(၁) Beyoncé
(၂) Priyanka Chopra
(၃) Taylor Hill
(၄) Emma Watson
(၅) Dakota Johnson
(၆) Hillary Clinton
(၇) Margot Robbie
(၈) Angelina Jolie
(၉) Fahriye Evcen
(၁၀) Alexandra Daddario
shweinnlay
(Unicode)
၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံးအမျိုးသမီးဆယ်ဦး
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကမ္ဘာကျော်အမျိုးသမီးများစွာထဲကမှ ရွေးချယ်ခြင်းခံလိုက်ရတဲ့ အမျိုးသမီးဆယ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသမီးများ အဖြစ်ဖော်ပြခြင်းခံခဲ့ရတဲ့သူတွေကတော့….(၁) Beyoncé
ဝိုးးး….. နံပါတ်တစ်နေရာကို ဦးဆောင်ထားတာကတော့ ဘီယွန်စေးပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူ ကမ္ဘာကျော်အဆိုတော် တစ်ဦး ဖြစ်တယ်ဆိုတာကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။
(၂) Priyanka Chopra
ဘောလိဝုဒ်စတားတစ်ယောက်ဖြစ်တဲ့ ပရီယန်ကာချိုပရာ ကတော့နံပါတ် ၂နေရာမှာ ရှိနေပါတယ်။ သူမကတော့ ၂၀၀၀ခုနှစ်က မယ်စကြာဝဠာမှာ ဆုပေါင်းများစွာကို ရရှိထားသူပဲ ဖြစ်ပါတယ်။ အခုခါမှာဆိုရင်တော့ သူမက ကမ္ဘာကျော်အိန္ဒိယမင်းသမီးတစ်ဦး ဖြစ်နေပါပြီ။
(၃) Taylor Hill
Vitoria Secret’ Fashion Show ရဲ့ နတ်သမီးတစ်ပါးလို့ ဆိုနိုင်ပါတယ်။ ဖက်ရှင်ရှိုးပွဲကို မလွတ်တမ်း ကြည့်ရှုတဲ့သူတွေတော့ တေလာဟေးလ်ကို စိမ်းမယ်မထင်ပါဘူး။ အမေရိကန်နိုင်ငံသူဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက ဖက်ရှင်လောကထဲ ဝင်ရောက်ခဲ့သူပါ။
(၄) Emma Watson
ဟယ်ရီပေါ်တာဇာတ်ကားထဲက အဓိကမင်းသမီးဖြစ်တဲ့ အမ်မာဝက်ဘ်ဆန်ကတော့ ၂၀၁၇ခုနှစ်ရဲ့ အချောဆုံးအမျိုးသမီးစာရင်းထဲမှာ နံပါတ် ၄နေရာချိတ်ပါတယ်။ ဗြိတိန်နိုင်ငံသူလေး အမ်မာဝက်ဘ်ဆန်ရဲ့ ချစ်စဖွယ်ဟန်ပန် အမူအရာက ပုရိသများရဲ့ အသည်းကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။
(၅) Dakota Johnson
Miss Gloden Globe 2006 မှာ ဆုရရှိခဲ့သူဖြစ်ပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူပါ။ ဒါကိုတာဂျွန်ဆန်က ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားတွေဖြစ်တဲ့ The Social Network, Beastly, Need for speed စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
(၆) Hillary Clinton
အမေရိကန်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဟယ်လာရီကလင်တန်ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ သူမဟာလည်း ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့အတွက် အချောဆုံးအမျိုးသမီး စာရင်းထဲမှာ ပါဝင်နေပါတယ်။
(၇) Margot Robbie
သြစတြေးလျနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးတစ်ဦး၊ ထုတ်ဝေသူတစ်ဦးဖြစ်တဲ့ မာဂေါ့ဒ်ရော်ဘီကတော့ နံပါတ် ခုနစ် နေရာမှာ ရပ်တည်နေပါတယ်။ သူမက အနုပညာလောကထဲကို ၂၀၀၀ခုနှစ်ကတည်းက ဝင်ရောက်အခြေချခဲ့သူဖြစ်ပြီး ဗြိတိန်ဒါရိုက်တာတစ်ဦးနဲ့ ၂၀၁၆ခုနှစ်မှာ လက်ထက်ခဲ့ပါတယ်။
(၈) Angelina Jolie
အိမ်ထောင်ရေးပြဿနာများနဲ့ ကျန်းမာရေးပြဿနာမျိုးစုံကို ရင်ဆိုင်နေရတဲ့သူမဟာ လှမြဲ လှဆဲပါပဲ။ အိန်ဂျလီနာဂျိုလီဟာ ဟောလိဝုဒ်လောကမှာ ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်ပြီးတော့ ၂၀၁၇ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသမီးများ စားရင်းမှာတေတာ့ နံပါတ် ၈နေရာမှာ ရှိနေပါတယ်။
(၉) Fahriye Evcen
ဖယ်ရီအီဗ်ဆန်ကို ဂျာမနီမှာ မွေးဖွားခဲ့တာဖြစ်ပြီး Turkish actress ပဲဖြစ်ပါတယ်။ သူမဟာ ကမ္ဘာကျော် အလှကုန်ဘရန်းတစ်ခုဖြစ်တဲ့ Loreal Paris ရဲ့ မျက်နှာသစ်မော်ဒယ်လ်တစ်ဦးလည်း ဖြစ်ပါတယ်။
(၁၀) Alexandra Daddario
အသက် ၁၆နှစ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်ခဲ့သူ အလက်ဇမ်းဒရားဒက်ဒရီယို ကတော့ နံပါတ် ၁၀နေရာမှာ ရပ်တည်နေပါတယ်။ သူမက အမေရိကန်တီဗီစီးရီး တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
shweinnlay
No comments:
Post a Comment