၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပန်ဆယ်လို ရဲစခန်းမှာ ထွက်ဆိုချက်ပေး
13 January 2018 20:45(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
|  | 
| ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်/ Photo:Thant Zin Oo/RFA | 
ကိုယ့်ကိုကိုယ် အပြည့်အ၀ယုံကြည်မှုရှိလို့ အခုလို ကိုယ်တိုင်ရှင်းလင်း ထွက်ဆိုချက်ပေးတာဖြစ်တယ်လို့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥက ပြောပါတယ်။
ပန်ဆယ်လိုဟာ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ရိုက်နှက်ခံရတဲ့ ဆရာတော် ဦးဣန္ဒနဲ့ ပတ်သက်လို့ သူ့ရဲ့ဖေ့ဘွတ်စ်မှာ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးညှိုးနွမ်းအောင် ရေးသားမှု၊ ဦးဝီရသူ (ခ) ဦးဝိစိတ္တာဘိဝံသကို ကြိမ်ဖန်များစွာ စော်ကားရေးသားမှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက အကြည်ညိုပျက်အောင် စော်ကားရေးသားမှု စတဲ့အချက်တွေနဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ ဦးမောင်မောင်တာက တရားလိုပြုလုပ်ပြီး တိုင်ကြားထားတာဖြစ်ပါတယ်။
ပန်ဆယ်လိုရဲ့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်ကတော့ တိုင်ကြားစာတွေမှာ ဥပဒေအရ ကိုယ်စားလှယ် လွှဲစာမပါတဲ့အတွက် ဖြေရှင်းဖို့မသင့်လို့ အမှုပိတ်သိမ်းဖို့ တင်ပြခဲ့ တယ်လို့ ပြောပါတယ်။
ဦးမောင်မောင်တာက တရားလိုပြုလုပ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပန်ဆယ်လို ရေးသားခဲ့တဲ့ စာစုတွေ၊ ပန်ဆယ်လိုရဲ့ မှတ်ချက် မှတ်တမ်း ၆ ရွက်တို့နဲ့အတူ ပူးတွဲတိုင်ကြားထားတာဖြစ်ပြီး တာမွေရဲစခန်းက ပ/၂၀၂၃ နဲ့ အမှုလက်ခံထားတာဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်လိုက်ပေမယ့် ထူးခြားမှုမရှိဘဲ ဒီနေ့အချိန်ထိ ၆၆(ဃ)နဲ့ တရားစွဲခံရသူတွေဟာ အရင်အစိုးရလက်ထက်မှာ အမှု ၁၀ ခုကျော်နဲ့ လက်ရှိအစိုးရလက်မှာ အမှု ၉၀ ကျော်ရှိလာပြီဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလုပ်ဆောင်နေတဲ့ Free Expression Myanmar (FEM)အဖွဲ့ကလည်း သူတို့ရဲ့ ၂ နှစ်ကြာပြုစုထားတဲ့စာရင်းအရ တရားစွဲဆိုခံရတဲ့ အမှု ၁၀၆ မှုမှာ အားလုံးဟာ ငွေဒဏ်နဲ့မပြီးပဲ ထောင်ဒဏ်သာ ချမှတ်ခံရလို့ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းသင့်တဲ့အပြင် အခြားသော အီလက်ထရောနစ် ဥပဒေတွေကိုလည်း ပြင်ဆင်သင့်တယ်လို့ အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
 
 
 
 
 
 
 
 အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
No comments:
Post a Comment