လူနာတင်ယာဉ်များ အရေးပေါ်သွားနေချိန် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်နိုင်ကာ ကူညီရှင်းလင်းဆောင်ရွက်လျှက်ရှိ - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

လူနာတင်ယာဉ်များ အရေးပေါ်သွားနေချိန် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်နိုင်ကာ ကူညီရှင်းလင်းဆောင်ရွက်လျှက်ရှိ


-----------------------------
လူနာတင်ယာဉ် များမှ Accident ဖြစ်ပွားသော လူနာများ၊ ဒဏ်ရာအပြင်းအထန်ဖြင့် အရေးပေါ် လူနာများ ပို့ဆောင်နေချိန်တွင် ယာဉ်လမ်းကြောင်းများ ပိတ်ဆို့နေ ပါက ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်ကာ အကူအညီ တောင်းခံနိုင်ပြီး တာဝန်တစ်ရပ်အနေဖြင့် အရေးပေါ် လူနာတင်ယာဉ်များကို အမြန်ဆုံး ဆေးရုံသို့ ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနေပြီး

အရေးပေါ် လူနာတင်ယာဉ် များအတွက် Emergency လမ်း သီးသန့် မပေးနိုင်သေးသော်လည်း အရေးပေါ် ဖြစ်နေချိန်အတွင်း ဆေးရုံ သို့ မည်သည့်လမ်းကြောင်းမှ သွားမည်ကို ဖုန်းဖြင့်ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ကြိုတင်ပြော ကြားနိုင်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အဆိုပါလမ်းကြောင်း အတွင်း အမြန်ဆုံးသွားရောက်နိုင်ရန် ကူညီဆောင်ရွက် ပေးနေပြီ  ဖြစ်ကြောင်း

" သီးသန့်လမ်းကမပေးနိုင်သေးဘူးဆိုတော့ကျွန်တော်တို့ အနေနဲ့ဒဏ်ရာအပြင်းအထန် ရထားတဲ့ လူနာတွေ၊ ဝေဒနာတွေခံစားနေရတဲ့ လူနာတွေကို ဆေးရုံကိုအမြန်ဆုံး ရောက်စေချင်တယ်။ အဲ့ဒီအတွက် ပရဟိတလုပ်တဲ့ လူနာတင်ယာဉ်၊ ဆေးရုံက ယာဉ်တွေအနေနဲ့ ဘယ် လမ်းကြောင်းကနေ  ဘယ်ဆေးရုံကို သွားမယ်ဆိုတာကို ကြိုတင်ဖုန်းလှမ်း ဆက်နိုင်ပါတယ် အဲ့ဒီယာဉ်ကို အ မြန်ဆုံးသွားနိုင်အောင်  ကူညီရှင်းလင်းဆောင်ရွက်ပေး နေပါပြီယာဉ်ထိန်းရဲတပ်ဖွဲ့ တွင်း၌ သူနာပြုတပ်စိတ် သီးသန့်ထားရှိပေး ထားကာ ဆက်သွယ်ရမည့် ဖုန်း နံပါတ်များ ထုတ်ပြန်ထားပြီး အကူ အညီတောင်းခံလျှင် ဆက်သွယ်ရေး စက်များဖြင့် မည်သည့်လမ်းကြောင်း မှ သွားရောက်မည်ကိုရှင်းလင်းဆောင်ရွက်ပေးနေကြောင်း ပရဟိတ လူနာတင်ယာဉ်များ ကို မောင်းနှင်သူများအနေဖြင့် ပရဟိတ  စေတနာ့ဝန်ထမ်း လုပ်ကိုင်နေ
သော်လည်း မော်တော်ယာဉ် ဥပဒေ များအတိုင်း လိုက်နာမောင်းနှင်စေချင်ကာ

Accident တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက ဥပဒေကြောင်းအရ ကင်းလွတ်ခွင့်  မရနိုင်ကြောင်း သူတို့က စေတနာ့ ဝန်ထမ်း တွေဆိုတော့ လူနာကိုဆေးရုံကို အမြန်ဆုံး ရောက်စေချင်မှာပဲ။ ဒါပေ မယ့် ဥပဒေအတိုင်း လိုက်နာ စေချင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့က လူနာ တင်ယာဉ်တွေကို တာဝန်တစ်ရပ်အနေ နဲ့ ယာဉ်ကြောရှင်းလင်းဆောင်ရွက် ပေးနေတဲ့အတွက် အကူအညီရယူနိုင်ပါပြီ။

တကယ့်ကို အရေးပေါ်ဖြစ်နေ လို့ လမ်းပြောင်းပြန်မောင်းရမယ့် အရေးဆိုရင်လည်း ကျွန်တော်တို့ ဆွဲ ထုတ်ပေးပါ့မယ်။ ဒါပေမယ့် ယာဉ် ထိန်းရဲတပ်ဖွဲ့ကို အ


ကူအညီ တောင်းခံ ထားတာမျိုးမဟုတ်ဘဲ မောင်းတာ မျိုးမရှိစေချင်ဘူး။

အရေးပေါ်လူနာတင်ယာဉ်များမှမည်သည့်လမ်းကြောင်း မှ မည်သည့် ဆေးရုံသို့သွားမည်ကို

ဖုန်းနံပါတ်
၀၁ ၅၀၀၀၀၅၊
၀၁ ၄၈၅၀၀၆၊
၀၁ ၄၈၅၀၀၇

သို့ ကြိုတင်ဖုန်းဖြင့် အကူ အညီတောင်းခံနိုင်ကာ လမ်းမများပေါ် တွင် ယာဉ်မောင်းနှင်နေသော ပြည်သူများအနေဖြင့်လည်း အရေးပေါ်လူနာတင်ယာဉ်များကို အမြန်ဆုံးသွား ရောက်နိုင်စေရန် ယာဉ်များအား လမ်းဘေးသို့ချရပ်ပေးခြင်းဖြင့် ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း    

မိဘပြည်သူများယာဉ်အန္တရာယ်မှကင်းဝေးပါစေ
#နန်းရအောင်

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork