မ်ွစ္ေရာင္းတဲ့ မွ်စ္သည္ရဲ႕သားက ႐ုပ္ရွင္ဆယ္လီေတြကို ေရႊထည္ေတြ စပြန္စာေပးႏိုင္ေလာက္ေအာင္ထိ ဘယ္လိုခ်မ္းသာလာတာလဲ
ေအာင္သမာဓိ ဦးေအာင္ဆန္းဝင္း၏ ရင္တြင္းစကား။
အခုတစ္ပတ္အတြက္ မႏၲေလးလမ္းၫႊန္ website မွာအခက္အခဲမွ အခြင့္အလမ္းရွာတတ္တဲ့ စိန္ေရႊရတနာဆိုင္ႏွင့္ ေရႊသန္႔စင္လုပ္ငန္းကို ဦးစီးလုပ္ကိုင္ေနတဲ့ ေအာင္သမာဓိဦးေအာင္ (ခ) ဦးေအာင္ဆန္းဝင္း ရဲ႕ ရင္တြင္းစကားေလးေတြကို တင္ျပေပးသြားမွာျဖစ္ပါတယ္။
👉 ကြမ္းယာသည္ဘဝကေန ေရႊလုပ္ငန္းရွင္ ျဖစ္လာတယ္လို႔သိရပါတယ္။ ဘယ္လိုႀကိဳးစားခဲ့ရတယ္ဆိုတာကို ေအာင္ျမင္လိုသူ လူငယ္ေတြအတြက္ ေျပာျပပါဦး။
👉 ကြ်န္ေတာ့ကို မတၱရာၿမိဳ႕နယ္၊ ေရနံ႔သာေက်းရြာမွာ သစ္ေတာ၊ ေတာေခါင္းႀကီး ဦးထြန္းေရႊ၊ ေဒၚၾကည္ၿမိဳင္ တို႔က ေမြးဖြားပါတယ္။ စဥ့္ကူးၿမိဳ႕နယ္ လက္ပံလွရြာမွာ ႀကီးျပင္းခဲ့ၿပီး ေမြးခ်င္း ၆ ေယာက္မွွာ ဒုတိယေျမာက္ သားျဖစ္ပါတယ္။
ငယ္ဘဝအေနနဲ႔ေတာ့ အေတာ္ေလးဆင္းရဲခဲ့တယ္လို႔ ေျပာရမွာေပါ့ေလ၊ ကြ်န္ေတာ္ ၁ဝတန္းေက်ာင္းသားဘဝမွာ ညဆိုရင္ ဓါးေသြး၊ မနက္ ၄ နာရီ အိပ္ရာထ၊ ထင္းေတာတက္၊ ထင္းျဖတ္ခဲ့ရတာ၊ ညေန ၄ နာရီမွ အိမ္ျပန္ေရာက္တယ္၊ အဲဒီတုန္းက ေျခာက္လက္မ ထင္းတစ္ေခ်ာင္းမွ တစ္က်ပ္ပဲရတာ၊အေမကမွ်စ္လည္းေရာင္းတယ္၊ မွ်စ္ေတြကို အိုးထဲက လက္နဲ႔ႏွိဳက္ရတာ၊ လက္သည္းေတြ ပဲ့ကုန္တယ္၊ အေမက မိုးကုတ္တက္ၿပီး ခရမ္းခ်ဥ္သီးလည္းေရာင္းတယ္၊ မႏၲေလးကေန မိုးကုတ္တက္တဲ့ ကားေတြက ကြ်န္ေတာ္တို႔ရြာကုိ အိပ္ေကာင္းတဲ့အခ်ိန္ ည ၁၁ နာရီေက်ာ္၊ ၁၂ နာရီဆို ေရာက္ၿပီ၊ အိပ္ရာကထ၊ ခရမ္းခ်ဥ္သီး ေသတၱၠၱာေတြ ကားေပၚ ထမ္းတင္ေပးရတယ္၊
၁ဝ တန္း မေအာင္ခဲ့ပါဘူး၊ မိသားစုမွာ အႀကီးျဖစ္ေတာ့ တကၱၠသိုလ္တက္မယ့္ ညီေတြကို ဦးစားေပးၿပီး မိသားစုတာဝန္ကို တစ္ဖက္က မိဘမ်ားႏွင့္အတူ ထမ္းေဆာင္ ရပါတယ္၊ကြ်န္ေတာ္တို႔နယ္ ႏြယ္႐ံု၊ က်ည္ေတာက္ေပါက္၊ ဇရပ္ကြင္း၊ ကြင္း ၃ဝ စတဲ့ေနရာေတြမွာ ေရႊက်င္ၾကတဲ့ ေရႊေတာေတြ ေပၚေပါက္လာ တယ္၊လူေတြအမ်ား ႀကီး ေရႊေတာ တက္ၿပီး ေရႊက်င္ၾက၊ ေရႊရွာေဖြၾကတယ္။ ( ရယ္လ်က္) ကြ်န္ေတာ့္ပံုစံက ေသးေသး ဗလ မေတာင့္ေတာ့ အျခားသူေတြလို တူးဟယ္၊ ဆြဟယ္၊ ထမ္းဟယ္ ပိုးဟယ္ သိပ္မလုပ္ႏိုင္ဘူးေလ၊ ဒါေၾကာင့္ ေရႊမက်င္ဘဲ ကြင္း၃ဝ ေရႊေတာမွာ ကြမ္းယာဆိုင္ဖြင့္တာေပါ့၊
ေရႊေတာဆိုတာ လူကိုပ်က္စီးေစတဲ့ အရာေတြ အမ်ားႀကီးရွိတယ္လို႔သိရပါတယ္၊ ဘယ္လိုေက်ာ္လႊားခဲ့ပါသလဲ ေရႊေတာမွာ တစ္ေယာက္တည္းေနရတဲ့ အဲဒီကာလက ဘယ္ေလာက္အေရးႀကီးလဲ ကိုမီသာဇင္၊ ဖင္စီဒိုင္း၊ ဘိန္းျဖဴ ဘိန္းမည္းက လက္တစ္ကမ္းမွာ၊ ေလာင္းကစားေတြကလည္း တံခါးမရွိ၊ ဓါးမရွိေပါ့။
(ဦးေအာင္က ကိုယ္အမူအရာ၊ လက္ဟန္နဲ႔ဆက္ေျပာျပတယ္)၊ ဒီေနရာက ဂ်င္ဝိုင္း၊ ဟိုဖက္က ဖဲဝိုင္း၊ ဒီဖက္က အရက္ဆိုင္၊ အရက္ဆိုင္နားမွာ အေပ်ာ္အပါးမိန္းကေလးေတြ၊ ဒီပတ္ဝန္းက်င္မ်ိဳးထဲ ကြ်န္ေတာ္ေရာက္ပါတယ္၊ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ရင္ ဘာျဖစ္သြားမလဲ၊ လူတစ္ေယာက္ပ်က္စီးဖို႔ အလြယ္ေလး၊
ကြ်န္ေတာ္က ကြမ္းယာသည္ တစ္ေယာက္အေနနဲ႔ေရႊေတာမွာ အလုပ္သြားလုပ္ေနတာ၊ ကိုယ့္ကိုယ္ကိုပဲ Manager (တာဝန္ယူ စီမံထိန္းေက်ာင္း) လုပ္ေနရတာေလ၊ မနက္လင္းရင္ ဘယ္ႏွစ္နာရီကို ဆိုင္ဖြင့္ရမယ္၊ ည ဘယ္အခ်ိန္ ဆိုင္ပိတ္ရမယ္၊ ေနာက္ေန႔အတြက္ လိုအပ္မယ့္ကြမ္းရြက္၊ ကြမ္းသီးဘယ္ေလာက္ ျဖည့္ရမယ္၊ မွာရမယ္ ဆိုတာမ်ိဳးေတြပဲ စိတ္မွာရွိေတာ့ အေပ်ာ္အပါးေတြ အညံ့ေတြဘက္ ေရာက္သြားဖို႔အခ်ိန္သိပ္မရွိဘူး၊ လူႀကီးလိုတာဝန္ယူေနရတဲ့ လူတစ္ေယာက္ဟာ ဘယ္ေတာ့မွ ကေလး အလုပ္ မလုပ္ဘူး၊
👉 ဇနီး အန္တီေမာ္စီလည္း ဦးေအာင္နဲ႔အတူ ေရႊေတာမွာ ကြမ္းယာေရာင္းတယ္လို႔ ၾကားဖူးပါတယ္၊ အဲ့ဒီအေၾကာင္းလည္း ေျပာျပပါဦး။
👉 ၁၉၈၃ ခုႏွစ္မွာ ကြ်န္ေတာ္ မေမာ္စီနဲ႔အိမ္ေထာင္က်ပါတယ္၊ သူ႔ကိုေရႊေတာေခၚလာၿပီး ကြမ္းယာဆက္ေရာင္းတယ္။ ကြ်န္ေတာ္က ကြမ္းယာ၊ သူက ကြမ္းယာ ထုပ္ေတြ ေရႊေတာထဲ လည္ေရာင္းတယ္၊ ေရႊေတာမွာ ကြမ္းယာ ေရာင္းေနတာ ၅ ႏွစ္ေလာက္ၾကာတယ္၊ ေရႊအေၾကာင္း ဘာမွ မသိေသးပါဘူး၊
👉 ကြမ္းယာဆိုင္ရွင္ကေန ဘယ္လိုလုပ္ၿပီး ေရႊသမားျဖစ္လာရတာလဲ။
👉 ဆိုင္မွာ လာထိုင္ၿပီး ကြမ္းယာဝယ္စားေနက် ေရႊကုန္သည္ေတြရွိတယ္၊ ေနာင္အခါကြ်န္ေတာ့္ဆရာ ျဖစ္လာတဲ့သူေတြေပါ့၊ ဆရာေတြက မႏၲေလးသြားတဲ့အခါ ေအာင္ေအာင္လိုက္ခဲ့ကြာလို႔ ေခၚရင္ ေရႊထုပ္ကိုင္ၿပီး ကြ်န္ေတာ္က ေနာက္က လိုက္ရတာ၊ ေရႊေတာထဲ ေရႊဝယ္သြားပီဆိုရင္ ကြ်န္ေတာ္က ပိုက္ဆံထုပ္ထမ္းၿပီး လိုက္ရတာ၊ ကိုဖိုးကြန္႔၊ ကိုကုလား၊ ကိုမန္းရီတို႔ သံုးေယာက္က ကြ်န္ေတာ့္ အဓိကဆရာေတြပါ၊ ဆရာေတြ မႏၲေလးသြားရင္ ကြ်န္ေတာ္ လိုက္သြားတယ္၊ ဆရာေတြက ပါလာတဲ့ေရႊ အ႐ိုင္းေတြကို ေရႊေလွာ္ဖိုမွာ ခြ်တ္ရတယ္၊
👉 ဦးေအာင္အတြက္ အေတြ႔အၾကံဳေတြ ရတာေပါ့။
ကြ်န္ေတာ္တို႔လို ေရႊနည္းနည္းနဲ႔ လာတဲ့လူကိုေတာ့ ေရႊေလွာ္ဖိုက လံုးဝဂ႐ုမစိုက္ၾကပါဘူး၊ ကြ်န္ေတာ့္စိတ္ထဲမွာ တစ္ေန႔ေန႔ ကြ်န္ေတာ္ ေရႊေလွာ္ဖိုေထာင္ႏိုင္ခဲ့ရင္ လာတဲ့သူ နည္းသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစ အားလံုးကို ဂ႐ုစိုက္ႏိုင္ေအာင္ ႀကိဳးစားမယ္၊ ကုန္သည္ေတြကို ထမင္းေကြ်းမယ္ဆိုတဲ့ စိတ္ေမြးထားတယ္၊ ယခုေျပာေနတဲ့အခ်ိန္ထိ ဒါကို တစ္ရက္မွ မေမ့ဘူး၊ ဒါေၾကာင့္ အခု ကြ်န္ေတာ့္အိမ္ထဲမွာ ကုန္သည္ ထမင္းစားခန္း၊ အေအးသံုးေဆာင္ရန္ေနရာ၊ နားေနခန္းေတြထားတယ္၊ ဧည့္သည္ဝင္လာရင္ ႀကိဳဆိုၿပီး ဂ႐ုစိုက္တယ္၊ အဲဒါ သေႏၶၶတည္တဲ့စိတ္၊ အဲသည္စိတ္က ကြ်န္ေတာ့္ဘဝကို အမ်ားႀကီး အက်ိဳးေပးပါတယ္၊
👉 ကိုယ္ပိုင္ ေရႊလုပ္ငန္းကို စလုပ္ျဖစ္ပံုကို ေျပာျပပါဦး။
👉 က်ည္ေတာက္ေပါက္မွာ ေရႊေတြ တအားထြက္တယ္၊ ကြက္ရပ္ႀကီးတစ္ခုလံုး အံုးအံုးထေနၿပီ၊ ကြ်န္ေတာ္ ေနရာ တစ္ေနရာ ဝယ္လိုက္တယ္၊ ေရႊဆိုင္ဖြင့္တယ္၊ အဲ့ဒီအခ်ိန္က လူတိုင္း ေရႊဝယ္ခြင့္မရွိဘူး အစိုးရက ဝယ္တာ၊ ခြင့္ျပဳခ်က္နဲ႔ ေရႊဝယ္ကိုယ္စားလွယ္အျဖစ္ ဝယ္ယူၿပီး အစိုးရကို ျပန္သြင္းရတယ္၊ ကြ်န္ေတာ္ ေရႊဝယ္ ကိုယ္စားလွယ္ တရားဝင္လုပ္ခြင့္ရတယ္၊ ကြ်န္ေတာ့္လိုပဲ အျခားသူေတြလည္း လုပ္ခြင့္ရၾကတာ ရွိပါတယ္၊ေရႊဝယ္ကိုယ္စားလွယ္ တရားဝင္ ရတဲ့လူေတြက ေပါက္ေစ်းထက္ႏွိမ္ဝယ္တယ္ အေလးခိုးတယ္၊ ဒီအေၾကာင္းေတြကို ကြ်န္ေတာ့္ ကြမ္းယာ ဆိုင္မွာ ကြမ္းယာစား ရင္းလူေတြေျပာေနတာ ေန႔စဥ္ ၾကားေနရတယ္၊ ဒါေၾကာင့္ ကြ်န္ေတာ္ ဆိုင္စဖြင့္တဲ့ေန႔မွာ ဆယ္ျပားေစ့ေတြ အမ်ားႀကီး စု ေကာင္တာေပၚပံုေပးထားလိုက္တယ္၊
👉 ဆယ္ျပားေစ့ေတြက ဘာလုပ္ရတာလဲ။
👉 ေရႊေတာမွာ ေရႊအ႐ိုင္းကို ဝယ္တဲ့အခါ ဆယ္ျပားေစ့၊ ေရြးႀကီးေစ့၊ ေရြးေလးေစ့၊ ဆန္ေစ့ေတြနဲ႔ ခ်ိန္ၿပီး ဝယ္တာ၊ က်ပ္၊ ပဲ၊ ေရြး ေျပာလို႔ နားမလည္ဘူး၊ ဆယ္ျပားေစ့နဲ႔ ခ်ိန္ၿပီး ဝယ္ၾကတယ္ဆိုေတာ့ အခ်ဳိ႕က ဆယ္ျပားေစ့ ကို ေဒါင္လိုက္ခြဲၿပီး အထဲမွာ ခဲထည့္ထားတတ္ၾကတယ္၊ အေလးခ်ိန္ ပိုစီးေအာင္ေလ၊ အေလးခိုးတာေပါ့၊ကြ်န္ေတာ္ကေတာ့ ဆယ္ျပားေစ့ေတြ ေကာင္တာေပၚပံုထားတယ္၊ ႀကိဳက္တဲ့ဆယ္ျပားေစ့နဲ႔ ခ်ိန္ၿပီးေရာင္း၊ ခင္ဗ်ားအိမ္မွာ ဆယ္ျပားေစ့ ရွိရင္လဲယူခဲ့၊ အဲ့ဒီေတာ့ ဝယ္သူေတြက သေဘာက်တယ္၊ တစ္ပတ္ေလာက္အတြင္းမွာပဲ ကြက္ရပ္တစ္ခုလံုးက ေရႊလုပ္သားေတြ ကြ်န္ေတာ့ဆိုင္မွာ အံုေနတာ၊
👉 မႏၲေလးကို ေျပာင္းေရႊ႕တဲ့ ရည္ရြယ္ခ်က္က။
👉 ငါးဆိုတာ ေခ်ာင္းထဲမွာ ေက်ာကုန္းေပၚရင္ ဖမ္းခ်င္ ခုတ္ခ်င္သူမ်ားတယ္မဟုတ္လား၊ ငါးနည္းနည္းႀကီးလာရင္ ျမစ္ထဲဆင္းမွ ျဖစ္မယ္ေလ၊ မႏၲေလးကို မသြားလို႔ မျဖစ္ေတာ့ဘူး၊ သြားမွရေတာ့မယ္၊ မႏၲေလးမွာ ကြ်န္ေတာ္က အစုစပ္ ေရႊေလွာ္ဖို ဖြင့္လိုက္တယ္၊
👉 ေရႊေလွာ္ဖို လုပ္တဲ့အေၾကာင္းေျပာျပပါဦး။
👉 အစုစပ္လုပ္တာထက္ တစ္ဦးတည္းလုပ္တာက ကိုယ့္စိတ္ကို ကိုယ္ပိုင္တယ္၊ ဒါေၾကာင့္ ခြဲထြက္ၿပီး မႏၲေလး ၁၉လမ္း အမေတာ္ဝင္းထဲမွာ ေရႊေလွာ္ဖိုဖြင့္တယ္၊ ဝင္းထဲဆိုေတာ့ ပရိသတ္ရဖို႔ မလြယ္ျပန္ဘူး၊ ကြ်န္ေတာ္က စတစ္ကာေတြ အမ်ားႀကီး ႐ိုက္တယ္၊ စဥ့္ကူး-မန္း၊ အမွတ္ (၉)၊ ေအာင္စစ္သည္ လိုင္းကားေတြ အကုန္လံုးကို စတစ္ကာေတြ ကပ္တယ္၊ ေၾကာ္ျငာစြပ္က်ယ္ေတြ အမ်ားႀကီးလုပ္ၿပီး ကားသမားေတြကို ကုန္သည္ပို႔ေပးရင္ လက္ေဆာင္ေပးတယ္၊ လိပ္စာကဒ္ေတြ အမ်ားႀကီး႐ိုက္ၿပီး ေဝတယ္၊ လုပ္ငန္းမွာ ေၾကာ္ျငာက အမ်ားႀကီး အေထာက္အကူျဖစ္တယ္ဆိုတာကို ဒီေနရာမွာ အဓိကထားၿပီးေျပာခ်င္ပါတယ္၊
👉 စီးပြားေရးနဲ႔ လူမွဳေရး ဆက္စပ္မႈ ရွိသလား။
👉 သိပ္ဆက္စပ္တာေပါ႔၊ ေရႊေတာမွာ အလွဴ၊ မဂၤလာေဆာင္ရွိတယ္ဆုိရင္ ကၽြန္ေတာ္ လုိက္တယ္။ ေရႊေတာက လူေတြရဲ႕လူမွဳေရး ကုိ အမ်ားႀကီး အကူအညီေပးတယ္၊ ေအာင္သမာဓိ တံဆိပ္နဲ႔ စြပ္က်ယ္ ေတြကုိ ေရႊေတာအႏွ႔ံ ျဖန္႔တယ္။ ေအာင္သမာဓိ ဆုိတဲ႔ အမည္ကုိ ေနရာ တုိင္းမွာ လူတုိင္း ျမင္ေတြ႔ေနရေအာင္ ကၽြန္ေတာ္ လုပ္တယ္၊ ေရႊသန္႔စင္ဖုိ႔လာတဲ႔ ကုန္သည္ေတြကုိ ဂ႐ုစုိက္တယ္၊ ထမင္း ေကၽြးတယ္ ဆုိေတာ႔ က်ည္ေတာက္ေပါက္ ေရႊေတာက လူအေတာ္မ်ားမ်ား ကၽြန္ေတာ့္ ေရႊေလွာ္ဖုိ ကို ေရာက္လာၾကတာေပါ့၊
👉 အခက္အခဲ ေတြ အေနနဲ႔ေရာ
👉 ဆက္သြယ္ေရးအခက္အခဲ ရွိတယ္။ အဲဒီအခ်ိန္က တယ္လီဖုန္းက ယခုလုိ မလြယ္ဘူး။ ၁၉ လမ္း၊ ဝင္းထိပ္က ဆုိင္တစ္ဆိုင္ကေန ႀကိဳးဖုန္းတစ္လံုးကုိ ငွားလိုက္တယ္။ ဖုန္းနံပါတ္ရွိလာေတာ႔ အဆက္အသြယ္လြယ္ကူၿပီး စီးပြားပုုိျဖစ္လာတယ္။ ဆယ္လူလာ ဖုန္းေတြေပၚလာေတာ႔ ရွိတဲ႔ တုိက္ခန္းေလး ေရာင္းခ်ၿပီး ဝယ္သုံးတယ္၊ ဟမ္းဖုန္းရွိတယ္၊ အထုိင္ဖုန္းရွိတယ္ဆုိေတာ႔ လုိက္လာၾက ၿပီေပါ႔၊
တစ္ရက္မွာ မုံရြာ ကုန္သည္ရဲ႕ ေရႊတစ္ပိႆာအုိး ေလွာ္္ေနတုန္္း ဝင္းထိပ္က မီးေလာင္ပါေလေရာ။ ကုန္သည္ခမ်ာ ေရႊေတြနဲ႔ဘယ္ေျပးလုိ႔ ေျပးရမယ္မွန္း မသိရွာဘူး ျဖစ္ေရာ၊ ကၽြန္ေတာ္ စဥ္းစားရၿပီ၊ ခ်မ္းသာတဲ႔လူေတြအေနနဲ႔ အခုလို ဝင္းထဲကို လာခ်င္ၾကမွာမဟုတ္ဘူး၊ ဝင္းထဲက ထြက္ရေအာင္ လုပ္ရမယ္လုိ႔၊ အဲသလို မီးလန္႔ လုိက္တာ ဝင္းထဲက ထြက္ဖုိ႔ ျဖစ္သြားတယ္။
👉 ေျပာင္းေရႊ႕မယ့္ေနရာ စဥ္းစားေတာ့ေရာ။
👉 မႏၲေလးၿမိဳ႕ကို ေရႊေတြ ဘယ္ကဝင္သလဲ၊ မံုရြာ သပိတ္က်င္း စဥ့္ကူးကဝင္တယ္၊ အဲ့ဒီၿမိဳ႕ ေတြကလာတဲ့ ကားေတြ ရပ္နားရာ သီရိမႏၱလာ ကားႀကီးကြင္း ပတ္ခ်ာလည္မွာ ေတာက္ေလွ်ာက္ ရွာတာ ယခု ေရႊဆိုင္ အမွတ္(၁)ဖြင့္ထားတဲ့ ၈၉လမ္း ေနရာကို ဝယ္လိုက္တယ္၊ အဲ့ဒီနားက တယ္လီဖုန္း ဝ၂-၃၁၅၅ဝ က ေရာင္းမွာတဲ့၊ ဝယ္လိုက္တယ္၊ ဖုန္းနဲ႔ဘာနဲ႔ျဖစ္သြားတယ္၊ ဝင္းထိပ္မွာ မီးေလာင္လို႔ ပိုၿပီး တိုးတက္သြားတယ္ေတာင္ ေျပာရမွာေပါ့။
အခက္အခဲရွိတိုင္း ျပႆနာကို အခြင့္အေရးအေနနဲ႔လုပ္လိုက္တာ ကြ်န္ေတာ့္ဘဝမွာေတာ့ အခုထိပဲ၊ ျပႆနာျဖစ္ရင္ စိတ္ညစ္မေနပဲ အခြင့္အေရးအျဖစ္ ဖန္တီးလိုက္ရင္ ေပ်ာ္စရာလဲေကာင္းတယ္ အရသာလဲရွိတယ္၊
👉 ေရႊဆိုင္ ဖြင့္ျဖစ္ခဲ့တဲ့ အေၾကာင္းေလးကေရာ။
👉 ကြ်န္ေတာ္က ကားႀကီးကြင္းနားမွာေရႊေလွာ္ဖိုဖြင့္တယ္ ဆက္ဆံေရးလည္း ေကာင္းတယ္ဆိုေတာ့ ေရႊေတြ လွိမ့္ဝင္လာတယ္၊ ထြက္ေပါက္ ကမရွိဘူး ေရႊဆိုင္ဖြင့္ဖို႔ လိုလာၿပီ၊ ေယာက္ဖျဖစ္သူကို စတိလက္ေကာက္ လက္စြပ္ထိုးနည္း သင္ခိုင္းတယ္၊ ဒဂၤ ါးျပား႐ိုက္တာ ေလ့လာတယ္၊ နန္းႀကိတ္စက္ဝယ္ၿပီး စတိလက္ေကာက္ထိုးတယ္၊ လက္ခ ၅ဝဝ ပဲ ယူၿပီးလုပ္ေပးတာ၊ ေအာင္သမာဓိေရႊ ေကာင္းတယ္ ေကာင္းတယ္နဲ႔ စတိ လက္ေကာက္ေတြ အမ်ားႀကီး ေရာင္းရတယ္၊
👉 ထူးျခားခ်က္ေလးေတြ ရွိရင္ ေျပာျပပါဦး။
👉 ေအာင္သမာဓိက ကိုယ္ပိုင္ ေရႊသန္႔စင္ ေလွာ္ဖိုထားၿပီး လံုးဝသန္႔စင္တဲ႔ေအာင္သမာဓိ အဆင့္(၁) ေရႊေတြနဲ႔ပဲ လက္ဝတ္ရတနာေတြကို လုပ္တယ္၊ေအာင္သမာဓိ ေရႊထည္အားလံုးရဲ႕ေရႊ အရည္အေသြးနဲ႔ပက္သက္ရင္ အျပည့္အဝယံုၾကည္ စိတ္ခ်ရတယ္၊ ကာလအကန္႔အသတ္ မရွိ တာဝန္ယူတယ္၊ ကိုယ္ပိုင္ ပန္းတိမ္ဆရာေတြနဲ႔သာ အပ္ႏွံ လုပ္ကိုင္လို႔ ေရႊထည္မ်ားမွာ မသမာတဲ႔ အေရာအေႏွာကင္းစင္ၿပီး လက္ရာအထူးေကာင္းမြန္တယ္ေလ၊ ဒါ ထူးျခားခ်က္ေတြေပါ့၊
👉 ဝယ္သူဘက္က အၿမဲၾကည့္တယ္လို႔ လူေတြက ေျပာၾကတယ္၊ အဲ့ဒါဘာေၾကာင့္ပါလဲ။
👉 ဝယ္သူအေပၚမွာ အျမတ္မထုတ္ဘဲ ဝယ္သူရဲ႕ခံစားခြင့္ေတြကို စဥ္းစားၿပီး လုပ္ေဆာင္ပါတယ္၊ အရင္ကေတာ့ ေရႊဆိုင္ေတြက အေလ်ာ့တြက္ေရာ လက္ခပါ ႏွစ္မ်ိဳး စလံုးယူၾကတယ္၊ ေအာင္သမာဓိက အဲ့ဒီစနစ္ကုိ ပယ္ဖ်က္ပစ္ လိုက္တယ္၊ ျမန္မာႏိုင္ငံမွာ ပထမဦးဆံုးအေနနဲ႔ မီးလင္း စတိလက္ေကာက္ လက္စြပ္ေတြကို အေလ်ာ့တြက္ မယူဘဲ လက္ခနဲ႔သာေဆာင္ရြက္ေပးတယ္၊
ေအာင္သမာဓိက ဝယ္သြားတဲ့စိန္ထည္ေရႊထည္ေတြကို ဝယ္ယူၿပီး ငါးရက္အတြင္း ပစၥည္း မူလ လက္ရာ မပ်က္ဘဲ ျပန္လည္ လာေရာက္ ေရာင္းခ်ရင္ အေလ်ာ့တြက္ လက္ခ ႏႈတ္မယူဘဲ အျပည့္အဝ ျပန္ေပးတယ္၊ ေရႊဝယ္ယူစုေဆာင္းလိုသူေတြအတြက္ ေရႊတစ္ေရြးသားကအစ ဝယ္ယူႏိုင္ေအာင္ ေရာင္းခ်ေပးတယ္၊ ဝယ္ယူသူ စိတ္ေက်နပ္ေစမယ္႔ အခုလို ဝန္ေဆာင္မႈမ်ိဳးေတြကို ေအာင္သမာဓိက ပထမဆံုး စတင္လိုက္တာပဲ၊
👉 ပထမဦးဆံုး လုပ္ေဆာင္ေပးတာေတြ ေၾကာင္းေျပာျပပါဦး။
👉 ဒီကေန႔ ဂုဏ္သေရရွိ အမ်ိဳးသမီးႀကီးေတြ ဂုဏ္ယူဆင္ျမန္းေနၾကတဲ့ ေရႊၿခံဳလႊာ (ေခၚ) ေရႊတဘက္ ကို ေအာင္သမာဓိကပဲ ဒီဇိုင္းထုတ္ၿပီး ပထမဆံုးတီထြင္ လုပ္ကိုင္ေပးခဲ့တာပါ၊ ေရႊဖုန္းကာဗာ အပါအဝင္ အသံုး အေဆာင္ပစၥည္း အမ်ိဳးစံုကိုလည္း ေရႊနဲ႔ တီထြင္ ဖန္တီး လုပ္ကိုင္ေပးေန ပါတယ္၊ ေအာင္သမာဓိစိန္ေရႊရတနာ ေရာင္းဝယ္ေ ရး ႏွင့္ ေရႊသန္႔စင္ လုပ္ငန္းကို အားေပးသူမိတ္ေဆြေတြကို ကားေတြ ဆိုင္ကယ္ေတြ အပါအဝင္ တန္ဖိုးႀကီး လက္ေဆာင္ ပစၥည္းေတြကိုလည္း ကံစမ္းမဲ နဲ႔ ေက်းဇူးတံု႔ ျပန္ပါတယ္၊အခမဲ႔ေရႊသင္တန္းေတြကိုလည္း ေအာင္သမာဓိကပဲ ပထမဆံုး ဖြင့္လွစ္ေပးခဲ့တယ္၊
👉 အခမဲ့ ေရႊသင္တန္းအေၾကာင္းလည္း ေျပာျပပါဦး
👉 ျမန္မာေတြက ေရႊကို အင္မတန္ ျမတ္ႏိုးၾကတယ္၊ ဒါေပမဲ့ ေရႊအေၾကာင္းကိုေတာ့ ေကာင္းေကာင္းမသိဘူး၊ ဒါေၾကာင့္ သာမန္လူေတြ ေရႊအေၾကာင္းကို ထဲထဲဝင္ဝင္ သိဖို႔ ေရႊလုပ္ငန္းကို စီးပြားျဖစ္ လုပ္ကိုင္ခ်င္သူေတြ အတြက္ ေရႊဆိုင္၊ ေရႊေလွာ္ဖို၊ ေရႊပန္းတိမ္ လုပ္ငန္းေတြ လုပ္ႏိုင္တဲ့အထိ အခမဲ့ ေရႊသင္တန္းေတြ ဖြင့္လွစ္ေပးပါတယ္၊
အခမဲ့ဆိုတဲ့အတိုင္း သင္တန္းတက္ေရာက္သူက တစ္ျပားတစ္က်ပ္မွ် ေပးစရာ မလိုဘူး၊ ထမင္း၊ ေကာ္ဖီ၊ မုန္႔မ်ားျဖင့္ အခမဲ့ ဧည့္ခံေကြ်းေမြးတယ္၊ ရပ္ေဝးက လာေရာက္ သူေတြ အတြက္ဆိုရင္ ေနေရးထိုင္ေရး စားေရးေသာက္ေရးကအစ အခမဲ့ တာဝန္ယူေပးတယ္၊ ေရႊအေၾကာင္းသာမကပဲ လူမွဳေရး၊ စီးပြားေရး အေၾကာင္းအရာေပါင္းစံုကိုပါ အခမဲ့ ေရႊသင္တန္းမွာ မွ်ေဝေပးပါတယ္။
ျမန္မာ့စီးပြားေရးလုပ္ငန္းေတြ ႏိုင္ငံတကာအဆင့္မီေစဖို႔ ေအာင္သမာဓိေရႊသင္တန္းသားေတြကို အိႏၵိယႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံေတြ မွာ ေလ့လာေရးခရီးအျဖစ္ သက္ဆိုင္ရာေကာင္စစ္ဝန္ခ်ဳပ္ရံုး ေတြနဲ႔ပူးေပါင္းၿပီး စီစဥ္ေပးတယ္။ မိမိအစီအစဥ္နဲ႔မိမိ သြားေရာက္ေလ့လာဖို႔ မလြယ္တဲ့ အဆင့္ျမင့္ စိန္၊ ေရႊ၊ ရတနာ လုပ္ငန္းႀကီးေတြကို ထဲထဲဝင္ ဝင္ ေလ့လာခြင့္ရခဲ့ၾကတယ္၊ တစ္ဆက္တည္းေျပာရရင္ ပခုကၠဴ ၿမိဳ႕၊ မိုးကုတ္ဝိပႆနာ မဂၤလာရိပ္သာ ပဓာန နာယကဆရာေတာ္ႀကီး ဘဒၵႏၲသုႏၵရ ႀကီးမွဴးၿပီး ဝိပႆနာ တရားစခန္းေတြကို တစ္ႏွစ္ သံုးႀကိမ္ ကုသိုလ္ယူ ဖြင့္လွစ္ေပးေနပါတယ္၊ တရားစခန္းမွ ေယာဂီမ်ားကိုလည္း ေမတၲာလက္ေဆာင္ ပစၥည္းမ်ား ကံစမ္းမဲေဖါက္ၿပီး ေပးလွဴပါတယ္၊ေနာက္ၿပီး ဆယ္ႀကိမ္အထက္ တရားစခန္းဝင္တဲ့ ကံထူးသူေယာဂီမ်ားကိုလည္း ဗုဒၶဂါယာခရီးစဥ္ကိုလည္း ပို႔ေဆာင္ ေပးေနပါတယ္၊
👉 ဦးေအာင္ရဲ႕ဘဝမွာ ေအာင္ျမင္တိုးတက္ရျခင္း အေၾကာင္းရင္းကို မွ်ေဝေပးပါဦး။
👉 ေအာင္ျမင္တိုးတက္လိုသူတိုင္းဟာ ဆရာေကာင္း၊ မိတ္ေဆြေကာင္း၊ ပတ္ဝန္းက်င္ေကာင္း ရွိရပါမယ္၊ ကိုယ္ခ်င္းစာတရားနဲ႔ စိတ္ေစတနာေကာင္းကို ေမြးၿပီး မွတ္သား တတ္တဲ့အက်င့္ ၾကည့္တတ္ တဲ့အျမင္၊ စူးစမ္းတတ္တဲ့ အက်င့္ေလးက ကြ်န္ေတာ့္ဘဝအတြက္ အမ်ားႀကီး အေထာက္အပံ့ ျဖစ္ပါတယ္။
👉 ေနာက္ထပ္ ေျပာခ်င္တာေလးရွိရင္ ေျပာျပေပးပါဦး။
👉 ေအာင္သမာဓိ စိန္ေရႊရတနာဆိုင္ႏွင့္ ေရႊသန္႔စင္လုပ္ငန္းကို စိန္ေရႊရတနာပစၥည္းမ်ား ထုတ္လုပ္မွဳ၊ စီမံခန္႔ခြဲမွဳကို ႏိုင္ငံတကာ အဆင့္ အရည္အေသြးေကာင္း မြန္ေၾကာင္း ISO 9001-2008 ခ်ီးျမွင့္ ခံရပါတယ္၊ ISO လက္မွတ္ကို ကမၻာတစ္ဝန္းလံုးက ယံုၾကည္အသိအမွတ္ျပဳၿပီး အရည္အေသြးေကာင္းကို စိတ္ခ်လက္ခ် အသံုးျပဳလို သူေတြ ဟာ ISO လက္မွတ္ရရွိၿပီးတဲ့ လုပ္ငန္းေတြကိုသာ ဆက္ဆံ အလုပ္လုပ္ကိုင္ၾက ပါတယ္ ဆိုတာ။
👉 ဟုတ္ကဲ့ပါ—အခုလို အခ်ိန္ေပးေျဖၾကားတဲ့ ဦးေအာင္ကို အထူးေက်းဇူးတင္ပါတယ္။
👉 ဟုတ္ကဲ့ ကၽြန္ေတာ္ကလည္း မႏၲေလးလမ္းၫႊန္အဖြဲ႔ကိုယ္စား လာေရာက္ေမးျမန္းတဲ့ ခင္ဗ်ားကို ေက်းဇူးတင္ပါတယ္။
Mandalay Directory
(Unicode)
မျှစ်ရောင်းတဲ့ မျှစ်သည်ရဲ့သားက ရုပ်ရှင်ဆယ်လီတွေကို ရွှေထည်တွေ စပွန်စာပေးနိုင်လောက်အောင်ထိ ဘယ်လိုချမ်းသာလာတာလဲ
အောင်သမာဓိ ဦးအောင်ဆန်းဝင်း၏ ရင်တွင်းစကား။အခုတစ်ပတ်အတွက် မန္တလေးလမ်းညွှန် website မှာအခက်အခဲမှ အခွင့်အလမ်းရှာတတ်တဲ့ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ အောင်သမာဓိဦးအောင် (ခ) ဦးအောင်ဆန်းဝင်း ရဲ့ ရင်တွင်းစကားလေးတွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
👉 ကွမ်းယာသည်ဘဝကနေ ရွှေလုပ်ငန်းရှင် ဖြစ်လာတယ်လို့သိရပါတယ်။ ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို အောင်မြင်လိုသူ လူငယ်တွေအတွက် ပြောပြပါဦး။
👉 ကျွန်တော့ကို မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာမှာ သစ်တော၊ တောခေါင်းကြီး ဦးထွန်းရွှေ၊ ဒေါ်ကြည်မြိုင် တို့က မွေးဖွားပါတယ်။ စဉ့်ကူးမြို့နယ် လက်ပံလှရွာမှာ ကြီးပြင်းခဲ့ပြီး မွေးချင်း ၆ ယောက်မှှာ ဒုတိယမြောက် သားဖြစ်ပါတယ်။
ငယ်ဘဝအနေနဲ့တော့ အတော်လေးဆင်းရဲခဲ့တယ်လို့ ပြောရမှာပေါ့လေ၊ ကျွန်တော် ၁ဝတန်းကျောင်းသားဘဝမှာ ညဆိုရင် ဓါးသွေး၊ မနက် ၄ နာရီ အိပ်ရာထ၊ ထင်းတောတက်၊ ထင်းဖြတ်ခဲ့ရတာ၊ ညနေ ၄ နာရီမှ အိမ်ပြန်ရောက်တယ်၊ အဲဒီတုန်းက ခြောက်လက်မ ထင်းတစ်ချောင်းမှ တစ်ကျပ်ပဲရတာ၊အမေကမျှစ်လည်းရောင်းတယ်၊ မျှစ်တွေကို အိုးထဲက လက်နဲ့နှိုက်ရတာ၊ လက်သည်းတွေ ပဲ့ကုန်တယ်၊ အမေက မိုးကုတ်တက်ပြီး ခရမ်းချဉ်သီးလည်းရောင်းတယ်၊ မန္တလေးကနေ မိုးကုတ်တက်တဲ့ ကားတွေက ကျွန်တော်တို့ရွာကို အိပ်ကောင်းတဲ့အချိန် ည ၁၁ နာရီကျော်၊ ၁၂ နာရီဆို ရောက်ပြီ၊ အိပ်ရာကထ၊ ခရမ်းချဉ်သီး သေတ္တ္က္တာတွေ ကားပေါ် ထမ်းတင်ပေးရတယ်၊
၁ဝ တန်း မအောင်ခဲ့ပါဘူး၊ မိသားစုမှာ အကြီးဖြစ်တော့ တက္တ္ကသိုလ်တက်မယ့် ညီတွေကို ဦးစားပေးပြီး မိသားစုတာဝန်ကို တစ်ဖက်က မိဘများနှင့်အတူ ထမ်းဆောင် ရပါတယ်၊ကျွန်တော်တို့နယ် နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း ၃ဝ စတဲ့နေရာတွေမှာ ရွှေကျင်ကြတဲ့ ရွှေတောတွေ ပေါ်ပေါက်လာ တယ်၊လူတွေအများ ကြီး ရွှေတော တက်ပြီး ရွှေကျင်ကြ၊ ရွှေရှာဖွေကြတယ်။ ( ရယ်လျက်) ကျွန်တော့်ပုံစံက သေးသေး ဗလ မတောင့်တော့ အခြားသူတွေလို တူးဟယ်၊ ဆွဟယ်၊ ထမ်းဟယ် ပိုးဟယ် သိပ်မလုပ်နိုင်ဘူးလေ၊ ဒါကြောင့် ရွှေမကျင်ဘဲ ကွင်း၃ဝ ရွှေတောမှာ ကွမ်းယာဆိုင်ဖွင့်တာပေါ့၊
ရွှေတောဆိုတာ လူကိုပျက်စီးစေတဲ့ အရာတွေ အများကြီးရှိတယ်လို့သိရပါတယ်၊ ဘယ်လိုကျော်လွှားခဲ့ပါသလဲ ရွှေတောမှာ တစ်ယောက်တည်းနေရတဲ့ အဲဒီကာလက ဘယ်လောက်အရေးကြီးလဲ ကိုမီသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ ဘိန်းမည်းက လက်တစ်ကမ်းမှာ၊ လောင်းကစားတွေကလည်း တံခါးမရှိ၊ ဓါးမရှိပေါ့။
(ဦးအောင်က ကိုယ်အမူအရာ၊ လက်ဟန်နဲ့ဆက်ပြောပြတယ်)၊ ဒီနေရာက ဂျင်ဝိုင်း၊ ဟိုဖက်က ဖဲဝိုင်း၊ ဒီဖက်က အရက်ဆိုင်၊ အရက်ဆိုင်နားမှာ အပျော်အပါးမိန်းကလေးတွေ၊ ဒီပတ်ဝန်းကျင်မျိုးထဲ ကျွန်တော်ရောက်ပါတယ်၊ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ရင် ဘာဖြစ်သွားမလဲ၊ လူတစ်ယောက်ပျက်စီးဖို့ အလွယ်လေး၊
ကျွန်တော်က ကွမ်းယာသည် တစ်ယောက်အနေနဲ့ရွှေတောမှာ အလုပ်သွားလုပ်နေတာ၊ ကိုယ့်ကိုယ်ကိုပဲ Manager (တာဝန်ယူ စီမံထိန်းကျောင်း) လုပ်နေရတာလေ၊ မနက်လင်းရင် ဘယ်နှစ်နာရီကို ဆိုင်ဖွင့်ရမယ်၊ ည ဘယ်အချိန် ဆိုင်ပိတ်ရမယ်၊ နောက်နေ့အတွက် လိုအပ်မယ့်ကွမ်းရွက်၊ ကွမ်းသီးဘယ်လောက် ဖြည့်ရမယ်၊ မှာရမယ် ဆိုတာမျိုးတွေပဲ စိတ်မှာရှိတော့ အပျော်အပါးတွေ အညံ့တွေဘက် ရောက်သွားဖို့အချိန်သိပ်မရှိဘူး၊ လူကြီးလိုတာဝန်ယူနေရတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ ကလေး အလုပ် မလုပ်ဘူး၊
👉 ဇနီး အန်တီမော်စီလည်း ဦးအောင်နဲ့အတူ ရွှေတောမှာ ကွမ်းယာရောင်းတယ်လို့ ကြားဖူးပါတယ်၊ အဲ့ဒီအကြောင်းလည်း ပြောပြပါဦး။
👉 ၁၉၈၃ ခုနှစ်မှာ ကျွန်တော် မမော်စီနဲ့အိမ်ထောင်ကျပါတယ်၊ သူ့ကိုရွှေတောခေါ်လာပြီး ကွမ်းယာဆက်ရောင်းတယ်။ ကျွန်တော်က ကွမ်းယာ၊ သူက ကွမ်းယာ ထုပ်တွေ ရွှေတောထဲ လည်ရောင်းတယ်၊ ရွှေတောမှာ ကွမ်းယာ ရောင်းနေတာ ၅ နှစ်လောက်ကြာတယ်၊ ရွှေအကြောင်း ဘာမှ မသိသေးပါဘူး၊
👉 ကွမ်းယာဆိုင်ရှင်ကနေ ဘယ်လိုလုပ်ပြီး ရွှေသမားဖြစ်လာရတာလဲ။
👉 ဆိုင်မှာ လာထိုင်ပြီး ကွမ်းယာဝယ်စားနေကျ ရွှေကုန်သည်တွေရှိတယ်၊ နောင်အခါကျွန်တော့်ဆရာ ဖြစ်လာတဲ့သူတွေပေါ့၊ ဆရာတွေက မန္တလေးသွားတဲ့အခါ အောင်အောင်လိုက်ခဲ့ကွာလို့ ခေါ်ရင် ရွှေထုပ်ကိုင်ပြီး ကျွန်တော်က နောက်က လိုက်ရတာ၊ ရွှေတောထဲ ရွှေဝယ်သွားပီဆိုရင် ကျွန်တော်က ပိုက်ဆံထုပ်ထမ်းပြီး လိုက်ရတာ၊ ကိုဖိုးကွန့်၊ ကိုကုလား၊ ကိုမန်းရီတို့ သုံးယောက်က ကျွန်တော့် အဓိကဆရာတွေပါ၊ ဆရာတွေ မန္တလေးသွားရင် ကျွန်တော် လိုက်သွားတယ်၊ ဆရာတွေက ပါလာတဲ့ရွှေ အရိုင်းတွေကို ရွှေလှော်ဖိုမှာ ချွတ်ရတယ်၊
👉 ဦးအောင်အတွက် အတွေ့အကြုံတွေ ရတာပေါ့။
ကျွန်တော်တို့လို ရွှေနည်းနည်းနဲ့ လာတဲ့လူကိုတော့ ရွှေလှော်ဖိုက လုံးဝဂရုမစိုက်ကြပါဘူး၊ ကျွန်တော့်စိတ်ထဲမှာ တစ်နေ့နေ့ ကျွန်တော် ရွှေလှော်ဖိုထောင်နိုင်ခဲ့ရင် လာတဲ့သူ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အားလုံးကို ဂရုစိုက်နိုင်အောင် ကြိုးစားမယ်၊ ကုန်သည်တွေကို ထမင်းကျွေးမယ်ဆိုတဲ့ စိတ်မွေးထားတယ်၊ ယခုပြောနေတဲ့အချိန်ထိ ဒါကို တစ်ရက်မှ မမေ့ဘူး၊ ဒါကြောင့် အခု ကျွန်တော့်အိမ်ထဲမှာ ကုန်သည် ထမင်းစားခန်း၊ အအေးသုံးဆောင်ရန်နေရာ၊ နားနေခန်းတွေထားတယ်၊ ဧည့်သည်ဝင်လာရင် ကြိုဆိုပြီး ဂရုစိုက်တယ်၊ အဲဒါ သန္ဓေ္ဓတည်တဲ့စိတ်၊ အဲသည်စိတ်က ကျွန်တော့်ဘဝကို အများကြီး အကျိုးပေးပါတယ်၊
👉 ကိုယ်ပိုင် ရွှေလုပ်ငန်းကို စလုပ်ဖြစ်ပုံကို ပြောပြပါဦး။
👉 ကျည်တောက်ပေါက်မှာ ရွှေတွေ တအားထွက်တယ်၊ ကွက်ရပ်ကြီးတစ်ခုလုံး အုံးအုံးထနေပြီ၊ ကျွန်တော် နေရာ တစ်နေရာ ဝယ်လိုက်တယ်၊ ရွှေဆိုင်ဖွင့်တယ်၊ အဲ့ဒီအချိန်က လူတိုင်း ရွှေဝယ်ခွင့်မရှိဘူး အစိုးရက ဝယ်တာ၊ ခွင့်ပြုချက်နဲ့ ရွှေဝယ်ကိုယ်စားလှယ်အဖြစ် ဝယ်ယူပြီး အစိုးရကို ပြန်သွင်းရတယ်၊ ကျွန်တော် ရွှေဝယ် ကိုယ်စားလှယ် တရားဝင်လုပ်ခွင့်ရတယ်၊ ကျွန်တော့်လိုပဲ အခြားသူတွေလည်း လုပ်ခွင့်ရကြတာ ရှိပါတယ်၊ရွှေဝယ်ကိုယ်စားလှယ် တရားဝင် ရတဲ့လူတွေက ပေါက်ဈေးထက်နှိမ်ဝယ်တယ် အလေးခိုးတယ်၊ ဒီအကြောင်းတွေကို ကျွန်တော့် ကွမ်းယာ ဆိုင်မှာ ကွမ်းယာစား ရင်းလူတွေပြောနေတာ နေ့စဉ် ကြားနေရတယ်၊ ဒါကြောင့် ကျွန်တော် ဆိုင်စဖွင့်တဲ့နေ့မှာ ဆယ်ပြားစေ့တွေ အများကြီး စု ကောင်တာပေါ်ပုံပေးထားလိုက်တယ်၊
👉 ဆယ်ပြားစေ့တွေက ဘာလုပ်ရတာလဲ။
👉 ရွှေတောမှာ ရွှေအရိုင်းကို ဝယ်တဲ့အခါ ဆယ်ပြားစေ့၊ ရွေးကြီးစေ့၊ ရွေးလေးစေ့၊ ဆန်စေ့တွေနဲ့ ချိန်ပြီး ဝယ်တာ၊ ကျပ်၊ ပဲ၊ ရွေး ပြောလို့ နားမလည်ဘူး၊ ဆယ်ပြားစေ့နဲ့ ချိန်ပြီး ဝယ်ကြတယ်ဆိုတော့ အချို့က ဆယ်ပြားစေ့ ကို ဒေါင်လိုက်ခွဲပြီး အထဲမှာ ခဲထည့်ထားတတ်ကြတယ်၊ အလေးချိန် ပိုစီးအောင်လေ၊ အလေးခိုးတာပေါ့၊ကျွန်တော်ကတော့ ဆယ်ပြားစေ့တွေ ကောင်တာပေါ်ပုံထားတယ်၊ ကြိုက်တဲ့ဆယ်ပြားစေ့နဲ့ ချိန်ပြီးရောင်း၊ ခင်ဗျားအိမ်မှာ ဆယ်ပြားစေ့ ရှိရင်လဲယူခဲ့၊ အဲ့ဒီတော့ ဝယ်သူတွေက သဘောကျတယ်၊ တစ်ပတ်လောက်အတွင်းမှာပဲ ကွက်ရပ်တစ်ခုလုံးက ရွှေလုပ်သားတွေ ကျွန်တော့ဆိုင်မှာ အုံနေတာ၊
👉 မန္တလေးကို ပြောင်းရွှေ့တဲ့ ရည်ရွယ်ချက်က။
👉 ငါးဆိုတာ ချောင်းထဲမှာ ကျောကုန်းပေါ်ရင် ဖမ်းချင် ခုတ်ချင်သူများတယ်မဟုတ်လား၊ ငါးနည်းနည်းကြီးလာရင် မြစ်ထဲဆင်းမှ ဖြစ်မယ်လေ၊ မန္တလေးကို မသွားလို့ မဖြစ်တော့ဘူး၊ သွားမှရတော့မယ်၊ မန္တလေးမှာ ကျွန်တော်က အစုစပ် ရွှေလှော်ဖို ဖွင့်လိုက်တယ်၊
👉 ရွှေလှော်ဖို လုပ်တဲ့အကြောင်းပြောပြပါဦး။
👉 အစုစပ်လုပ်တာထက် တစ်ဦးတည်းလုပ်တာက ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်၊ ဒါကြောင့် ခွဲထွက်ပြီး မန္တလေး ၁၉လမ်း အမတော်ဝင်းထဲမှာ ရွှေလှော်ဖိုဖွင့်တယ်၊ ဝင်းထဲဆိုတော့ ပရိသတ်ရဖို့ မလွယ်ပြန်ဘူး၊ ကျွန်တော်က စတစ်ကာတွေ အများကြီး ရိုက်တယ်၊ စဉ့်ကူး-မန်း၊ အမှတ် (၉)၊ အောင်စစ်သည် လိုင်းကားတွေ အကုန်လုံးကို စတစ်ကာတွေ ကပ်တယ်၊ ကြော်ငြာစွပ်ကျယ်တွေ အများကြီးလုပ်ပြီး ကားသမားတွေကို ကုန်သည်ပို့ပေးရင် လက်ဆောင်ပေးတယ်၊ လိပ်စာကဒ်တွေ အများကြီးရိုက်ပြီး ဝေတယ်၊ လုပ်ငန်းမှာ ကြော်ငြာက အများကြီး အထောက်အကူဖြစ်တယ်ဆိုတာကို ဒီနေရာမှာ အဓိကထားပြီးပြောချင်ပါတယ်၊
👉 စီးပွားရေးနဲ့ လူမှုရေး ဆက်စပ်မှု ရှိသလား။
👉 သိပ်ဆက်စပ်တာပေါ့၊ ရွှေတောမှာ အလှူ၊ မင်္ဂလာဆောင်ရှိတယ်ဆိုရင် ကျွန်တော် လိုက်တယ်။ ရွှေတောက လူတွေရဲ့လူမှုရေး ကို အများကြီး အကူအညီပေးတယ်၊ အောင်သမာဓိ တံဆိပ်နဲ့ စွပ်ကျယ် တွေကို ရွှေတောအနှံ့ ဖြန့်တယ်။ အောင်သမာဓိ ဆိုတဲ့ အမည်ကို နေရာ တိုင်းမှာ လူတိုင်း မြင်တွေ့နေရအောင် ကျွန်တော် လုပ်တယ်၊ ရွှေသန့်စင်ဖို့လာတဲ့ ကုန်သည်တွေကို ဂရုစိုက်တယ်၊ ထမင်း ကျွေးတယ် ဆိုတော့ ကျည်တောက်ပေါက် ရွှေတောက လူအတော်များများ ကျွန်တော့် ရွှေလှော်ဖို ကို ရောက်လာကြတာပေါ့၊
👉 အခက်အခဲ တွေ အနေနဲ့ရော
👉 ဆက်သွယ်ရေးအခက်အခဲ ရှိတယ်။ အဲဒီအချိန်က တယ်လီဖုန်းက ယခုလို မလွယ်ဘူး။ ၁၉ လမ်း၊ ဝင်းထိပ်က ဆိုင်တစ်ဆိုင်ကနေ ကြိုးဖုန်းတစ်လုံးကို ငှားလိုက်တယ်။ ဖုန်းနံပါတ်ရှိလာတော့ အဆက်အသွယ်လွယ်ကူပြီး စီးပွားပိုုဖြစ်လာတယ်။ ဆယ်လူလာ ဖုန်းတွေပေါ်လာတော့ ရှိတဲ့ တိုက်ခန်းလေး ရောင်းချပြီး ဝယ်သုံးတယ်၊ ဟမ်းဖုန်းရှိတယ်၊ အထိုင်ဖုန်းရှိတယ်ဆိုတော့ လိုက်လာကြ ပြီပေါ့၊
တစ်ရက်မှာ မုံရွာ ကုန်သည်ရဲ့ ရွှေတစ်ပိဿာအိုး လှော်နေတုန်း ဝင်းထိပ်က မီးလောင်ပါလေရော။ ကုန်သည်ခမျာ ရွှေတွေနဲ့ဘယ်ပြေးလို့ ပြေးရမယ်မှန်း မသိရှာဘူး ဖြစ်ရော၊ ကျွန်တော် စဉ်းစားရပြီ၊ ချမ်းသာတဲ့လူတွေအနေနဲ့ အခုလို ဝင်းထဲကို လာချင်ကြမှာမဟုတ်ဘူး၊ ဝင်းထဲက ထွက်ရအောင် လုပ်ရမယ်လို့၊ အဲသလို မီးလန့် လိုက်တာ ဝင်းထဲက ထွက်ဖို့ ဖြစ်သွားတယ်။
👉 ပြောင်းရွှေ့မယ့်နေရာ စဉ်းစားတော့ရော။
👉 မန္တလေးမြို့ကို ရွှေတွေ ဘယ်ကဝင်သလဲ၊ မုံရွာ သပိတ်ကျင်း စဉ့်ကူးကဝင်တယ်၊ အဲ့ဒီမြို့ တွေကလာတဲ့ ကားတွေ ရပ်နားရာ သီရိမန္တလာ ကားကြီးကွင်း ပတ်ချာလည်မှာ တောက်လျှောက် ရှာတာ ယခု ရွှေဆိုင် အမှတ်(၁)ဖွင့်ထားတဲ့ ၈၉လမ်း နေရာကို ဝယ်လိုက်တယ်၊ အဲ့ဒီနားက တယ်လီဖုန်း ဝ၂-၃၁၅၅ဝ က ရောင်းမှာတဲ့၊ ဝယ်လိုက်တယ်၊ ဖုန်းနဲ့ဘာနဲ့ဖြစ်သွားတယ်၊ ဝင်းထိပ်မှာ မီးလောင်လို့ ပိုပြီး တိုးတက်သွားတယ်တောင် ပြောရမှာပေါ့။
အခက်အခဲရှိတိုင်း ပြဿနာကို အခွင့်အရေးအနေနဲ့လုပ်လိုက်တာ ကျွန်တော့်ဘဝမှာတော့ အခုထိပဲ၊ ပြဿနာဖြစ်ရင် စိတ်ညစ်မနေပဲ အခွင့်အရေးအဖြစ် ဖန်တီးလိုက်ရင် ပျော်စရာလဲကောင်းတယ် အရသာလဲရှိတယ်၊
👉 ရွှေဆိုင် ဖွင့်ဖြစ်ခဲ့တဲ့ အကြောင်းလေးကရော။
👉 ကျွန်တော်က ကားကြီးကွင်းနားမှာရွှေလှော်ဖိုဖွင့်တယ် ဆက်ဆံရေးလည်း ကောင်းတယ်ဆိုတော့ ရွှေတွေ လှိမ့်ဝင်လာတယ်၊ ထွက်ပေါက် ကမရှိဘူး ရွှေဆိုင်ဖွင့်ဖို့ လိုလာပြီ၊ ယောက်ဖဖြစ်သူကို စတိလက်ကောက် လက်စွပ်ထိုးနည်း သင်ခိုင်းတယ်၊ ဒင်္ဂ ါးပြားရိုက်တာ လေ့လာတယ်၊ နန်းကြိတ်စက်ဝယ်ပြီး စတိလက်ကောက်ထိုးတယ်၊ လက်ခ ၅ဝဝ ပဲ ယူပြီးလုပ်ပေးတာ၊ အောင်သမာဓိရွှေ ကောင်းတယ် ကောင်းတယ်နဲ့ စတိ လက်ကောက်တွေ အများကြီး ရောင်းရတယ်၊
👉 ထူးခြားချက်လေးတွေ ရှိရင် ပြောပြပါဦး။
👉 အောင်သမာဓိက ကိုယ်ပိုင် ရွှေသန့်စင် လှော်ဖိုထားပြီး လုံးဝသန့်စင်တဲ့အောင်သမာဓိ အဆင့်(၁) ရွှေတွေနဲ့ပဲ လက်ဝတ်ရတနာတွေကို လုပ်တယ်၊အောင်သမာဓိ ရွှေထည်အားလုံးရဲ့ရွှေ အရည်အသွေးနဲ့ပက်သက်ရင် အပြည့်အဝယုံကြည် စိတ်ချရတယ်၊ ကာလအကန့်အသတ် မရှိ တာဝန်ယူတယ်၊ ကိုယ်ပိုင် ပန်းတိမ်ဆရာတွေနဲ့သာ အပ်နှံ လုပ်ကိုင်လို့ ရွှေထည်များမှာ မသမာတဲ့ အရောအနှောကင်းစင်ပြီး လက်ရာအထူးကောင်းမွန်တယ်လေ၊ ဒါ ထူးခြားချက်တွေပေါ့၊
👉 ဝယ်သူဘက်က အမြဲကြည့်တယ်လို့ လူတွေက ပြောကြတယ်၊ အဲ့ဒါဘာကြောင့်ပါလဲ။
👉 ဝယ်သူအပေါ်မှာ အမြတ်မထုတ်ဘဲ ဝယ်သူရဲ့ခံစားခွင့်တွေကို စဉ်းစားပြီး လုပ်ဆောင်ပါတယ်၊ အရင်ကတော့ ရွှေဆိုင်တွေက အလျော့တွက်ရော လက်ခပါ နှစ်မျိုး စလုံးယူကြတယ်၊ အောင်သမာဓိက အဲ့ဒီစနစ်ကို ပယ်ဖျက်ပစ် လိုက်တယ်၊ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မီးလင်း စတိလက်ကောက် လက်စွပ်တွေကို အလျော့တွက် မယူဘဲ လက်ခနဲ့သာဆောင်ရွက်ပေးတယ်၊
အောင်သမာဓိက ဝယ်သွားတဲ့စိန်ထည်ရွှေထည်တွေကို ဝယ်ယူပြီး ငါးရက်အတွင်း ပစ္စည်း မူလ လက်ရာ မပျက်ဘဲ ပြန်လည် လာရောက် ရောင်းချရင် အလျော့တွက် လက်ခ နှုတ်မယူဘဲ အပြည့်အဝ ပြန်ပေးတယ်၊ ရွှေဝယ်ယူစုဆောင်းလိုသူတွေအတွက် ရွှေတစ်ရွေးသားကအစ ဝယ်ယူနိုင်အောင် ရောင်းချပေးတယ်၊ ဝယ်ယူသူ စိတ်ကျေနပ်စေမယ့် အခုလို ဝန်ဆောင်မှုမျိုးတွေကို အောင်သမာဓိက ပထမဆုံး စတင်လိုက်တာပဲ၊
👉 ပထမဦးဆုံး လုပ်ဆောင်ပေးတာတွေ ကြောင်းပြောပြပါဦး။
👉 ဒီကနေ့ ဂုဏ်သရေရှိ အမျိုးသမီးကြီးတွေ ဂုဏ်ယူဆင်မြန်းနေကြတဲ့ ရွှေခြုံလွှာ (ခေါ်) ရွှေတဘက် ကို အောင်သမာဓိကပဲ ဒီဇိုင်းထုတ်ပြီး ပထမဆုံးတီထွင် လုပ်ကိုင်ပေးခဲ့တာပါ၊ ရွှေဖုန်းကာဗာ အပါအဝင် အသုံး အဆောင်ပစ္စည်း အမျိုးစုံကိုလည်း ရွှေနဲ့ တီထွင် ဖန်တီး လုပ်ကိုင်ပေးနေ ပါတယ်၊ အောင်သမာဓိစိန်ရွှေရတနာ ရောင်းဝယ်ေ ရး နှင့် ရွှေသန့်စင် လုပ်ငန်းကို အားပေးသူမိတ်ဆွေတွေကို ကားတွေ ဆိုင်ကယ်တွေ အပါအဝင် တန်ဖိုးကြီး လက်ဆောင် ပစ္စည်းတွေကိုလည်း ကံစမ်းမဲ နဲ့ ကျေးဇူးတုံ့ ပြန်ပါတယ်၊အခမဲ့ရွှေသင်တန်းတွေကိုလည်း အောင်သမာဓိကပဲ ပထမဆုံး ဖွင့်လှစ်ပေးခဲ့တယ်၊
👉 အခမဲ့ ရွှေသင်တန်းအကြောင်းလည်း ပြောပြပါဦး
👉 မြန်မာတွေက ရွှေကို အင်မတန် မြတ်နိုးကြတယ်၊ ဒါပေမဲ့ ရွှေအကြောင်းကိုတော့ ကောင်းကောင်းမသိဘူး၊ ဒါကြောင့် သာမန်လူတွေ ရွှေအကြောင်းကို ထဲထဲဝင်ဝင် သိဖို့ ရွှေလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ချင်သူတွေ အတွက် ရွှေဆိုင်၊ ရွှေလှော်ဖို၊ ရွှေပန်းတိမ် လုပ်ငန်းတွေ လုပ်နိုင်တဲ့အထိ အခမဲ့ ရွှေသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်၊
အခမဲ့ဆိုတဲ့အတိုင်း သင်တန်းတက်ရောက်သူက တစ်ပြားတစ်ကျပ်မျှ ပေးစရာ မလိုဘူး၊ ထမင်း၊ ကော်ဖီ၊ မုန့်များဖြင့် အခမဲ့ ဧည့်ခံကျွေးမွေးတယ်၊ ရပ်ဝေးက လာရောက် သူတွေ အတွက်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အခမဲ့ တာဝန်ယူပေးတယ်၊ ရွှေအကြောင်းသာမကပဲ လူမှုရေး၊ စီးပွားရေး အကြောင်းအရာပေါင်းစုံကိုပါ အခမဲ့ ရွှေသင်တန်းမှာ မျှဝေပေးပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီစေဖို့ အောင်သမာဓိရွှေသင်တန်းသားတွေကို အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတွေ မှာ လေ့လာရေးခရီးအဖြစ် သက်ဆိုင်ရာကောင်စစ်ဝန်ချုပ်ရုံး တွေနဲ့ပူးပေါင်းပြီး စီစဉ်ပေးတယ်။ မိမိအစီအစဉ်နဲ့မိမိ သွားရောက်လေ့လာဖို့ မလွယ်တဲ့ အဆင့်မြင့် စိန်၊ ရွှေ၊ ရတနာ လုပ်ငန်းကြီးတွေကို ထဲထဲဝင် ဝင် လေ့လာခွင့်ရခဲ့ကြတယ်၊ တစ်ဆက်တည်းပြောရရင် ပခုက္ကူ မြို့၊ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တသုန္ဒရ ကြီးမှူးပြီး ဝိပဿနာ တရားစခန်းတွေကို တစ်နှစ် သုံးကြိမ် ကုသိုလ်ယူ ဖွင့်လှစ်ပေးနေပါတယ်၊ တရားစခန်းမှ ယောဂီများကိုလည်း မေတ္တာလက်ဆောင် ပစ္စည်းများ ကံစမ်းမဲဖေါက်ပြီး ပေးလှူပါတယ်၊နောက်ပြီး ဆယ်ကြိမ်အထက် တရားစခန်းဝင်တဲ့ ကံထူးသူယောဂီများကိုလည်း ဗုဒ္ဓဂါယာခရီးစဉ်ကိုလည်း ပို့ဆောင် ပေးနေပါတယ်၊
👉 ဦးအောင်ရဲ့ဘဝမှာ အောင်မြင်တိုးတက်ရခြင်း အကြောင်းရင်းကို မျှဝေပေးပါဦး။
👉 အောင်မြင်တိုးတက်လိုသူတိုင်းဟာ ဆရာကောင်း၊ မိတ်ဆွေကောင်း၊ ပတ်ဝန်းကျင်ကောင်း ရှိရပါမယ်၊ ကိုယ်ချင်းစာတရားနဲ့ စိတ်စေတနာကောင်းကို မွေးပြီး မှတ်သား တတ်တဲ့အကျင့် ကြည့်တတ် တဲ့အမြင်၊ စူးစမ်းတတ်တဲ့ အကျင့်လေးက ကျွန်တော့်ဘဝအတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်။
👉 နောက်ထပ် ပြောချင်တာလေးရှိရင် ပြောပြပေးပါဦး။
👉 အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းကို စိန်ရွှေရတနာပစ္စည်းများ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုကို နိုင်ငံတကာ အဆင့် အရည်အသွေးကောင်း မွန်ကြောင်း ISO 9001-2008 ချီးမြှင့် ခံရပါတယ်၊ ISO လက်မှတ်ကို ကမ္ဘာတစ်ဝန်းလုံးက ယုံကြည်အသိအမှတ်ပြုပြီး အရည်အသွေးကောင်းကို စိတ်ချလက်ချ အသုံးပြုလို သူတွေ ဟာ ISO လက်မှတ်ရရှိပြီးတဲ့ လုပ်ငန်းတွေကိုသာ ဆက်ဆံ အလုပ်လုပ်ကိုင်ကြ ပါတယ် ဆိုတာ။
👉 ဟုတ်ကဲ့ပါ—အခုလို အချိန်ပေးဖြေကြားတဲ့ ဦးအောင်ကို အထူးကျေးဇူးတင်ပါတယ်။
👉 ဟုတ်ကဲ့ ကျွန်တော်ကလည်း မန္တလေးလမ်းညွှန်အဖွဲ့ကိုယ်စား လာရောက်မေးမြန်းတဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။
Mandalay Directory
No comments:
Post a Comment