မြန်မာ ရုရှား တိုက်လေယာဉ် အရောင်းအဝယ် အမေရိကန် ဝေဖန် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

မြန်မာ ရုရှား တိုက်လေယာဉ် အရောင်းအဝယ် အမေရိကန် ဝေဖန်

မြန်မာ ရုရှား တိုက်လေယာဉ် အရောင်းအဝယ် အမေရိကန် ဝေဖန်


လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်တပ်ကို ရုရှားက လက်နက် တပ်ဆင်ပေးချင်နေတယ်လို့ အမေရိကန် စွပ်စွဲ
မြန်မာနိုင်ငံကို ရုရှားက တိုက်လေယာဉ်တွေ ရောင်းဖို့ သဘောတူလိုက်တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန်က ဝေဖန် ပြောဆိုလိုက်ပြီး ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်ကို လက်နက် တပ်ဆင်ပေးဖို့ ရုရှားအစိုးရက စိတ်ဆန္ဒ ရှိနေတယ် ဆိုတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ရုရှားဆီက (Su-30) အမျိုးအစား တိုက်လေယာဉ် ၆စီးကို မြန်မာ စစ်တပ်က ဝယ်မယ် ဆိုတဲ့ အကြောင်း ရုရှား သတင်းမီဒီယာတွေမှာ အခုသီတင်းပတ် အစောပိုင်းက ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေဆဲ ဒုက္ခသည် ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့အတွက် ဒီသဘောတူချက်ကို ပြန်သုံးသပ်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က နှစ်နိုင်ငံစလုံးကို တိုက်တွန်းလိုက်ပါတယ်။

မနှစ်တုန်းက ရခိုင်ပြည်နယ်မှာ လုံခြုံရေး စခန်းတွေ အတိုက်ခိုက်ခံရတာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာ စစ်တပ်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ခဲ့ရာမှာ ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork