ရီမုမိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ရီမုမိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

ရီမုမိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ


အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ရီမုမိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော် ၊ ဇန်န၀ါရီ - ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း မိုင်တိုင်အမှတ်၊ ၂၉/ ၇ နှင့် ၂၉/၈ အကြား၌ လားရှိုး-မိုးမိတ် ခရီးသည်ပို့ဆောင်ရေးယာဉ် အသင်းမှ ဦးအောင်ပု မောင်းနှင်၍ ခရီးသည် ၁၀ ဦးလိုက်ပါလာသည့် HIACE အမျိုးအစား ခရီးသည်တင်ယာဉ်အမှတ်၊ MDY 1E/--- သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ က လားရှိုးမှ မိုးမိတ်သို့ ထွက်ခွာလာစဉ် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်းပေါက်ကွဲမှုကြောင့် ခရီးသည်တင်ယာဉ်နှင့် ခရီးသွား ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


လားရှိုးမှ မိုးမိတ်သို့ ထွက်ခွာလာစဉ် ဇန်န၀ါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့် အကွာသို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့မှ ထောင်ထားသော ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်၏ညာဘက်ခြမ်း မိုင်းစများထိမှန်ပြီး ယာဉ်ကိုယ်ထည်နှင့် ဘေးမှန်များ ထိခိုက် ပျက်စီးခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်သည့် မနွယ်နွယ်မြင့်၊ မဇင်မာနွယ်နှင့် မောင်ရာဂျား တို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ အဆိုပါနေရာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

  CD သစ်ထူးလွင်

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork