SNAPDRAGON 845 ပါဝင်တဲ့ ONEPLUS 6 ကို ဇွန်လတွင် မိတ်ဆက်မည် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

SNAPDRAGON 845 ပါဝင်တဲ့ ONEPLUS 6 ကို ဇွန်လတွင် မိတ်ဆက်မည်



၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် Qualcomm ရဲ့ Snapdragon 845 chipset ပါဝင်တဲ့ စမတ်ဖုန်းစာရင်းဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီစာရင်းမှာ OnePlus 6 ကို ဇွန်လမှာ မိတ်ဆက်မယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုအခါမှာတော့ OnePlus 6 နဲ့ပတ်သက်တဲ့အကြောင်းကို OnePlus အမှုဆောင်အရာရှိချုပ် Pete Lau က CNET နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

“ကုမ္ပဏီအတွက် Snapdragon 845 ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး” လို့ Lau က ပြောကြားခဲ့ပြီး
ဒီဟန်းဆက်ကို OnePlus 5 လိုပဲ ဒုတိယသုံးလပတ်အကုန်မှာ မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ လည်း Lau က ဆိုပါတယ်။ OnePlus 6 ရဲ့နာမည်ကို Lau က အတည်မပြုခဲ့ပေမယ့် လော့ဂျစ်အရ အဲ့ဒီနာမည်အတိုင်းပဲ ခေါ်ဆိုဖွယ်ရှိပါတယ်။

ဒီနှစ်အတွင်းမှာထွက်ရှိမယ့် OnePlus စမတ်ဖုန်းအပြင် ကုမ္ပဏီအနေနဲ့ AT&T နဲ့ Verizon တို့လို ကုမ္ပဏီကနေတစ်ဆင့် ဟန်းဆက်တွေကို ရောင်းချဖို့အတွက် အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဆွေးနွေးသွားမယ်လို့လည်း Lau က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork