ကေအိုင်အေမှ ဖားကန့်- တနိုင်း ကြားပြေးဆွဲနေသော ကားသမားများထံမှ ငွေကြေးကောက်ခံ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ကေအိုင်အေမှ ဖားကန့်- တနိုင်း ကြားပြေးဆွဲနေသော ကားသမားများထံမှ ငွေကြေးကောက်ခံ

ကေအိုင်အေမှ ဖားကန့်- တနိုင်း ကြားပြေးဆွဲနေသော ကားသမားများထံမှ ငွေကြေးကောက်ခံ



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ လွယ်လီယံကျေးရွာအုပ်စု၊ လွယ်လီယံကျေးရွာနှင့် ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာကြား တနိုင်း-မြစ်ကြီးနား လီဒိုလမ်းပေါ်၌ ကေအိုင်အေတပ် ရင်း(၁၁)မှ အင်အား(၃၀)ဦး ခန့်ပါဝင်သော တပ်ဖွဲ့သည် ဖားကန့်- တနိုင်း အဆင်း၊ အတက် မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံ လျက်ရှိကြောင်းသိရသည်။

ယခုလ ဇန်နဝါရီလ ၂၁ ရက်နေ့ ယမန်နေ့နံနက် ၈နာရီခန့် အချိန်က ကေအိုင်အေ ရင်း(၁၁) မှ ဗိုလ်အဆင့်ရှိသူ ဦးလှရွှေ ခေါင်းဆောင်သော တပ်ဖွဲ့သည် ဖားကန့်-တနိုင်း အဆင်း၊ အတက် ကား(၁)စီးလျှင် ငါးသောင်းကျပ် မှ နှစ်သိန်းငါးသောင်းကျပ် ထိကောက်ခံလျက်ရှိကြောင်း အဆိုပါ လမ်းအတွင်း ပြေးဆွဲနေသော ကားသမားများထံမှ သိရှိရသည်။

“ကေအိုင်အေ တပ်ဖွဲ့က ကျွန်တော်တို့ကားသမား တွေဆီကနေ ပိုက်ဆံကောက်တယ် ၊ ကားတစ်စီးကို ငါးသောင်းကနေ နှစ်သိန်းငါးသောင်းကျပ် ထိကောက်ပါတယ်၊ အရင်ကသူတို့ ဆီမှာ ပိုက်ဆံပေးခဲ့ဖူးတဲ့သူ တွေကျတော့ သက်သေခံ ကဒ်ပြားပြရင် နှစ်သောင်း ကနေ သုံးသောင်း အထိပေးရတယ်” ဟု အဆိုပါ လမ်းတွင်ပြေးဆွဲနေသော ကားသမားတစ်ဦးကပြောသည်။

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေမှ ဖားကန့် -တနိုင်းလမ်းအတွင်း ကားသမားများထံမှ ယခုကဲ့သို့ ငွေးကြေးကောက်ခံနေမှု သည် မကြာခဏ ကောက်ခံမှုများရှနေပြီး ယခုလ(၁၁)ရက်နေ့တွင် တစ်ကြိမ် (၁၃)ရက်နေ့ (၁၆)ရက်နေ့တွင်နှစ်ကြိမ် နှင့် ယမန်နေ့ ၂၀ရက်နေ့တွင် တစ်ကြိမ်ဖြစ်ပြီး  ယခုလအတွင်းတွင် လေးကြိမ်းတိုင် ရှိနေပြီး ဖြစ်ကြောင်းသိရသည်။

လွမ်းအောင် / EPN
https://www.facebook.com/epngnews/

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork