ဖုန်းဘေလ်တွေ အရမ်းမကုန်စေမယ့် နည်းလမ်းကောင်းလေးများ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ဖုန်းဘေလ်တွေ အရမ်းမကုန်စေမယ့် နည်းလမ်းကောင်းလေးများ

ဖုန်းဘေလ်တွေ အရမ်းမကုန်စေမယ့် နည်းလမ်းကောင်းလေးများ



ခေတ်ရဲ့တိုးတက်လာတဲ့စံနှုန်းအရ လူတိုင်းမှာ ကိုယ်ပိုင်ဖုန်းတစ်လုံးဆီတော့ ကိုင်သုံးတတ်ကြပါတယ်။ အပန်းဖြေဖို့အတွက် ၊ အလုပ်အတွက်၊ သင်ယူလေ့လာဖို့အတွက် အင်တာနက် ၊ ဆိုရှယ်မီဒီယာတွေ၊ အီးမေးလ်တွေ သုံးရတော့ ဖုန်းဘေလ်တွေကုန်ကြပါတယ်။ မြန်မာနိုင်ငံကတယ်လီကွန်းတွေဖြစ်တဲ့ MPT၊ တယ်လီနော် နဲ့အူရီဒူးတွေကို ဘယ်လိုမျိုး အကုန်အကျသက်သာအောင်သုံးနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။





(၁) MPT နဲ့ ဖုန်းဘေကို သက်သာအောင် အင်တာနက်သုံးနည်း

သောကြာနေ့မှာ MPT ဖုန်းဘေဖြည့်ရင် တစ်ပတ်စာ Weekend Bonus ရပါတယ်

၁၀၀၀ တန် ကဒ်ဖြည့်ရင် 150 MB Bonus ရရှိနိင်ပြီး ၊ ၃၀၀၀ တန်ကဒ်ဖြည့်ရင် 750 MB Bonus ရရှိပြီး ၊ ၁၀၀၀၀ တန် ကဒ်ဖြည့်ရင် 450 MB Bonus ရရှိနိင်ပါတယ်။

အပိုရရှိတဲ့ Bonus တွေကို တနင်္ဂနွေနေ့ည ၁၂ နာရီထိ အသုံးပြုနိုင်ပါတယ်။





E –Topup နဲ့ ၁၀၀၀ ဖိုးဖြည့်ရင် 800 MB Bonus ရရှိပါတယ်။

ဖုန်းဘေ အပိုငွေများ ကုန်သွားပြီးရင်တော့ *700# ကိုဖုန်းခေါ်ပြီး တစ်လစာ Package 1 G ကို ၂၉၉၉ ကျပ်ဖြင့် ဝယ်ယူနိင်ပြီး Facebook, Wechat, Line, Topup နဲ့ ၁၀၀၀ ဖိုးဖြည့်ရင် 800 MB Bonus ရရှိပါတယ်။





ဖုန်းဘေ အပိုငွေများ ကုန်သွားပြီးရင်တော့ *700# ကိုဖုန်းခေါ်ပြီး တစ်လစာ Package 1 G ကို ၂၉၉၉ ကျပ်ဖြင့် ဝယ်ယူနိင်ပြီး Facebook, Wechat, Line, Youtube, Pyone Play စတာတွေအတွက် 1000 MB အပိုထပ်ရပါတယ်။ သာမာန် Facebook နဲ့ Viber လောက်သာ သုံးသူတွေအတွက်တော့ တစ်လစာ လုံလောက်ပါတယ်။

တစ်ပတ်စာ ချင်းဝယ်ယူသုံးစွဲချင်သူတွေအတွက်တော့ *3002# ကို ၉၉၉ ကျပ်ဖြင့် ဝယ်ယူနိင်ပြီး တစ်နေ့စာချင်း ဝယ်ယူချင်သူတွေအတွက် *3001# ကို ၁၉၉ ကျပ်ဖြင့် ဝယ်ယူနိင်ပါတယ်။

(၂) Telenor နဲ့ ဖုန်းဘေကို သက်သာအောင် အင်တာနက်သုံးနည်း

တယ်လီနောမှာတော့ အင်တာနက်သုံးရန်အတွက် Package အမျိုးမျိုးကို ဈေးနုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါတယ်။

500 MB ကို ၇၉၉ ကျပ်ဖြင့် အချိန်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါတယ်။

14 GB ကို ၁၇၉၉၉ ကျပ်ဖြင့် အချိန်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါတယ်။

*700 # ကိုဖုန်းခေါ်ဆိုပြီး 1000 MB ကို ၄၉၉ ကျပ်ဖြင့် တစ်ပတ်စာ လည်းဝယ်ယူနိင်ပါတယ်။

ညဘက်တွေမှာ လိုင်းကောင်းကောင်းဖြင့် ဖုန်းပြောချင်သူတွေအတွက် 1 MB ကို ၁ ကျပ် နှုန်းဖြင့် ည ၁၁ နာရီမှ မနက် ၇ နာရီထိ ဖုန်းပြောနိုင်ပါတယ်။





(၃) Ooredoo နဲ့ ဖုန်းဘေကို သက်သာအောင် အင်တာနက်သုံးနည်း

*4444 # ဖြင့် ဖုန်းဘေ တစ်ခါဖြည့် ရင်တခြားဝန်ဆောင်မှုအားလုံးကို Free ရရှိနိုင်ပါတယ်။

*150 # ခေါ်ဆိုပြီး အူရီဒူး ဖုန်းအချင်းချင်း ဖြင့် တစ်နေကုန်ဖုန်းပြောနိုင်ရန်အတွက် ၂၄၉ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

သောကြာနေ့တိုင်းမှာ E-topup ဖြင့်ငွေဖြည့်ပြီး ၅၀% အပိုလက်ဆောင်ရယူနိင်ပါတယ်။ ဖုန်းဘေ ၁၀၀၀ ကျပ်မှ ၂၉၉၉ ကျပ်ထိ ငွေဖြည့်သူတိုင်းအတွက် ၁၅% အပိုလက်ဆောင် ရယူနိုင်ပါတယ်။ ဖုန်းဘေ ၃၀၀၀ မှ ၄၉၉၉ ကျပ်ထိ ငွေဖြည့်သူတိုင်း ၃၀% အပိုလက်ဆောင် ရယူနိုင်ပါတယ်။ ဖုန်းဘေ ၅၀၀၀ ကျပ်နှင့်အထက် ငွေဖြည့်သူတိုင်း ၅၀% အပို လက်ဆောင်ရရှိနိုင်မှာဖြစ်ပါတယ်။





အထက်မှာဖော်ပြခဲ့တဲ့ ဖုန်းတွေရဲ့ ကွဲပြားခြားနားမှုကို သိရှိနိုင်တာကြောင့် ကိုယ်မသိသေးတဲ့ အင်တာနက် ဒေတာ ဝယ်ယူနည်းတွေကြောင့် ဖုန်းသုံးနေတဲ့ မိသားစုတိုင်းလည်း ဖုန်းဘေတွေအရင်ကထက် သက်သာစေဖို့ရွေးချယ်နိုင်ကြပါစေနော်။

Credit – ကြူသင်း (MyanmmarNote)

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork