ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး မြန်မာအပေါ် ကုလ တိုက်တွန်းပြန် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး မြန်မာအပေါ် ကုလ တိုက်တွန်းပြန်

ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး မြန်မာအပေါ် ကုလ တိုက်တွန်းပြန်


ဒုက္ခသည် လွှဲပေးရေး ကြန့်ကြာနေ
ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်နိုင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေ အခုအချိန်ထိ ကင်းမဲ့နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထောက်ပြ ပြောဆို လိုက်ပါတယ်။

အကူအညီပေးရေး အဖွဲ့တွေ အပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး၊ သတင်းမီဒီယာတွေနဲ့ စောင့်ကြည့်ရေး အဖွဲ့တွေလည်း လွတ်လွတ် လပ်လပ် သွားလာခွင့် မရှိ သေးဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်ရေး အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမျိုးတွေကို မြန်မာ အာဏာပိုင်တွေဘက်က စစ်စစ်မှန်မှန် ဖြည့်ဆည်း ပေးဖို့ ထပ်မံ တိုက်တွန်း လိုက်တယ် ဆိုပြီး ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR ရဲ့ ပြောခွင့်ရ အေဒရီယန် အက်ဒ်ဝပ်စ်က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။
အကူအညီပေးရေး အဖွဲ့တွေ အပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ဆက်လက် ရှိနေ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က အကြံပြု ထားတာတွေကို အပြည့်အဝ အကောင်အထည် ဖော်ဖို့လည်း အင်မတန် အရေးကြီး ကြောင်းလည်း ကုလသမဂ္ဂက ထပ်လောင်း ပြောဆို ခဲ့ပါတယ်။

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ရာ အထောက်အကူ ဖြစ်စေဖို့ ဆိုပြီး မြန်မာ အစိုးရက ခန့်အပ်ထားတဲ့ အကြံပေးအဖွဲ့ရဲ့ ခေါင်းဆောင် ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆာသီယန် ထိုင်း မြန်မာပြည်မှာ ရောက်နေပါတယ်။

ဒုက္ခသည် လွှဲပြောင်းရေး စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူထားတဲ့ ဇန်နဝါရီ ၂၂ ရက် နေ့မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည် ဝင်ရောက် လာတာမျိုး တကယ် မရှိ သေးပါဘူး။

ဒုက္ခသည် ပြန်လည် လက်ခံရေးကို သတင်းယူဖို့ ဘီဘီစီ သတင်းထောက်တွေ အပါအဝင် ပြည်တွင်း မီဒီယာတချို့ အစိုးရ အစီအစဉ်နဲ့ ရခိုင် မြောက်ပိုင်းကို ရောက်ရှိ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork