အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးသည့်ကိစ္စ ဆန္ဒပြသူ ၅ ဦးကို ထောင်ဒဏ် ရက် ၂၀ ချမှတ် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးသည့်ကိစ္စ ဆန္ဒပြသူ ၅ ဦးကို ထောင်ဒဏ် ရက် ၂၀ ချမှတ်

ကန္တာရဝတီတိုင်း(မ်)

အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ရှုံ့ချ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပြီးသတ် စစ်ဆေးမှုများပြုလုပ်ပြီး ထောင်ဒဏ် ရက် ၂၀ ချမှတ်လိုက်ပြီဖြစ်သည်။

အဆိုပါ ဆန္ဒပြုသူများကို လွိုင်ကော်မြို့မရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ယခုလ ဇန်နဝါရီလ ၅ ရက်နေ့မှ ပထမဆုံးအကြိမ် ၁၂ ရက်နေ့အထိ ရုံးချိန်း ၄ ချိန်းခေါ်ယူစစ်ဆေးပြီးနောက် လွိုင်ကော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ရက် ၂၀ ကျခံရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ သည် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်။

ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)
Kantarawaddy Times

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork