Rotate the right to peaceful assembly and procession are not able to explain the circumstances of presentationငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် တင်ပြထားမှု ခွင့်မပြုနိုင်သည့် အခြေအနေများအား ခေါ်ယူရှင်းလင်းပြောကြား - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

Rotate the right to peaceful assembly and procession are not able to explain the circumstances of presentationငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် တင်ပြထားမှု ခွင့်မပြုနိုင်သည့် အခြေအနေများအား ခေါ်ယူရှင်းလင်းပြောကြား

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် တင်ပြထားမှု ခွင့်မပြုနိုင်သည့် အခြေအနေများအား ခေါ်ယူရှင်းလင်းပြောကြား
===================================
ဘားအံ ဇန်နဝါရီ ၂၈

    ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း ကရင်ပြည်နယ်ဥက္ကဌ ဦးစောမောင်ကြီးမှ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပြုလုပ်ရန် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ အကြောင်းကြားထားမှုကို ယနေ့မွန်းလွဲပိုင်းက အစည်းအဝေဆုံးဖြတ်ချအရခွင့်မပြုနိုင်သည့် အခြေအနေများအား ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းက ခေါ်ယူရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

   ``ကျနော်ဆီကို ဇန်နဝါရီလ ၂၆ ရက်နေ့က လာတင်တယ်၊ကျနော်အနေနဲ့ ဥပဒေအရ ငြင်းပယ်ခွင့်မရှိပါဘူး၊ ဦးစောမောင်ကြီးတင်ပြချက်ကို ကျနော်က မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ကြန့်ကြာမှုမရှိစေဘဲ ဆက်လက်တင်ပြရတယ်၊ အဲဒီကိစ္စကို ဇန်နဝါရီလ၂၇ ရက်နေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီကအစည်းအဝေးဆုံးဖြတ်ချက် ( ၁/ ၂၀၁၈ )ဆုံးဖြတ်ချက်အပိုဒ်(၁)အရ ကျောင်းသားကျောင်းသူတွေ စာကျက်/စာဖြေ အတွက် ကြိုတင်ပြင်ဆင်ချိန်ဖြစ်နေတာရော၊ ခုရက်ပိုင်းအတွင်း ပြုလုပ်မဲ့ ပြည်နယ်အဆင့်အခမ်းအနားကို အရေးကြီးပုဂ္ဂိုလ် လာရောက်မည့် ခရီးစဉ်အတွက်လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ဖို့ ပြင်ဆင်နေရချိန်ဖြစ်တာရောကြောင့် ခွင့်မပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါဆုံးဖြတ်ချက်ကို  မြို့နယ်ရဲတပ်ဖွဲ့မှူး
ထံ ထပ်မံအကြောင်းတဲ့အတွက် ဦးစောမောင်ကြီးကို တွေ့ဆုံပြီး ငြိမ်းစုစီ တင်တာကို ခွင့်မပြုကြောင်းနဲ့  မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့
 အကြောင်းကြားချက်ကို ဒီနေ့ခေါ်ယူရှင်းလင်းပြောကြားတာပါ´´ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

       ဦးစောမောင်ကြီးမှ ဦးဆောင်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာနံနက် (၀၇:၄၅)အချိန်မှ (၁၀:၀၀)နာရီအချိန်ထိ လူအင်အား ၂၀၀ဦးခန့်ဖြင့် ``လယ်ယာမြေပြဿ      နာများအား ဥပဒေပါအတိုင်း စိစစ်ပေးရန်၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ဒေသခံများအပေါ်ဆက်ဆံခြင်းအား ဆင်ခြင်သုံးသပ်ရန်၊ အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာအရေးယူပေးရေး´´ရည်ရွယ်ချက်ဖြင့် ဗိုလ်ချုပ်ကျောက်တိုင်ကွင်းမှာ စုရပ်လုပ်ပြီး အောင်သံလွင်အားကစားကွင်းအထိ စီတန်း လှည့်ခွင့် တင်ပြထားကြောင်း သိရပြီး ခွင့်မပြုသော်လည်းဆန္ဒဖော်ထုတ်ခြင်းကို ဆောင်ရွက်သွားမည်ဟု သိရသည်။

  `` ဦးစောမောင်ကြီးက ခွင့်မပြုလဲပြမယ်လို့သိရတယ်၊ သူအနေနဲ့ယခင်ကလည်း ခဏခဏပြတယ် ခွင့်မပြုရင် ပြန်ရုပ်သိမ်းတယ်၊ရုပ်သိမ်းတာကိုမသိလိုက်လို့ လာပြီးဆန္ဒပြတဲ့သူတွေ အရေးယူခံရဘူးတဲ့ဖြစ်စဉ်လဲရှိခဲ့တယ်၊ သိစေချင်တာက ငြင်းတာမဟုတ်ပါဘူး ။ခွင့်မပြုနိုင်တဲ့အကြောင်းအရာတွေကို ခေါ်ပြောပြီးပြီလေ၊ ဆက်လုပ်ရင်တော့ ဥပဒေနှင့်အညီ အရေးယူသွားမှာပါ၊ ယခင်
အရေးယူခံရဘူးသူတွေပါရင် ပြစ်ချက်ဟောင်းနဲ့ဆို ပိုပြီး ပြစ်ဒဏ်ကပိုကြောင်း´´ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖြည့်စွက်ပြောကြားခဲ့သည်။

   ဦးစောမောင်ကြီးအနေဖြင့် ငြိမ်းစုစီ တင်ပြသည့်အကြိမ်အရေအတွက် (၂၀)ခန့်အထိ တင်ပြလျောက်ထားခဲ့ပြီး တစ်ကြိမ်မျှအရေးယူ
ခံရဘူးခြင်းမရှိသေးဘဲ မတရားအသင်းဥပဒေဖြင့် တစ်ကြိမ်အရေး
ယူခံရဘူးကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

  ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်း ဥပဒေတွင်
ပုဒ်မ ၁၈ ၌ နှောင့်ယှက်ခြင်း ဟန့်တားခြင်း၊ စိတ်ငြိုငြင်စေခြင်း
ဘေးအန္တရာယ်ဖြစ်စေခြင်း ပြုလုပ်သူကို ပြစ်မှုထင်ရှားပါက တစ်နှစ်
ထက်မပိုသောထောင်ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်
ဒဏ်နှစ်လုံးချမှတ်လို့ရကြောင်း၊ ပုဒ်မ ၁၉ ကသက်ဆိုင်ရာအသိမပေး
ဘဲလုပ်တာပါ၊ ပုဒ်မ ၂၀ ကတော့ တင်ပြချက်ပါအချက်တွေဖောက်ဖျက်တာတွေ ငွေပေးငှားပြီးလုပ်တာတို့ အတင်းအကြပ် ပါဝင်ဖို့ခိုင်းတာတို့ ဒေသန္တရ စည်းကမ်းချက်တွေ ကြိုတင်ရှင်းပြသဘောတူညီချက်တွေကိုဖောက်ဖျက်တာတွေကိုအရေးယူတာပါ၊ ပုဒ်မ ၂၁ ကစုစေစီတန်းရာမှာ လက်နက်ကိုင်ဆောင်တာတို့ အကြမ်းဖက်လုပ်တာတွေတို့ အကျိုးပျက်စီးအောင်လုပ်တာတို့ကျူးလွန်ခဲ့ရင် အရေးယူခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)


No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork