နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ပုံစံဖြင့် ယူနီဖောင်းများ ဝတ်ဆင်ခြင်း မပြုရန် ချပြရှင်းလင်းခြင်းနှင့် လုံခြုံရေး၊ မှုခင်းပိုင်းဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ယနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအချိန်ထိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ပုံစံဖြင့် ယူနီဖောင်းများ ဝတ်ဆင် ခြင်းမပြုရန် ချပြရှင်းလင်းခြင်းနှင့် လုံခြုံရေး၊ မှုခင်းပိုင်းဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင် က လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ပုံစံတူများ တုပဝတ်ဆင်အသုံးပြုခြင်းမပြုလုပ်ရန်၊ ဆောင်ရန်/ ရှောင်ရန်များ၊ ဥပဒေပိုင်းဆိုင်ရာများကိုလည်းကောင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးပိုင်းဆိုင်ရာ များတွင် ပြည်သူများက ပါဝင်ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များအား ရှင်းလင်း ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီ ပိုင်ရှင်များ၊ CTTY SQUARE နှင့် စူပါမတ်ကက်ပိုင်ရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်း ရှင်များ၊ ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment