- MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

KIA အကြမ်းဖက်သောင်းကျန်းသူများက ဆွမ်ဘရာဘွမ်မြို့အနီးရှိ တံတားနှစ်စင်းနှင့် ဆောက်လုပ်ရေး ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီး



နေပြည်တော်၊ ဇန်န၀ါရီ - ၂၈

ကချင်ပြည်နယ်၊ ဆွမ်ဘရာဘွမ်မြို့အနီး မြစ်ကြီးနား-ဆွမ်ဘရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတားသို့ ယနေ့နံနက် ၈ နာရီခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ရောက်ရှိလာပြီး ချဉ်းကပ်လမ်းနှင့်တံတားပေါ်ရှိ ယာဉ်သွားလမ်း ၂၀ ပေခန့်အား တံတား ဆောက်လုပ်ရေးဆောင်ရွက်နေသော မန်းပြည်တံခွန်ကုမ္ပဏီပိုင် ဘက်ဟိုးယာဉ်ဖြင့် ဖျက်ဆီးစေခြင်း၊ ဘက်ဟိုးယာဉ်၊ကျောက်ခွဲစက် ၃ လုံးနှင့် မီးစက် ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခြင်း၊ဘိလပ်မြေဖျော်စက် ၁ လုံးနှင့် ကွန်ကရစ်ဖောက်စက် ၁ လုံးတို့အား ချောင်းအတွင်းသို့တွန်းချခြင်းများပြုလုပ်ခဲ့ပြီး အလုပ်သမားများအား အမြန်ပြန်လည်ထွက်ခွာရန်ပြောကြား၍ ဆွမ်ဘရာဘွမ်ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်။


အလားတူ ဇနန်တံတားနှင့် ၁ မိုင်ခန့်အကွာရှိ သံဘောင်ဘေလီအမှတ် (၁/၁၁၀)သို့ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တံတားပေါ်သို့ ကရိန်းယာဉ်ဖြင့် ရောက်ရှိလာသော ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ ဦးမျိုးသီဟထွန်း အပါအ၀င် ၃ ဦးအား ကြိုတင်ရောက်ရှိနေသော KIA အကြမ်းဖက်သောင်းကျန်းသူများက ယာဉ်အား ရပ်တန့်စေပြီး ဦးမျိုးသီဟထွန်းထံမှ လက်ကိုင်ဖုန်း ၁ လုံးအားသိမ်းယူခြင်း၊ ကရိန်းယာဉ်ဘီးအား လက်နက်ငယ်များဖြင့် ပစ်ဖောက်၍ယာဉ်အား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ဆွမ်ဘရာဘွမ် ဘက်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်။


ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လမ်းတံတား ဆောက်လုပ်ရေးအဖွဲ့များထံသို့ လုပ်ငန်းများရပ်ဆိုင်းထားရန် ခြိမ်းခြောက်အကြောင်းကြားစာ ပေးပို့ထားပြီး လိုက်နာမှုမရှိသဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အားတပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork