😁
ကြပ်ကြပ် သတိထား !
'' ဟဲလို အမိန့်ရှိပါခင်ဗျာ စခန်းမှူးပြောနေပါတယ် "
'' ဟုတ်ကဲ့ ကျွန်တော် တလောက ဖုန်းဆက်ပြီး တိုင်ချက်ဖွင့်တဲ့ ကျောင်းဆရာပါ"
'' ဟုတ်ကဲ့ဆရာ ခု, ကျွန်တော် ဘာများကူညီပေးရမလဲ "
'' ဟုတ်, မနေ့က လမ်းထိပ်မှာ အဲ့ဒီအရက်သမားနဲ့ ထပ်ဆုံတယ် ,,
ဒီတခါတော့ ကျွန်တော့ဆဲတာ သေချာတယ်ဗျ, နောက်ပီး ခြိမ်းခြောက်တယ် , အဲဒါဆက်ပီးသည်းမခံနိုင်လို့ အမှုဖွင့်ချင်လို့ပါ "
'' ဟုတ်ကဲ့ , ဆရာ့ကို ဘယ်လိုဆဲလဲ "
" လမ်းထိပ်မှာ ကျွန်တော့်မြင်တာနဲ့ ` ~ီး ဘဲထင်တယ် ' လို့ ဆဲပါတယ် "
'' ဟုတ်ကဲ့, ဒါကတော့ ရှင်းပါတယ် ဆဲမှုမမြောက်ပါဘူး "
'' ဗျာ, ဘယ်လို,, ဒါ ဆဲတာမှုတ်ဘူး "
'' ဟုတ်ကဲ့ သူထင်တာကို သူပြောတာဘဲ ဆရာ့ပြောတာမှမှုတ်တာ "
'' အဲ့, ဒါလဲ ဟုတ်တာဘဲ , ဒါပေမဲ့ ကျွန်တော့မျက်နှာကို စိုက်ကြည့်ပြီး `တွေ့ ကြ သေးတာပေါ့ကွာ ' လို့ ကြိမ်းတယ် အဲ့ဒါက.. "
'' ဒါတော့ ခြိမ်းခြောက်တဲ့စကား မှုတ်ဘူးဗျ, နိုင်ငံကြီးသားတွေ လူ့ယဉ်ကျေးတွေ သုံးတဲ့ အသုံးအနှုန်းပါ, ဆီးယူအဂိန်း လိုပေါ့ "
'' ဩ , ဟုတ်သားဘဲ ငါ့ထက်တောင် လူမှုရေးနားလည်သေး ,,
ဒါပေမဲ့ နောက်ဆုံးပြောတဲ့ `ကြပ်ကြပ်သတိထား ' ဆိုတာကတော့ ခြိမ်းခြောက်တာဗျ , သေချာတယ် "
'' ဗျာ, ဘယ်လိုပြောတယ် "
'' ကျွန်တော့ကို လက်ညှိးထိုးပီး ` ကြပ်ကြပ်သတိထား' တဲ့ "
'' တော်ပါသေးရဲ့ ,, ဆရာ သူတော်ကောင်းကို ပြစ်မှားမိတော့မလို့ "
'' ငင့် ,, သူတော်ကောင်း.. ဘယ်လို ဘယ်လို "
'' ကျွန်တော်တို့ အထွဋ်အမြတ်ထားတဲ့ ဘုရား, ပရိနိဗ္ဗန်ပြုခါနီး နောက်ဆုံး မိန့်ကြားခဲ့တာက အမြဲ သတိထားကြ, သတိနဲ့နေကြလို့ မှာခဲ့တယ်လေ,, ခု ဆရာ့ကို ကျန်းဂန်နဲ့အညီ ညွှန်ပြပေးတဲ့ ဓမ္မမိတ်ဆွေကောင်းကို ဆရာ စော်ကားမိတော့မလို့ "
'' ဟာ, ဟုတ်ပဗျာ ကျွန်တော်မှားတော့မလို့ နက်ဖြန်မှ သူတော်ကောင်းကြီးဆီ သွား ကန်တော့ပွဲနဲ့ တောင်းပန်လိုက်ပါအုန်းမယ် , .. ကျေး, ကျေးဇူးဘဲ စခန်းမှူးကြီးရေ့ "
'' ကောင်းပါပီဗျာ "
Thanks,,
PW
26th, February, 2018
Credit
No comments:
Post a Comment