********
အဲ့သည့် အသုံးနှုန်းကို ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသား ပြုစုသည့်
" ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ "
စာအုပ်မှာ စတွေ့ရပါတယ် ။
ပြောလိုတာက
ကောင်းတာကို ရှေးရှု့လုပ်ကိုင် ဆောင်ရွက်မယ့်သူတွေကို အမွှေဓါတ်က ဝင်ဖျက်တတ်တယ်တဲ့ ။
အဲ့ဒါကို
ဗုဒ္ဓဘာသာ အလိုအရ
မာရ်နတ် လို့ ခေါ်ပြီး
အနောက်တိုင်း အတွေးခေါ်ပညာရှင်တွေကတော့
" မာရ်နတ်ဆိုတာ #စိတ်ဆိုး စိတ်ညစ်ကို တင်စားတာပါတဲ့ "
ထားပါ ။
ဘယ်လိုပဲ ယူယူ
မာရ်နတ်ဆိုကထည်းက အဖျက်သမားဗျ ။
အဖျက်သမားဟာ
သိသိသာသာ ဖျက်တာလည်း ရှိသလို
ပုံရှိုး ကွယ်ရှိုး ဖျက်တာလည်း ရှိပါတယ် ။
သုဿန်ဆိုတာ … လူသေတွေ မြုပ်နှံရာ ဋ္ဌာန
ဒါပေမယ့်
သေသူဟာ
" ဝိညဉ် ' နာမ် ' ရုပ် ' ရှေးဘဝ ' အခုဘဝ ' လိပ်ပြာ ' လူဝင်စား ' ပြိတ္တာ ' အသူရကယ် ' ငရဲပြည် ' နတ်ပြည် "
စတာတွေ စွဲနေတော့
သုဿန် သချိုင်း မြေဟာ
မြေဖုတ်ဘီလူး ' သူရဲ ' တစ္ဆေ ' မှင်စာ ' ပြိတ္တာ '
စသည်တို့ ကျင်လည် ကျက်စားရာလို့ သတ်မှတ်ကြပြန်ရောဗျ ။
" ရှာရှည်တယ် ' ဆရာကြီးလုပ်တယ် ' မိချောင်းမင်း ရေခင်းပြတယ် မထင်ပါနဲ့ "
ဒီကိစ္စက
ရှင်းမှကို ဖြစ်မှာဗျ ။
အစက ။ ချီခဲ့တဲ့အတိုင်း #အမွှေဓါတ် ဆိုတာကို ရှင်းပြဘို့ အတွက် ဥပမာ ဥပမေယ တွေ ဆင်နေရတာပါ ။
တွေးကြည့်
မိတ်ဆွေတို့ရဲ့ ။ ချစ်လှစွာသော
ဖအေ ' မအေ ' ဇနီး ' သား ' သမီး ' သူငယ်ချင်း ' ဆရာ ' သံဃာ
သေပြီထား ။
ဟော …
ရက်လည်ဆွမ်းသွပ်တဲ့ နေ့ကြတော့
ဝှူး ကနဲ လေကလေး ဝေ့လာတာကို
" ဟော … သူလာပြီ "
အပုပ်နံ့ရပြီ
" သူက အနံ့ပေးတာ "
( မဟုတ်ဘူး ။ ကြမ်းအောက်က ကြွက်သေပုပ်က အနံ့ထွက်နေတာ )
နှင်းဆီနံ့လေး သင်းနေတာပဲ
( ဘေးအိမ်က နတ်ပွဲတင်လို့ နှင်းဆီရေမွှေးဖျန်းတာ သိမှ မသိပဲ )
ဝုန်း ……
ကြောင်ခုန်ချတာနော် ။ ဒါပေမယ့် သူလာနေသလား
မိတ်ဆွေတို့ရေ
အသက်ရှင်နေစဉ်တုန်းက
ခင်ဗျားတို့
ဖအေ ' မအေ တွေဟာ
ဘုရားနဲ့ တရားနဲ့ ရိပ်သာနဲ့ ပုတီးနဲ့ ဥပုသ်နဲ့ သီလနဲ့ ဘာဝနာနဲ့ ဝိပဿနာနဲ့ နေခဲ့တာ ခင်ဗျားတို့ အသိဆုံးပါ
ဒါကိုဗျာ
သေမှ
အနံ့ပေးတယ် ' အသံပေးတယ် ' ခြောက်တယ် ' လှန့်တယ် ' အိပ်မက်ပေးတယ်လို့
အပြောခံရတာ
ပြောတဲ့သူဟာ ခင်ဗျား မိဘ ကို စော်ကားတာပဲ
ဒါကိုမှ
ခင်ဗျားက ယုံကြည်လက္ခံနေရင်
ခင်ဗျားကိုယ်တိုင်လည်း သူများတံတွေးခွက်ထဲက အကျိ အချွဲကပ်နေတဲ့ ဖြုတ်ကောင်ပဲ ။
" အမှန်က အခုသေ ။ အခု နောက်ဘဝရောက် ။ အခု အသက်ထွက် ။ အခုပဲ ဇာတိစ "
ဒါကို နားလည်အောင် ဥပမာပေးရရင်
လမ်းရှောက်သူလိုပေါ့ဗျာ
ပထမ ညာခြေလှမ်းတယ်
ရှေ့တက်သွားတယ် ( လှမ်းတယ်ဆိုကထည်းက ရှေ့တက်တာမဟုတ်လား )
ညာခြေရှေ့ရောက်ပြီဆိုတော့ ဘယ်ခြေက လိုက်ရတယ် ။
ဒါဆို ၁ လှမ်းလို့ ခေါ်တယ်
ဒါပေမယ့်
ရှေ့ကို လိုက်တက်တဲ့ ဘယ်ခြေဟာ ညာခြေနဲ့ တန်းတူနေသလား ။
တန်းတူနေတယ်ဆိုရင် ……
" သူဟာ သသတ္တဒိဌိ ။ ဘဝကို တည်မြဲဘို့ ကျိုးစားနေသူ "
ဟုတ်ပြီ
တက်လာတဲ့ ဘယ်ခြေဟာ ။ ညာခြေကို ကျော်ပြီး နောက်တစ်လှမ်း တက်လာတယ်ဆိုရင်
သူဟာ သက္ကာရ ဒိဋ္ဌိ … ဘဝဟာ အဆက်ရှိတယ် တည်မြဲတယ်
" လူသေ လူဖြစ် ဆိုတဲ့ အယူဝါဒပေါ့ "
ဟုတ်ပါပြီ …
လွှင့်ပြစ်ပြန်ရင်လည်း အဆီတစ်ဝင်းဝင်း ။ ကောက်စားပြန်ရင်လည်း သဲ တစ်ရှပ်ရှပ်
" အဲဒါမျိုးကျ ဥစ္ဆေဒ ဒိဋ္ဌိ ခေါ်သဗျား "
တွေးကြည့်လေး
မိုက်ရိုင်းတယ်မထင်ပါနဲ့
ဆိုရေးရှိက ဆိုအပ်လှ၏ တဲ့
ပါရာဇိက ကျမ်းကို လေ့လာကြည့်ပါ
တွေ့ပါလိမ့်မယ်
" သူ၏ မဂ်တွင်း ကိုယ်မဂ် သွင်းကား ……… "
ခင်ဗျားတို့ ထင်ထား သင်ယူထားတာက #မဂ်ဆိုတာ မဂ္ဂင် ၈ ပါးလို့ ထင်သကိုးဗျ ။
တစ်ကယ်က
ဝိပဿနာသဘောမှာပဲ သုံးသုံး / ပါဠိ သဒ္ဒါ စာပေမှာပဲ သုံးသုံး
မဂ်ဆိုတာဟာ = လမ်း
ပါရာဇိက ကျမ်းအလိုရ မဂ်ဆိုတာ
ကျဉ်ကြီး ကျဉ်ငယ်စွန့်ရာ လမ်းကို မဂ်လို့ သုံးသဗျ ။
ကဲ
အစကို ပြန်ကောက်ရအောင်
ကျွန်တော်တို့ အီလက်ထရောနစ် နည်းပညာ ပရဟိတ အဖွဲ့မှာ
" အမွှေဓါတ်တွေဟာ အထက်က ပြဆိုခဲ့သလို ။ ဘက်ပေါင်းစုံက တိုပ်ခိုက်ခံနေရပါတယ် "
ဒါပေမယ့်
" ခွေးလေးခုန်လို့ ဖုန်မထကြပါနဲ့ "
အဲ့သည့် စကားဥပမာဟာလည်း အမှားပါ ။
အမှန်က
" ခွေးလှေး ခုန်လို့ ဖုန်မထ ပါနဲ့ "
ဆိုတဲ့စကားက အမှန်ပါ ။
" ခွေးလှေး ဆိုတာ ခွေးသန်းကို ခေါ်ပါတယ် "
ခွေးရဲ့ ခန္ဓာကိုယ်မှာ ကပ်ငြိတွယ်နေတဲ့ သန်း အကောင်ကို ညွှန်းပါတယ် ။
တစ်ကယ်တော့ #ခွေးလှေးဆိုတာ
အသူရကယ် ဘုံသားပါ
အသူရကယ်ဆိုတာ
ကပ်ပါးကောင်ပါ
ကပ်ပါးကောင်ဆိုတာ
ဝင်ကစွပ်ပါ
ဝင်ကစွပ်ဆိုတာ
သူများနှာခေါင်းနှင့်အသက်ရှုနေသူပါ
သုများနှာခေါင်းနဲ့ အသက်ရှုသူဟာ ………
CD( ကိုဝေ )
No comments:
Post a Comment