ပဲခူးတိုင်းဝန်ကြီး ၂ ဦး နှုတ်ထွက်ခွင့်ပြု - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ပဲခူးတိုင်းဝန်ကြီး ၂ ဦး နှုတ်ထွက်ခွင့်ပြု


ပဲခူးတိုင်းအစိုးရအဖွဲ့ထဲက သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာ ရေးနဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို သူတို့ရဲ့သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တဲ့အကြောင်း သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၁၁ ရက် ကြာသပတေးနေ့ရက်စွဲနဲ့ အမိန့်ကြေညာချက်တခု ထွက်လာပါ တယ်။

အခုနုတ်ထွက်တဲ့ တိုင်းဒေသကြီးအစိုးရ ၀န်ကြီးနှစ်ဦးနဲ့ဆိုရင် နုတ်ထွက်သွားတဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူ စုစုပေါင်း ၆ ဦး ရှိသွားပါပြီ။ ဇန်န၀ါရီလ ၉ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မကွေးတိုင်းက စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့ကို နုတ်ထွက်ခွင့်ပြုတဲ့ အမိန့်ကြေညာ စာတွေကိုလဲ အသီးသီး ထုတ်ပြန်ထားတာပါ။

NLD ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးတဲ့နောက် ဒေသဆိုင်ရာ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ အခုလောက်အရေအတွက်နဲ့ နုတ်ထွက်တာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork