ထိုင်း အနှိပ်ခန်းတစ်ခုကနေ အခမဲ့ဝန်ဆောင်မှုယူထားတဲ့ အစိုးရ အရာရှိတွေကို စစ်ဆေး - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ထိုင်း အနှိပ်ခန်းတစ်ခုကနေ အခမဲ့ဝန်ဆောင်မှုယူထားတဲ့ အစိုးရ အရာရှိတွေကို စစ်ဆေး

ထိုင်း အနှိပ်ခန်းတစ်ခုကနေ အခမဲ့ဝန်ဆောင်မှုယူထားတဲ့ အစိုးရ အရာရှိတွေကို စစ်ဆေး



ထိုင်းနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို လိင်မှုဆိုင်ရာလုပ်ငန်းတွေမှာ အဓမ္မ ထည့်သွင်း ခိုင်းစေထားတဲ့ အနှိပ်ခန်းတစ်ခုကနေ တရားမဝင် အခမဲ့ဝန်ဆောင်မှုရယူထားတဲ့ ရဲအရာရှိ ၅ ယောက်နဲ့ လူကုန်ကူးမှုနှိမ်နင်းရေးအရာရှိတစ်ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘန်ကောက်မြို့က ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခွင့်မရှိတဲ့နေရာမှာ ဖွင့်ထားတဲ့ 'Victoria Secret' ဆိုတဲ့ အနှိပ်ခန်းကို ရဲက ရုတ်တရက် ဝင်ရောက်ရှာဖွေခဲ့ရာမှာ မြန်မာ၊ လာအို၊ တရုတ်နဲ့ ထိုင်းနိုင်ငံက လိင်အလုပ်သမ ၁၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ဟာ အသက် ၁၈ နှစ်အောက် အရွယ် တွေဖြစ်ပြီး လိင်လုပ်ငန်းမှာ အဓမ္မ ခိုင်းစေခံရသူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲက သိမ်းဆည်းခဲ့တဲ့ အနှိပ်ခန်းရဲ့ စာရင်းစာအုပ်ထဲမှာ အဲဒီနယ်မြေက ရဲအရာရှိ ၅ ယောက်အပါအဝင် အစိုးရ အရာရှိ ၂၀ ကျော်ဟာ အဲဒီအနှိပ်ခန်းမှာ အခမဲ့ မူးယစ်သောက်စားခဲ့ပြီး အနှိပ်ခံခဲ့တယ်ဆိုတဲ့ စာရင်းကို တွေ့ရ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။ အဲဒီအရာရှိစာရင်းထဲမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ အရာရှိတစ်ဦးနဲ့ အခွန်ဌာန အရာရှိတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အနှိပ်ခန်းက ကွန်ပျူတာစာရင်းကို စစ်ဆေးခဲ့ပြီး၊ သိမ်းဆည်းမိတဲ့ စာရွက်စာတမ်းနဲ့ စာရင်းတွေဟာ အစစ် အမှန်တွေ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ကွန်ပျူတာစာရင်းအရ နောက်ထပ် အစိုးရအရာရှိတွေကို ဆက်လက်စုံစမ်းစစ်ဆေးမယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork