ကမ္ဘာ့ အကောင်းဆုံးး ချစ်နည်း
ဒီစာဖတ်မိတာ နောက်ကျသွားတယ်ကွယ်
***'' ကမ္ဘာ့ အကောင်းဆုံးး ချစ်နည်း''***
အဝေးကနေပဲ ခိုးပြီး ချစ်ကြည့်လိုက်စမ်းပါ။
အရမ်းကို ခံစားရ သက်သာတယ်။
ပြီးတော့ အဲ့ဒီ့feel က ဘယ်လို အရသာနဲ့မှ လဲ လို့ မရဘူး ။
သူ့ ကို သတိရတဲ့ အချိန်ဆို ဘယ်သူမှခယပြီး သိနေစရာမလိုဘူး။
ကိုယ့်ကိုကိုယ်ပဲ သိနေလိမ့်မယ် ။
ခံစားချက်လေးကို ရင်ထဲမှာ သိမ်းထားရတာ
မရိုးမရွလေးနဲ့ ။
သိပ်ခံစားလို့ကောင်းပါ့။
သူ့ကို ချစ်ပါတယ် ဆိုပြီး ကိုယ့်ခံစားချက်တွေ
သူသိနေဖို့ နည်းမျိုးစုံနဲ့ ချပြနေစရာ မလိုဘူး။
ကိုယ်တစ်ယောက်ထဲပဲ သိတယ် ။
ကိုယ့်ရဲ့ ခံစားချက်တွေကို ချိပ်ပိတ် ထားရတဲ့ အရသာက တစ်ကယ့်ရှယ် ပေါ့။
ကိုယ် ချစ်တာ သူ သိသွားရင် ကိုယ့်အပေါ်မှာ
ဒုက္ခ လှလှလေးတွေ ရလာတော့မှာ ။
သူ မာန်တွေ တက်လာတော့မယ် ။အထာတွေ ကိုင်လာတော့မယ် ။
ချေတယ် ဆိုတာ ကိုယ် ချစ်နေတာ သူ စ ,သိသွားတဲ့ အချိန် က စတာပဲ ။
ဒါ့ကြောင့် သူ့ ကို သတိရကြောင်းနဲ့ ချစ်တဲ့ အကြောင်းတွေသူ့ကို တစ်စက်ကလေးတောင်မသိစေနဲ့ ။
သူခိုးကျင့် သူခိုးအကြံနဲ့ပဲ ခိုး , ချစ်လိုက်စမ်းပါ။
အနည်းဆုံးတော့ သူ့ရဲ့ ဥပေက္ခာ ပြု ခံရတာတွေကို ခံနေစရာမလိုတော့ဘူး။
ကိုယ့်ဘာသာ တိတ်တိတ်လေး နေမယ် ။
အေးဆေးလေး သူ့ကို ချစ်မယ် ။
သူ့အတွက် နေရာတစ်ခု က ခိုးချစ်နေရရင်ကို
ကျေနပ်လိုက်စမ်းပါ။
ကိုယ့်ရဲ့ ခံစားချက်တွေကို ရေစုန်မှာ ကားယားအိပ်ပြီး မျှောခိုင်းနေတာ မဟုတ်ဘူး။
သူ့ကို ပိုင်ဆိုင်ခွင့် မရတော့ဘူးဆိုပြီးတော့လည်း ပင့်သက်တွေ ရှိုက်မနေနဲ့ ။
သူခိုးကျင့် သူခိုးကြံနဲ့ ချစ်တယ် ဆိုတဲ့ရည်ရွယ်ချက်က ရရင် ရသလို အလစ်သုတ်နိုင်ရမယ် ဆိုတာ အဓိကပဲ ။
(မျက်လုံးလေးများ လည်သွားသလား ဟမ့် . .)
ကိုယ်ချစ်တဲ့ သူကို ကိုယ်က ဖွန်ကြောင်နေမှန်း
တစ်စက်ကလေးမှ (လုံးဝ ) မသိစေဘူး။
ဒါပေမဲ့ သူ့အနားလေးမှာ အမြဲ အသင့် ရှိနေရမယ် ။
အေး . . .
အခြေအနေကောင်းတာနဲ့ တစ်ခါထဲ ရရင် ရသလို ၊ လစ်ရင်လစ်သလို . . .
အလစ်သုတ်နိုင်ရမှာ ကိုယ့်တာဝန်. . .
ငိ ငိ . . .။
သူခိုးကျင့်သူခိုးကြံနဲ့ ခိုးချစ်နိုင်ကြပါစေ ။
®ခဲတံ®(သူခိုးကြီးများ ခေါင်းဆောင်)

လည်ပတ်ရန်{ ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment