ဝတွေထုတ်တဲ့ ရာဘ ၁၁ သန်း ထိုင်းဖမ်းဆီး
![]() |
| ဝတွေထုတ်တဲ့ ရာဘ ထိုင်းဖမ်းဆီး |
လာအိုနိုင်ငံကနေ မူးယစ်ဆေးဝါးဂိုဏ်းဝင်တွေ သယ်ဆောင်လာတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁၁ သန်းကို မဲခေါင်မြစ်အတွင်း ထိုင်းနယ်စပ်အရောက်မှာ ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းရေတပ်က ကြာသပတေးနေ့ မနေ့က ကြေညာခဲ့ပါတယ်။
Nakhon Phanom နခွန်ဖနွမ် ဆိပ်ကမ်းမှာ တနင်္လာနေ့ညက ဖမ်းမိခဲ့တဲ့ အဲဒီ ရာဘ ခေါ် မူးယစ်ဆေးတွေဟာ ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့်တန်ဖိုးရှိပြီး အိတ် ၃၇ အိတ်နဲ့ ထည့်သွင်းသယ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဆေးပြားတွေပေါ်မှာ ၉၉၉ ကိုးသုံးလုံးတံဆိပ်တွေ ရိုက်နှိပ်ထားတဲ့အတွက် မြန်မာနိုင်ငံနယ်ခြားဒေသမှာနေထိုင်တဲ့ ဝတိုင်းရင်းသားအဖွဲ့တွေက ထုတ်လုပ်ခဲ့တာဖြစ်ကြောင်းလည်း ထိုင်း ရေတပ်က ထုတ်ပြန်ပြောကြားပါတယ်။
လူဆိုးဂိုဏ်းတွေဟာ မူးယစ်ဆေးဝါးတွေကို အကျင့်ပျက်အရာရှိတွေ လာဘ်ပေးလို့ အင်မတန်လွယ်ကူတဲ့ လာအိုနိုင်ငံကနေတဆင့် အခုတင်သွင်းနေကြတယ်လို့လည်း ထိုင်း အရာရှိက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese

No comments:
Post a Comment