစ် ၂၀ လောက်ဖြည်းဖြည်းချင် ပလုတ်ကျင်းနေပါ။
ဆီကိုမမြိုချဘဲ ထွေးထုတ်လိုက်ပါ။
ပြီးရင် ရေနွေးလေးနဲ့ ဆေးချပါ။
ဆားရည်နဲ့လည်း ဆေးချလို့ရပါတယ်။
ပြီးရင် သွားတိုက်လိုက်ပါ။
မနက်တိုင်း လုပ်နိုင်ပါတယ်။
အုန်းဆီနဲ့ နေကြာဆီကိုလည်းသုံးလို့ရပါတယ်နော်။
၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ၃ မွှာ ၄ မွှာကိုကြိတ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ / ၄ ပုံနဲ့ရောလိုက်ပါ။
ပြီးရင် သွားပိုးစားတဲ့နေရာမှာ လိမ်းပေးထားပြီး ၁၀ မိနစ်လောက်ထားကာ ပလုတ်ကျင်းချလိုက်ပါ။
သွားအခေါင်းပေါက်ဖြစ်တာကို လျှော့ချနိုင်ဖို့အတွက် တစ်နေ့ ၂ ကြိမ်လုပ်ပါ။
သွားကိုက်ရင်တော့ ကြက်သွန်ဖြူကိုပဲသုံးပြီး သွားနားမှာ ပွတ်ပေး ကိုက်ပေး လို့ရပါတယ်။
My style myanmar
No comments:
Post a Comment