အားသြင္းထားတဲ့ဖုန္း ေရခ်ိဳးဇလုံထဲ ျပဳတ္က်လို႔ ႐ုရွားဆယ္ေက်ာ္သက္ ေသဆုံး - MM-IT

MM-IT

မင်္ဂလာပါ

ေနာက္ဆံုးတင္ထားသမွ်

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

ေမတၱာရပ္ခံပါသည္

MM-IT နည္းပညာ မွ လႈိုက္လွဲစြာၾကိဳဆိုပါသည္ခင္ဗ်ာ Popadဆိုတဲ့လင့္တက္လာပါက Backတစ္ခ်က္ႏိွပ္ေပးပါ 1clickmm ေပၚလာပါက ၅ စကၠန္႔ေစာင့္ၿပီးGet Linkဆိုတာေလးႏိွပ္ေပးျခင္းျဖင့္ျကည့္႐ႈ႕ႏိူင္ပါတယ္ link ကိုမေရာက္ပါကback key တစ္ခ်က္ႏိွပ္ေပးလိုက္ျခင္္းျဖင့္မူရင္းlinkသို႔ေရာက္ရိွသြားပါမည္ ေက်ဇူးအထူးပင္တင္ရိွပါတယ္...............

အားသြင္းထားတဲ့ဖုန္း ေရခ်ိဳးဇလုံထဲ ျပဳတ္က်လို႔ ႐ုရွားဆယ္ေက်ာ္သက္ ေသဆုံး

အားသြင္းထားတဲ့ဖုန္း ေရခ်ိဳးဇလုံထဲ ျပဳတ္က်လို႔ ႐ုရွားဆယ္ေက်ာ္သက္ ေသဆုံး


ေရခ်ိဳးဇလုံထဲမွာ ေရခ်ိဳးေနတုန္း ေဘးနားမွာ အားသြင္းထားတဲ့ စမတ္ဖုန္း ျပဳတ္က်ခဲ့လို႔ ႐ုရွားနိုင္ငံက ေက်ာင္းသူတစ္ဦး ဓာတ္လိုက္ေသဆုံးခဲ့တယ္လို႔ ေမာ္စကိုရဲတပ္ဖြဲ႕က ေျပာပါတယ္။

အသက္ ၁၂ ႏွစ္ အရြယ္ရွိတဲ့ ကီနီယာပီဟာ ေက်ာင္းဆင္းခ်ိန္မွာ ဘတ္စကတ္ေဘာ ကစားခဲ့ၿပီး အိမ္ေရာက္ေတာ့ ေရခ်ိဳးခဲ့ပါတယ္။

သူဟာ ေရခ်ိဳးေနတုန္း ဖုန္းနဲ႔ သီခ်င္းနားေထာင္ခဲ့ၿပီး ဖုန္းအားကုန္သြားလို႔ ေရခ်ိဳးခန္းထဲက ပလပ္ေပါက္မွာ ဖုန္းအားသြင္းခဲ့ပါတယ္။

ဒါေပမဲ့ အားသြင္းထားတဲ့ဖုန္းက ႀကိဳးတန္းလန္းနဲ႔ ေရခ်ိဳးဇလုံထဲ ျပဳတ္က်ခဲ့တာလို႔ အေစာပိုင္းစုံစမ္းစစ္ေဆးမွုေတြမွာ ေဖာ္ျပထားပါတယ္။

ညစာ ခ်က္ျပဳတ္ေနတဲ့ သူ႔အေမက သမီးျဖစ္သူ အသံတိတ္သြားလို႔ ေရခ်ိဳးခန္းထဲ သြားၾကည့္ခ်ိန္မွာ ေရျပင္ေအာက္ ေခါင္းျမဳပ္ၿပီး ေသဆုံးေနတဲ့ သမီးငယ္ကို ေတြ႕ရွိခဲ့တာပါ။

အေမျဖစ္သူက အေရးေပၚ အဖြဲ႕ကို အေၾကာင္းၾကားၿပီး သမီးျဖစ္သူ သတိျပန္လည္လာေအာင္ ႀကိဳးပမ္းခဲ့ေပမယ့္ အခ်ိန္ေႏွာင္းသြားခဲ့ပါၿပီ။

ေမာ္စကိုၿမိဳ႕က ဆာပူေကာ့စတီခရိုင္မွာ ေနထိုင္တဲ့ သူတို႔မိသားစုမွာ ကီနီယာပီက တစ္ဦးတည္းေသာ သမီးပါ။

ဒီျဖစ္ရပ္ အြန္လိုင္းေပၚ ပ်ံ႕ႏွံ့သြားေတာ့''လူေတြက အႏၲရာယ္ ကင္းရွင္းေရး အေျခခံ သေဘာတရားေတြ မသိၾကဘူးလား၊ သူတို႔ ကေလးေတြကို ဒါေတြ မရွင္းျပဘူးလား''လို႔ လူတစ္ေယာက္က မွတ္ခ်က္ေပးခဲ့ပါတယ္။
The Sun News
Daily Mail
(Unicode)

အားသွင်းထားတဲ့ဖုန်း ရေချိုးဇလုံထဲ ပြုတ်ကျလို့ ရုရှားဆယ်ကျော်သက် သေဆုံး


ရေချိုးဇလုံထဲမှာ ရေချိုးနေတုန်း ဘေးနားမှာ အားသွင်းထားတဲ့ စမတ်ဖုန်း ပြုတ်ကျခဲ့လို့ ရုရှားနိုင်ငံက ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မော်စကိုရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၁၂ နှစ် အရွယ်ရှိတဲ့ ကီနီယာပီဟာ ကျောင်းဆင်းချိန်မှာ ဘတ်စကတ်ဘော ကစားခဲ့ပြီး အိမ်ရောက်တော့ ရေချိုးခဲ့ပါတယ်။

သူဟာ ရေချိုးနေတုန်း ဖုန်းနဲ့ သီချင်းနားထောင်ခဲ့ပြီး ဖုန်းအားကုန်သွားလို့ ရေချိုးခန်းထဲက ပလပ်ပေါက်မှာ ဖုန်းအားသွင်းခဲ့ပါတယ်။
ဒါပေမဲ့ အားသွင်းထားတဲ့ဖုန်းက ကြိုးတန်းလန်းနဲ့ ရေချိုးဇလုံထဲ ပြုတ်ကျခဲ့တာလို့ အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာ ဖော်ပြထားပါတယ်။

ညစာ ချက်ပြုတ်နေတဲ့ သူ့အမေက သမီးဖြစ်သူ အသံတိတ်သွားလို့ ရေချိုးခန်းထဲ သွားကြည့်ချိန်မှာ ရေပြင်အောက် ခေါင်းမြုပ်ပြီး သေဆုံးနေတဲ့ သမီးငယ်ကို တွေ့ရှိခဲ့တာပါ။
အမေဖြစ်သူက အရေးပေါ် အဖွဲ့ကို အကြောင်းကြားပြီး သမီးဖြစ်သူ သတိပြန်လည်လာအောင် ကြိုးပမ်းခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။
မော်စကိုမြို့က ဆာပူကော့စတီခရိုင်မှာ နေထိုင်တဲ့ သူတို့မိသားစုမှာ ကီနီယာပီက တစ်ဦးတည်းသော သမီးပါ။

ဒီဖြစ်ရပ် အွန်လိုင်းပေါ် ပျံ့နှံ့သွားတော့''လူတွေက အန္တရာယ် ကင်းရှင်းရေး အခြေခံ သဘောတရားတွေ မသိကြဘူးလား၊ သူတို့ ကလေးတွေကို ဒါတွေ မရှင်းပြဘူးလား''လို့ လူတစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။
The Sun News
Daily Mail

No comments:

Post a Comment

မန္ဘာ၀င္လို႕အားေပးၾကပါ

Related Posts Plugin for WordPress, Blogger...

ဒီေနရာမွာလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Post Bottom Ad

PopAds.net - The Best Popunder Adnetwork